Alpha Premium

Yoon Ga-hyun

Oasis (2002) 7.9
Oasis (2002) Oasis (2002) =========== IMDB = 7.9 out of 10 Rotten Tomatoes = 90 out of 100 Directed By Lee Chang Dong တောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့ လုံးဝထင်စရာမရှိတ‌ဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။ အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။ လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။ Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။ Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။ သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရ‌ှိဘူးလို့လည်း ဆိုပါတယ်။ ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့် ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။ သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။ သူမှားတာ‌တော့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။ ဒါပေမယ့် ...
7.9
IMDB: 7.9/10 7,612 votes
movie

Oasis (2002)

2002
Premium
Memories of Murder (2003) 8.1
Memories of Murder (2003) Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက “မရေရာမှု “ပဲ။အီးလိုဆို “Doubtful”လား “Inconclusively “လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံ းတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော စိတ်ထဲငြိနေတာ “Memories Of Murder “ဆိုတဲ့ ကိုရီးယားရုပ်ရှင်ကားပါ။ဒီကားကို ပုံဖော်ရိုက်ကူးတဲ့ ဒါရိုက်တာ Bong Joon-ho ကို ဟောလိဝုဒ်ကတောင် လက်ခံတာလည်း မပြောနဲ့။သူဖန်တီးသမျှ လက်ရာတွေကလည်း တကယ်ကို ကောင်းလွန်းပါတယ်။အခုဇာတ်ကားကို ကြို က်နှစ်သက်ရတဲ့ အဓိကအချက်ကလည်း ဘယ်အရာမှ တသမတ်တည်း သတ်မှတ်နေလို့မရတဲ့ အမြင်ဖလှယ်မှု ...
8.1
IMDB: 8.1/10 125,162 votes
movie

Memories of Murder (2003)

2003
Premium

Release year

Genres

Release year