Alpha Premium

Zahra Doumandji

Papicha 7.2
Papicha ၁၉၀၀ ပြည့်နှစ်တွေဟာ အယ်ဂျီးရီးယားလို နိုင်ငံမျိုးမှာ အမျိုးသမီးတွေအတွက်တော့ လမိုက်ညတွေလိုပါပဲ။ ဘာသာရေး အစွန်းရောက်တွေ၊ ပြည်တွင်းစစ်တွေကြားမှာ အမျိုးသမီးတွေဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာပါတယ်။ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်၊ ပြောဆိုခွင့်၊စာသင်ကြားခွင့်၊ အလုပ်လုပ်ပိုင်ခွင့်တွေဟာ အမျိုးသမီးတွေနဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားကြတဲ့ အချိန်ကာလတွေပါပဲ။ အမျိုးသမီးတွေရဲ့ တာဝန်ဟာ အိမ်တွင်းပုန်း သန့်ရှင်းရေးလုပ် ကလေးမွေးပေးရင် ရပြီလို့ ယူဆကြတဲ့ အချိန်ပါ။ ဒီ Papicha ဆိုတဲ့ ကားလေးကတော့ အဲ့ဒီကာလမှာ ကြီးပြင်းလာတဲ့ အမျိုးသမီးလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ပြင်သစ်ကားလေးဖြစ်ပြီး ဆုတွေရထားတဲ့ ကားလေးပါ။ ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားပါတယ်။ ဒါရိုက်တာကိုယ်တိုင် အမျိုးသမီးဖြစ်လို့ အဲ့ခေတ်က အမျိုးသမီးတွေရဲ့ ခံစားရချက်တွေကို တွေ့မြင်ခံစားရမှာပါ။ နီဂျီမာဟာ လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ ကြီးပြင်းလာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အမေနဲ့ အစ်မကိုယ်တိုင်က လွတ်လပ်စွာ တွေးခေါ်ခွင့် လုပ်ပိုင်ခွင့်တွေကို အားပေးကြတာပါ။ သူ့အိမ်မက်ကတော့ အမျိုးသမီးတွေဟာ လွတ်လပ်စွာ ...
7.2
IMDB: 7.2/10 697 votes
movie

Papicha

2019
720p

Release year

Genres

Release year