Alpha Premium

Abhishek Sengupta

Fukrey (2013) 6.9
Fukrey (2013) ##unicode ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ "Fukrey" ဆိုတဲ့ အိန္ဒိယဟာသကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဟန်နီနဲ့ ချူချက်ဟာ အရမ်းကိုခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ပြီးတော့ သွားအတူလာအတူ ဆိုးအတူနေကြတာဖြစ်ပါတယ် ချူချက်မှာသူများနဲ့မတူတဲ့ အားသာချက်တစ်ခုရှိပါတယ် အဲဒါကတော့ သူ့ရဲ့အိပ်မက်ကနေ အမြဲတမ်းထီထိုးဖို့အတွက် နံပါတ်ကောက်လို့ရတာဖြစ်ပါတယ် ဟန်နီကလည်း ချူချက်အိပ်မက်မက်ပြီဆိုတာနဲ့ အမြဲတမ်း နိမိတ်ကောက် ထီထိုးတတ်ပြီး အမြဲတမ်းလည်း အနိုင်ရခဲ့ပါတယ် ဒီလိုနဲ့တစ်ရက်မှာတော့ ချူချက် ဟန်နီတို့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပိုက်ဆံလိုနေတဲ့ ဇာဖာနဲ့ လာလီတို့နှစ်ယောက်ပါ ပေါင်းပြီး ဒီစွမ်းရည်ကိုအသုံးချကာ ပိုက်ဆံရှာနိုင်ဖို့ကြိုးစားကြပါတယ် ဒါပေမယ့် ထီထိုးဖို့အတွက် ရင်းနှီးမြှုပ်နှံသူလိုအပ်တာကြောင့် နာမည်ကြီးတရားမဝင်လုပ်ငန်းတွေလုပ်နေတဲ့ ဘိုလီ့ဆီကို ချဉ်းကပ်ခဲ့ပါတော့တယ် အလွယ်လမ်းကို လိုက်ခဲ့ကြတဲ့ ဒီလေးယောက် ဘယ်လိုပြဿနာတွေကြုံတွေ့ရဦးမလဲ၊ ချူချက်ရဲ့အိပ်မက်က ဒီတစ်ခေါက်မှာရော အမှန်တကယ်ဖြစ်လာနိုင်မှာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ "Fukrey" ဆိုတဲ့ အိန္ဒိယဟာသကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဟန်နီနဲ့ ချူချက်ဟာ အရမ်းကိုခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ပြီးတော့ သွားအတူလာအတူ ဆိုးအတူနေကြတာဖြစ်ပါတယ် ချူချက်မှာသူများနဲ့မတူတဲ့ အားသာချက်တစ်ခုရှိပါတယ် အဲဒါကတော့ သူ့ရဲ့အိပ်မက်ကနေ အမြဲတမ်းထီထိုးဖို့အတွက် နံပါတ်ကောက်လို့ရတာဖြစ်ပါတယ် ဟန်နီကလည်း ချူချက်အိပ်မက်မက်ပြီဆိုတာနဲ့ အမြဲတမ်း နိမိတ်ကောက် ထီထိုးတတ်ပြီး အမြဲတမ်းလည်း အနိုင်ရခဲ့ပါတယ် ဒီလိုနဲ့တစ်ရက်မှာတော့ ...
6.9
IMDB: 6.9/10 12,825 votes
movie

Fukrey (2013)

2013

Release year

Genres

Release year