Alpha Premium

Ajit Ahuja

Kyun…! Ho Gaya Na (2004) 4.2
Kyun…! Ho Gaya Na (2004) (App member only) ##unicode ကဲ ဒီတစ်ခါ တင်ဆက်ပေးထားတဲ့ ဇာတ်ကားကတော့ "Kyun Ho Gaya Na(2004)"ဆိုတဲ့အိန္ဒိယဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာတော့ မင်းသားကြီး "Amitabh Bachchan"လည်း ပါဝင်ထားပြီး ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ အချစ်ကားလေးပဲဖြစ်ပါတယ်။ ဒီယာဟာ အမေဆုံးပါးသွားပြီးနောက် အဖေ့ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေခဲ့တဲ့ကောင်မလေးပါ။ သူဟာ သွက်သွက်လက်လက်လည်းရှိပြီး လူကြီးတွေစီစဉ်ပေးတဲ့လက်ထက်ပွဲမျိုးကို လက်မခံပဲ သူကိုယ်တိုင်ချစ်ရမဲ့သူရှိလာမှသာ လက်ထက်မယ်လို့ဆုံးဖြတ်ထားပါတယ်။ အာဂျွန်ကတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ ဒီယာနဲ့ဆန့်ကျင်စွာပဲ သူကတော့ လူကြီးမိဘတွေစီစဉ်ပေးတဲ့လက်ထက်ပွဲကိုပဲလက်ခံဖို့ဆုံးဖြတ်ထားခဲ့တယ်။ ဒီယာရဲ့အဖေနဲ့ အာဂျွန်ရဲ့မိဘတွေဟာလည်း မိတ်ဆွေတွေဖြစ်ကြတယ်။ တစ်နေ့တော့ ဒီယာဟာ စာမေးပွဲဖြေစရာရှိတဲ့အတွက် အာဂျွန်တို့အိမ်မှာ ခေတ္တနေထိုင်ဖို့ဖြစ်လာပါတယ်။ အဲ့ဒီလိုနဲ့ပဲ....ဒီယာနဲ့အာဂျွန်တို့ ပိုပြီးခင်မင်ရင်းနှီးလာရာကနေ....... သူတို့ရဲ့အချစ်နဲ့လက်ထက်ထိမ်းမြားချင်းအပေါ်မှာထားရှိတဲ့အမြင်တွေဟာ ဘယ်လိုများဆက်ဖြစ်သွားမလဲ၊ ဒီယာရဲ့ဦးလေးဖြစ်သူကရော ဘယ်လိုတွေပါဝင်ပတ်သက်လာမလဲ၊ ဒီယာနဲ့အာဂျွန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေချစ်သွားနိုင်ကြပါ့မလားဆိုတာ ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုလိုက်ကြပါဦးနော်။ ##zawgyi ကဲ ဒီတစ္ခါ တင္ဆက္ေပးထားတဲ့ ဇာတ္ကားကေတာ့ "Kyun Ho Gaya Na(2004)"ဆိုတဲ့အိႏၵိယဇာတ္ကားေလးပါ။ ဒီဇာတ္ကားထဲမွာေတာ့ မင္းသားႀကီး "Amitabh Bachchan"လည္း ပါဝင္ထားၿပီး ေပါ့ေပါ့ပါးပါးၾကည့္ရႈရမဲ့ အခ်စ္ကားေလးပဲျဖစ္ပါတယ္။ ဒီယာဟာ အေမဆုံးပါးသြားၿပီးေနာက္ အေဖ့ရဲ႕ေစာင့္ေရွာက္မႈေအာက္မွာရွိေနခဲ့တဲ့ေကာင္မေလးပါ။ သူဟာ သြက္သြက္လက္လက္လည္းရွိၿပီး လူႀကီးေတြစီစဥ္ေပးတဲ့လက္ထက္ပြဲမ်ိဳးကို လက္မခံပဲ သူကိုယ္တိုင္ခ်စ္ရမဲ့သူရွိလာမွသာ လက္ထက္မယ္လို႔ဆုံးျဖတ္ထားပါတယ္။ အာဂြၽန္ကေတာ့ လြတ္လြတ္လပ္လပ္ေပါ့ေပါ့ပါးပါးေနတတ္တဲ့ ေကာင္ေလးတစ္ေယာက္ပါ။ ဒီယာနဲ႔ဆန္႔က်င္စြာပဲ ...
4.2
IMDB: 4.2/10 1,798 votes
movie

Kyun…! Ho Gaya Na (2004)

2004

Release year

Genres

Release year