Alpha Premium

Arif Khan

U-Turn (2023) N/A
U-Turn (2023) ##unicode "U-Turn (2023)"ဆိုတဲ့ အိန္ဒိယဇာတ်ကား‌လေးကို ဒီတစ်ခါတင်ဆက်ပေးလိုက်ပါတယ်။ ရာဒီကာဟာ ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့အလုပ်သင်ဆင်းနေတဲ့ အမျိုးသမီးလေးပါ။ ခုံးကျော်တံတားပေါ်မှာ လမ်းကိုပိုင်းခြားထားတဲ့တုံးတွေကို တစ်ချို့ဆိုင်ကယ်သမားတွေဟာ နေရာရွှေ့ကာ ဂငယ်ကွေ့ကွေ့ပြီးမောင်းကြတယ်။ ဒါပေမယ့် အဲဒီဘလော့တုံးတွေကို သူ့နေရာသူပြန်မထားတဲ့အခါမှာ ကားတွေဟာ အဲဒါတွေကြောင့် အက်ဆီးဒန့်တွေဖြစ်လာခဲ့တယ်။ ရာဒီကာဟာ သူပြင်ဆင်နေတဲ့ဇာတ်လမ်းအတွက် အဲဒီအကြောင်းအရာတွေကို စုံစမ်းနေသူပါ။ တစ်နေ့ ခုံးကျော်တံတားပေါ်မှာ ဂငယ်ကွေ့ကွေ့သွားတဲ့ ဆိုင်ကယ်သမားဒီပါ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ရာဒီကာကို ရဲတွေက သံသယဝင်ကာ စခန်းကိုခေါ်ဆောင်သွားတဲ့အခါမှာတော့..... ရာဒီကာဟာ ရဲတွေကို ဘယ်လိုရှင်းပြမလဲ၊ ဂငယ်ကွေ့ကွေ့သွားတဲ့ဆိုင်ကယ်သမားတွေကရော ဘယ်လိုကံကြမ္မာမျိုး ကြုံတွေ့ကြရသလဲ၊ ရာဒီကာကရော ဘယ်လိုထူးဆန်တာတွေကို ရင်ဆိုင်လာရမလဲ၊ ဘယ်လိုများရှင်းလင်းသွားမှာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာပါ။ လျှို့ဝှက်သဲဖိုဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်လျှောက်လုံး ရင်တထိတ်ထိတ်နဲ့ လိုက်ပါစီးမျောကြည့်ရှုကြရမှာပါနော်။ ##zawgyi "U-Turn (2023)"ဆိုတဲ့ အိႏၵိယဇာတ္ကား‌ေလးကို ဒီတစ္ခါတင္ဆက္ေပးလိုက္ပါတယ္။ ရာဒီကာဟာ ဂ်ာနယ္လစ္တစ္ေယာက္ျဖစ္ဖို႔အလုပ္သင္ဆင္းေနတဲ့ အမ်ိဳးသမီးေလးပါ။ ခုံးေက်ာ္တံတားေပၚမွာ လမ္းကိုပိုင္းျခားထားတဲ့တုံးေတြကို တစ္ခ်ိဳ႕ဆိုင္ကယ္သမားေတြဟာ ေနရာေ႐ႊ႕ကာ ဂငယ္ေကြ႕ေကြ႕ၿပီးေမာင္းၾကတယ္။ ဒါေပမယ့္ အဲဒီဘေလာ့တုံးေတြကို သူ႔ေနရာသူျပန္မထားတဲ့အခါမွာ ကားေတြဟာ အဲဒါေတြေၾကာင့္ အက္ဆီးဒန္႔ေတြျဖစ္လာခဲ့တယ္။ ရာဒီကာဟာ သူျပင္ဆင္ေနတဲ့ဇာတ္လမ္းအတြက္ အဲဒီအေၾကာင္းအရာေတြကို စုံစမ္းေနသူပါ။ တစ္ေန႔ ခုံးေက်ာ္တံတားေပၚမွာ ဂငယ္ေကြ႕ေကြ႕သြားတဲ့ ဆိုင္ကယ္သမားဒီပါ ...
N/A
IMDB: N/A/10 N/A votes
movie

U-Turn (2023)

2023

Release year

Genres

Release year