Alpha Premium

Balaji Sayyapureddy

Sebastian P.C. 524 (2022)
Sebastian P.C. 524 (2022) (App member only) ##unicode အခုတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ Action/Thriller အမျိုးအစား "Sebastian P.C 524" အမည်ရှိ Telugu ကားလေးပါ။ ဒီဇာတ်ကားထဲမှာတော့ သာမန်ရဲသားတစ်ယောက်ဖြစ်တဲ့ ဆာဘားတစ်ယောက် လောကဓံရဲ့အဆင်မ‌ပြေမှု အတက်အကျ များစွာထဲ နေသားတကျ ကျင်လည်လာရင်းက သူ့စိတ်နှလုံးသားကို ထိထိရှရှရိုက်ခတ်လာတဲ့ ဖြစ်ရပ်တစ်ခုနဲ ကြုံလာတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အဲဒီဖြစ်ရပ်ကတော့ လူသတ်မှုတစ်ခုနဲ့ ပတ်သတ်နေပါတယ်။ အဲဒီလူသတ်မှုမှာ သူချစ်ရတဲ့မိန်းကလေး ဟေလီ၊ သူသံယောဇဉ်ရှိတဲ့ ငယ်သူငယ်ချင်း တေဂျာနဲ့ သူ့ရဲ့မွေးရပ်မြေက ဒေသခံ ဆရာဝန်တစ်ယောက်၊ စုစုပေါင်း လူသုံးယောက်ပါဝင်နေတယ်။ သူကတော့ ရဲတစ်ယောက်ဖြစ်ပေမဲ့သူ့အမေနဲ့သူ့ငယ်သူငယ်ချင်းသာသိတဲ့ အားနည်းချက်ကြီး တစ်ခုရှိတယ်။ ဒါကိုဖုံးကွယ်ပြီး ရဲဌာနာမှာ မီးစင်ကြည့်ကရင်း အလုပ်လုပ်နေတဲ့သူပါ။ ဘာလို့လဲဆိုတော့ ဆုံးသွားတဲ့ သူ့အဖေက သူ့ကို ရဲတစ်ယောက်ဖြစ်စေချင်ခဲ့လို့ပဲ။ ဒီတော့ အဲဒီလူသတ်မှုအတွင်း သူလည်း တစ်ထောင့်‌တစ်နေရာ ပါဝင်နေတယ်။ ပြောရရင် သူ့ကြောင့် အရင်းခံပြီး ဖြစ်သွားတဲ့ လူသတ်မှုတစ်ခုပါ။ ဒါကို သူသိတဲ့နောက်မှာ ဘယ်သူသတ်လဲ ရှာဖွေဖော်ထုတ်တော့ သူ့ဘဝထဲက သူရင်းနှီးချစ်ခင်ရတဲ့သူတွေဖြစ်လာတယ်။ ဒါပေမဲ့ စစ်ဆေးဖော်ထုတ်ကြည့်တော့ အဲဒီ၃ယောက်လုံးက သူတို့မသတ်ပါဘူးတဲ့။ ဒါဆို ...
IMDB: /10 votes
movie

Sebastian P.C. 524 (2022)

Release year

Genres

Release year