Alpha Premium

Chan-wook Park

The Handmaiden 8.1
The Handmaiden Rating အမြင့်စား ကိုရီးယား ကားတစ်ကားကို ပိတ်ရက်အတွက်တင်ပေးလိုက်ပါတယ် ဒီဇာတ်ကားက Adult Section မှာ IMDb Rating 8.0 ကျော်တာကြောင့် တမူထူးခြားနေတဲ့ ၁၈+ တကားဆိုတာကိုတော့ ပရိတ်သတ်ကြီး ကြည့်သင့်မကြည့်သင့်ကို ပရိတ်သတ်ကြီးကပဲ ဆုံးဖြတ်လို့ရပါတယ် ပြီးတော့ 1 Wins & 4 Nomination ဆိုတော့ ဘာပြောကောင်းမလဲဗျာ ဇာတ်လမ်း အကျဉ်းလေးကတော့ ၁၉၃၀ ကာလ ကိုရီးယားမှာ ဂျပန်တွေကြီးစိုးနေတဲ့အချိန်ကို ရိုက်ကူးထားပြီး ဆင်ခြေဖုံးရပ်ကွက်တခုက မိန်းမချောလေး ဆိုကီးဟာ တနေ့မှာ ဂျပန်အမျိုးသမီးလူကုံထံတယောက်ရဲ့ အိမ်ဖော်အဖြစ်ငှားရမ်းခြင်းကိုခံရပြီး အစေခံအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပါတယ် ဂျပန်လူကုံထံအမျိုးသမီး ဟီဒီကို ဟာ စည်းကမ်းကြီးပြီး စနစ်ဇယားကြီးသူတယောက်ဖြစ်ပြီး သူ့ရဲ့ အစေခံ ကောင်မလေးက ရဲ့မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက် တစ်ခုက ခါးပိုက်နှိုက်တယောက်ဖြစ်ခဲ့ဖူးပြီး တရားရုံးတင်ခံရတုန်းကစ စမူအကြိုက်ဂျပန်တရားသူကြီးက ကောင်မလေးကို ဗလက္ကာယ လုပ်ပြီး ပိတ်လှောင်ခံခဲ့ရဖူးတာပါပဲဒီလိုနဲ့ တနေ့မှာ ဟီဒါကိုက သိသွားရာမှာသူတို့ ၂ယောက် ဘယ်လိုတွေစီစဉ်ပြီး ဘယ်လိုတွေများ ဆက်လတ်လှုပ်ရှားကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ ...
8.1
IMDB: 8.1/10 101,826 votes
movie

The Handmaiden

2016
Premium
Oldboy (2003) 8.4
Oldboy (2003) အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ် သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ် အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီး ရဲစခန်းရောက်သွားတယ် ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ် မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ် အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့ နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ် ၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် …..ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်း စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ် ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံးသူ့ကိုချုပ်နှောင်ထားရတာလဲ…..ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ် ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ် ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ် ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ် ဖြတ်သန်းရတဲ့ဒုက္ခ သူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေ တကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ် ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆို ကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်မရဘူး နှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ် ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက အသင့်တော်ဆုံးပါလို့အကြံပေးပါရစေ ဒါရိုက်တာ Park Chan-yongရဲ့လက်ရာမြောက်ကားတစ်ကားပါပဲ ...
8.4
IMDB: 8.4/10 495,869 votes
movie

Oldboy (2003)

2003
Premium

Release year

Genres

Release year