Alpha Premium

Chella Ayyavu

Gatta Kusthi (2022) 6.9
Gatta Kusthi (2022) ##unicode ဒီတစ်ခါမှာတော့ movieချစ်သူအားလုံးအတွက် gatta kusthiဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Kusthiဆိုတာက နပန်းအားကစားကို ညွှန်းပြချင်တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ကီသီဟာနပန်းအားကစားမယ်တစ်ယောက်ဖြစ်ပါတယ်။နပန်းမယ်တစ်ယောက်ဖြစ်တဲ့အတွက် ကီသီကိုဘယ်ကောင်လေးကမှ လက်မထပ်ရဲကြပါဘူး။ကီသီရဲ့ ရှေးရိုးဆန်တဲ့မိသားစုကတော့မိန်းမတစ်ယောက်ဟာ လက်မထပ်ပဲဘာလုပ်မှာလဲဆိုတဲ့ စကားနဲ့ ချုပ်ကိုင်ပြီး နပန်းလောကကိုစွန့်ကာအိမ်ထောင်ပြုဖို့ဖိအားပေးနေကြတာပါ။အဲ့လိုနဲ့ ကီသီ့ဉီးလေးဟာ ကီသီ့အတွက် အိမ်ထောင်ဖက်ရှာရင်းဗီရာဆိုတဲ့ လူပေါ်ကျော့တစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ဗီရာဟာ လူမျိုးကြီးဝါဒဖြစ်သူသူ့ဉီးလေးလက်အောက်မှာ ကြီးပြင်းလာရတာဖြစ်တဲ့အတွက်လူမျိုးကြီးဝါဒသမားတစ်ယောက်ပါ။ မိန်းမဆိုတာ ယောက်ျားပြောသမျှကို နာခံရမယ်။ယောက်ျားဆိုတာမိန်းမရဲ့အထက်မှာအမြဲရှိတယ်လို့ စိတ်ထဲစွဲနေတဲ့လူတစ်ယောက်ပါ။ သူက ဆံပင်အရှည်ဆုံးမိန်းမနဲ့သူ့လောက်ပညာမတတ်တဲ့မိန်းမကိုမှ ယူနိုင်မယ်လို့ ကြုံးဝါးထားတာပါ။အဲ့တော့ ကီသီ့နဲ့ပေးစားချင်တဲ့ကီသီ့ဉီးလေးက ဆံပင်တိုတိုနဲ့ကီသီ့ကို.ဆံပင်အတုတွေဝယ်ပေးတယ်။ဘွဲ့ရတစ်ယောက်ကို၇တန်းအောင်လို့ညာပြောပြီး ဗီရာနဲ့လက်ထပ်ပေးခဲ့ပါတယ်။ အသွင်မတူနဲ့လူနှစ်ယောက်အိမ်ထောင်ကျသွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုရင်မောစွာနဲ့စောင့်ကြည့်ရမှာပါ။လူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတဲ့ အမျိုးသားတစ်ယောက်နဲ့ကျားမတန်းတူအခွင့်အရေးကို လိုချင်နေတဲ့အမျိုးသမီးတစ်ယောက်တို့ရဲ့ အငြင်းအခုံတွေကိုနားထောင်ရမှာဖြစ်ပါတယ်။ အဲ့ကြားထဲမှာက ဇာတ်ကွက်တွေကို ဟာသအနှောလေးနဲ့ရိုက်ပြသွားတာဖြစ်တဲ့အတွက် မပျင်းမရိနဲ့ ကြည့်ရမယ့်ဗဟုသုတဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ‌နောက်ပိုင်းမှာအားကစားသမားတွေရဲ့ဘဝအကြောင်းကိုပါ ထည့်သွင်းရိုက်ပြသွားပါသေးတယ်။ဗဟုသုတရစရာတွေများပေမယ့် plotကတော့ရှုပ်မသွားပါဘူး။ plotလှလှလေးကို ဟာသအနှောလေးနဲ့ ဗဟုသုတရအောင်ရိုက်ပြသွားတာဖြစ်တဲ့အတွက် အားလုံးကြည့်ရှုသင့်ပါတယ်။ ##zawgyi ဒီတစ္ခါမွာေတာ့ movieခ်စ္သူအားလုံးအတြက္ gatta kusthiဆိုတဲ့ ဇာတ္ကားေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။Kusthiဆိုတာက နပန္းအားကစားကို ၫႊန္းျပခ်င္တာျဖစ္ပါတယ္။ ဒီဇာတ္လမ္းမွာ ကီသီဟာနပန္းအားကစားမယ္တစ္ေယာက္ျဖစ္ပါတယ္။နပန္းမယ္တစ္ေယာက္ျဖစ္တဲ့အတြက္ ကီသီကိုဘယ္ေကာင္ေလးကမွ လက္မထပ္ရဲၾကပါဘူး။ကီသီရဲ႕ ေရွး႐ိုးဆန္တဲ့မိသားစုကေတာ့မိန္းမတစ္ေယာက္ဟာ လက္မထပ္ပဲဘာလုပ္မွာလဲဆိုတဲ့ စကားနဲ႔ ခ်ဳပ္ကိုင္ၿပီး နပန္းေလာကကိုစြန္႔ကာအိမ္ေထာင္ျပဳဖို႔ဖိအားေပးေနၾကတာပါ။အဲ့လိုနဲ႔ ကီသီ့ဉီးေလးဟာ ကီသီ့အတြက္ အိမ္ေထာင္ဖက္ရွာရင္းဗီရာဆိုတဲ့ လူေပၚေက်ာ့တစ္ေယာက္နဲ႔ေတြ႕ခဲ့ပါတယ္။ဗီရာဟာ လူမ်ိဳးႀကီးဝါဒျဖစ္သူသူ႔ဉီးေလးလက္ေအာက္မွာ ႀကီးျပင္းလာရတာျဖစ္တဲ့အတြက္လူမ်ိဳးႀကီးဝါဒသမားတစ္ေယာက္ပါ။ မိန္းမဆိုတာ ေယာက္်ားေျပာသမွ်ကို နာခံရမယ္။ေယာက္်ားဆိုတာမိန္းမရဲ႕အထက္မွာအၿမဲရွိတယ္လို႔ စိတ္ထဲစြဲေနတဲ့လူတစ္ေယာက္ပါ။ သူက ဆံပင္အရွည္ဆုံးမိန္းမနဲ႔သူ႔ေလာက္ပညာမတတ္တဲ့မိန္းမကိုမွ ယူႏိုင္မယ္လို႔ ႀကဳံးဝါးထားတာပါ။အဲ့ေတာ့ ...
6.9
IMDB: 6.9/10 476 votes
movie

Gatta Kusthi (2022)

2022

Release year

Genres

Release year