Alpha Premium

Gabriela Latorre

The Exorcist: Believer (2023) N/A
The Exorcist: Believer (2023) ##unicode Exorcist ရုပ်ရှင်တွေဟာဆိုရင် အကောင်းဆုံး Horror ရုပ်ရှင်တွေထဲမှာပါဝင်ပြီးတော့ အတော်လေးလည်း ခြောက်ခြားဖို့ကောင်းတဲ့ကားတွေဖြစ်ပါတယ် ဒီတစ်ခေါက် "The Exorcist Believer" ကားထဲမှာတော့ ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ကတ်သရင်းနဲ့ အန်ဂျလာဟာ တောအုပ်ထဲမှာ ဝိဉာဉ်ခေါ်တမ်းကစားဖို့အတွက် ထွက်သွားရာကနေပြီး သုံးရက်ကြာတော့မှ ဒဏ်ရာတွေနဲ့ ပြန်ပေါ်လာခဲ့ပါတယ် ထူးခြားတာက ဒီကလေးတွေဟာ သူတို့ပျောက်သွားတာကို နာရီပိုင်းလောက်ပဲရှိသေးတယ်လို့ ထင်နေတာပါ ဆရာဝန်တွေကလည်း ဒီကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအားလုံးကို စစ်ဆေးပေးပြီးတော့ ပြဿနာမရှိတာနဲ့ ဆေးရုံကဆင်းခွင့်ပေးလိုက်ပါတယ် ဒါပေမယ့် ဒီကလေးနှစ်ယောက်က အရင်လိုပုံမှန်အခြေအနေမျိုးမဟုတ်တော့ပါဘူး အကြမ်းပတမ်းပြုမူတာ၊ ထူးဆန်းတဲ့အပြုအမူတွေလုပ်လာတာမျိုးတွေဖြစ်လာပြီးတော့ နောက်ဆုံးမိဘတွေဟာ အဖြေရှာရင်းနဲ့ ကြံရာမရတဲ့အဆုံး မကောင်းဆိုးဝါးဝင်ရောက်ပူးကပ်တယ်လို့ယုံကြည်လိုက်ပြီး အပနှင်ဖို့အတွက် စီစဉ်ကြပါတော့တယ် မိဘတွေရဲ့အပနှင်ပွဲက ကလေးနှစ်ယောက်ကို ပြန်ခေါ်လာနိုင်ပါ့မလား၊ ဘယ်လိုခြောက်ခြားဖွယ်ဖြစ်ရပ်တွေကို ကြုံရာဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi Exorcist ရုပ်ရှင်တွေဟာဆိုရင် အကောင်းဆုံး Horror ရုပ်ရှင်တွေထဲမှာပါဝင်ပြီးတော့ အတော်လေးလည်း ခြောက်ခြားဖို့ကောင်းတဲ့ကားတွေဖြစ်ပါတယ် ဒီတစ်ခေါက် "The Exorcist Believer" ကားထဲမှာတော့ ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ကတ်သရင်းနဲ့ အန်ဂျလာဟာ တောအုပ်ထဲမှာ ဝိဉာဉ်ခေါ်တမ်းကစားဖို့အတွက် ထွက်သွားရာကနေပြီး သုံးရက်ကြာတော့မှ ...
N/A
IMDB: N/A/10 N/A votes
movie


2023

Release year

Genres

Release year