Alpha Premium

Guru Ramaanujam

Red Sandal Wood (2023) 9.0
Red Sandal Wood (2023) ##unicode ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 'Red Sandal Wood' ဆိုတဲ့ အိန္ဒိယကားလေးပဲဖြစ်ပါတယ် Red Sandalwood ဆိုတာက နံ့သာနီပင်ကိုပြောတာဖြစ်ပြီးတော့ အိန္ဒိယရဲ့ရှေးလူကြီးတွေဆေးဖြစ်ဝါးဖြစ်အနေနဲ့ အသုံးပြုခဲ့ကြတဲ့အပင်တွေဖြစ်ပါတယ် နံ့သာနီပင်နဲ့ ကလေးတွေကျန်းမာအောင် အရုပ်တွေပြုလုပ်ကြတဲ့အပြင် အဖျားကနေ ကင်ဆာအထိ ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဟင်းချက်တဲ့နေရာတွေမှာပါ ထည့်သုံးကြတဲ့အပင်တွေပါ ဒီလိုအပင်ကောင်းတွေဟာ မှောင်ခိုကူးသူတွေရဲ့လက်ထဲကနေ မလွတ်နိုင်ပါဘူး ထီရူပသီတောထဲမှာရှိတဲ့ နံ့သာနီပင်တွေကို တရုတ်နိုင်ငံလိုမျိုး နိုင်ငံရပ်ခြားကို မှောင်ခိုတင်သွင်းကြပါတယ် ဒီဖြစ်စဉ်မှာ အထိနာသူတွေကတော့ သမ်မီရာမြို့သားတွေပါပဲ ဒီနံ့သာနီပင်တွေ ခိုးထုတ်ဖို့၊ ဖြတ်တောက်ဖို့အတွက် နားမလည်တဲ့မြို့သားတွေကို ခြိမ်းခြောက်ခိုင်းစေကြတာမလို့ပါ ရဲတွေဖမ်းမိသွားတဲ့အခါဆိုလည်း ရဲတွေရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် အသက်ပေးခံရတာက ဒီလူတွေပါပဲ ဒီနံ့သာနီပင်တွေခုတ်ထစ်ဖို့အတွက် ခြိမ်းခြောက်ခေါ်ယူခံလိုက်ရတဲ့သူတွေထဲမှာ ပရာဘာရဲ့သူငယ်ချင်း ကာရွန်နာလည်း ပါသွားခဲ့ပါတယ် ပရာဘာတစ်ယောက် သူ့သူငယ်ချင်းကို ဘယ်လိုခြေရာကောက်ပြီး ကယ်တင်မလဲ၊ သူ့သူငယ်ချင်းအကြောင်း စုံစမ်းရင်း နံ့သာနီပင် မှောင်ခိုလောကရဲ့ ဘယ်လိုကြောက်စရာအန္တရာယ်တွေကို တွေ့ကြုံရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 'Red Sandal Wood' ဆိုတဲ့ အိန္ဒိယကားလေးပဲဖြစ်ပါတယ် Red Sandalwood ဆိုတာက နံ့သာနီပင်ကိုပြောတာဖြစ်ပြီးတော့ အိန္ဒိယရဲ့ရှေးလူကြီးတွေဆေးဖြစ်ဝါးဖြစ်အနေနဲ့ အသုံးပြုခဲ့ကြတဲ့အပင်တွေဖြစ်ပါတယ် နံ့သာနီပင်နဲ့ ကလေးတွေကျန်းမာအောင် အရုပ်တွေပြုလုပ်ကြတဲ့အပြင် ...
9.0
IMDB: 9.0/10 1,051 votes
movie

Red Sandal Wood (2023)

2023

Release year

Genres

Release year