Alpha Premium

Kishore Tirumala

Aadavaallu Meeku Johaarlu (2022) 7.3
Aadavaallu Meeku Johaarlu (2022) ##unicode ဒီတစ်ခါတင်ဆက်ပေးထားတာကတော့Aadavallu Meeku Johaarlu(2022 )လို့ခေါ်တဲ့ အိန္ဒိယဇာတ်ကားလေးပါ။ ဒီအချစ်ဟာသကားလေးထဲမှာတော့ အမျိုးသမီးငါးယောက်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာကြီးပြင်းလာခဲ့တဲ့ချီရူဟာ မိန်းကလေးတစ်ယောက်ကိုချစ်မိသွားတဲ့အခါမှာ ဘယ်လိုအလွဲလေးတွေဖြစ်လာမလဲ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ရမလဲဆိုတာကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးကြည့်ရှုကြရမှာပါ။ ချီရူဟာ အမေတစ်ယောက်နဲ့အဒေါ်လေးယောက်ရဲ့သည်းသည်းလှုပ်ချစ်တဲ့အချစ်တွေကြားမှာ ကြီးပြင်းလာတဲ့သူတစ်ယောက်ပါ။ ထိုအမျိုးသမီးငါးယောက်ဟာ ချီရူရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်လို့ အတိမ်းအစောင်းမခံနိုင်ကြပါဘူး။ အဲ့တာကြောင့်ပဲ ချီရူနဲ့သင့်တော်တဲ့မိန်းကလေးတစ်ယောက်ကိုရှာမတွေ့နိုင်ပဲဖြစ်ရာကနေ ချီရူဟာ လက်ထပ်ဖို့ကြန့်ကြာနေခဲ့တယ်။ အဲ့ဒီလိုနဲ့ တစ်နေ့မှာတော့ ချီရူဟာ အာဓီယာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက် ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ချီရူရဲ့ အချစ်တွေကိုဖွင့်ဟဝန်ခံဖို့ကြိုးစားတဲ့အခါမှာတော့ အာဓီယာဟာ အိမ်ထောင်ပြုဖို့မဖြစ်နိုင်တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။ အာဓီယာဟာ သူ့အမေကအိမ်ထောင်မပြုစေချင်တဲ့အတွက် တစ်ယောက်တည်းနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြောင်း ချီရူသိသွားတဲ့အခါမှာတော့....... အာဓီယာရဲ့အမေ သူ့အပေါ်အကောင်းမြင်လာအောင် သူဘယ်လိုကြိုးစားသွားမလဲ၊ အာဓီယာ့အမေရဲ့သဘောထားတွေကရော ပြောင်းလဲသွားပါ့မလား၊ ချီရူဟာ ဘယ်လိုပြဿနာတွေကိုကြုံတွေ့ဖြေရှင်းသွားရမလဲဆိုတာကို ဇာတ်ကားထဲမှာ စိတ်ဝင်တစားနဲ့ရယ်ရယ်မောမောကြည့်ရှုကြရမှာပါနော်။ ##zawgyi ဒီတစ္ခါတင္ဆက္ေပးထားတာကေတာ့Aadavallu Meeku Johaarlu(2022 )လို႔ေခၚတဲ့ အိႏၵိယဇာတ္ကားေလးပါ။ ဒီအခ်စ္ဟာသကား​ေလးထဲမွာေတာ့ အမ်ိဳးသမီးငါးေယာက္ရဲ႕ျပဳစုပ်ိဳးေထာင္မႈေအာက္မွာႀကီးျပင္းလာခဲ့တဲ့ခ်ီ႐ူဟာ မိန္းကေလးတစ္ေယာက္ကိုခ်စ္မိသြားတဲ့အခါမွာ ဘယ္လိုအလြဲေလးေတြျဖစ္လာမလဲ ဘယ္လိုအခက္အခဲေတြကို ေက်ာ္ျဖတ္ရမလဲဆိုတာကို ရယ္ရယ္ေမာေမာေပါ့ေပါ့ပါးပါးၾကည့္ရႈၾကရမွာပါ။ ခ်ီ႐ူဟာ အေမတစ္ေယာက္နဲ႔အေဒၚေလးေယာက္ရဲ႕သည္းသည္းလႈပ္ခ်စ္တဲ့အခ်စ္ေတြၾကားမွာ ႀကီးျပင္းလာတဲ့သူတစ္ေယာက္ပါ။ ထိုအမ်ိဳးသမီးငါးေယာက္ဟာ ခ်ီ႐ူရဲ႕အိမ္ေထာင္ေရးနဲ႔ပတ္သက္လို႔ အတိမ္းအေစာင္းမခံႏိုင္ၾကပါဘူး။ အဲ့တာေၾကာင့္ပဲ ခ်ီ႐ူနဲ႔သင့္ေတာ္တဲ့မိန္းကေလးတစ္ေယာက္ကိုရွာမေတြ႕ႏိုင္ပဲျဖစ္ရာကေန ခ်ီ႐ူဟာ လက္ထပ္ဖို႔ၾကန္႔ၾကာေနခဲ့တယ္။ အဲ့ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ ခ်ီ႐ူဟာ အာဓီယာလို႔ေခၚတဲ့မိန္းကေလးတစ္ေယာက္နဲ႔ေတြ႕ဆုံၿပီးေနာက္ ခ်စ္မိသြားခဲ့ပါတယ္။ ဒါေပမဲ့ ခ်ီ႐ူရဲ႕ အခ်စ္ေတြကိုဖြင့္ဟဝန္ခံဖို႔ႀကိဳးစားတဲ့အခါမွာေတာ့ အာဓီယာဟာ အိမ္ေထာင္ျပဳဖို႔မျဖစ္ႏိုင္တဲ့အေၾကာင္းေျပာျပလာခဲ့ပါတယ္။ အာဓီယာဟာ သူ႔အေမကအိမ္ေထာင္မျပဳေစခ်င္တဲ့အတြက္ တစ္ေယာက္တည္းေနထိုင္ဖို႔ဆုံးျဖတ္ခဲ့ေၾကာင္း ခ်ီ႐ူသိသြားတဲ့အခါမွာေတာ့....... အာဓီယာရဲ႕အေမ သူ႔အေပၚအေကာင္းျမင္လာေအာင္ ...
7.3
IMDB: 7.3/10 273 votes
movie

Aadavaallu Meeku Johaarlu (2022)

2022

Release year

Genres

Release year