Alpha Premium

Lakshman K Krishna

Swathi Muthyam (2022) N/A
Swathi Muthyam (2022) (App member only) ##unicode ဒီတစ်ခါတော့ "Swathimuthyam (2022)"ဆိုတဲ့ အိန္ဒိယအချစ်ဟာသကားလေးကို တင်ဆက်ပေးထားပါတယ်။ ဘာလာမူရာလီခရစ်ရှ်နာဟာ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေတတ်တဲ့ အစိုးရဝန်ထမ်းတစ်ယောက်ပါ။ သူဟာ ရိုးသားပြီးတော့နှလုံးသားဖြူစင်တဲ့လူတစ်ယောက်ပါပဲ။တစ်နေ့ သူဟာ သူ့မိဘတွေစီစဉ်ပေးတဲ့အိမ်ထောင်ဖက်ကိုတွေ့ဖို့ ကော်ဖီဆိုင်ကိုသွားခဲ့တယ်။အဲဒီမှာပဲ သူ့မိဘတွေတွေ့ခိုင်းတဲ့ ဘာဂယာလက်ခ်ရှ်မီးဆိုတဲ့မိန်းကလေးကိုမြင်တွေ့ကာ ဘာလာကသဘောကျသွားခဲ့တော့တာပါပဲ။ဒါပေမယ့် အဆင်မပြေမှုတစ်ချို့ရှိတယ်ဆိုကာ ဘာလာရဲ့အဖေကငြင်းလိုက်ပါတယ်။ ဘာလာကတော့ အမှန်တကယ်သဘောကျသွားခဲ့တာဖြစ်တဲ့အတွက် လက်မလျှော့ပဲ ဘာဂယာနဲ့အဆင်ပြေဖို့ကြိုးစားခဲ့တယ်။ အဲဒီနောက် သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်သဘောကျကာ အဆင်ပြေလာခဲ့ပြီး လက်ထပ်မယ့်အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာပွဲကျင်းပမယ့်နေ့မှာ ဘာလာ့ဆီကို မထင်မှတ်ထားတဲ့ကိစ္စတစ်ခုရောက်ရှိလာတဲ့အခါမှာတော့....... ဘာလာဟာ သူ့ဝမ်းကွဲညီအစ်ကိုနဲ့အတူ ကိစ္စကိုဘယ်လိုဖြေရှင်းမလဲ၊ သူ့မင်္ဂလာပွဲအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ၊ ဘာလာနဲ့ဘာဂယာတို့ရဲ့အချစ်ကရောခိုင်မြဲပါ့မလား၊ သူတို့နှစ်ယောက် လက်ထပ်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုကြရမှာပါနော်။ ##zawgyi ဒီတစ္ခါေတာ့ "Swathimuthyam (2022)"ဆိုတဲ့ အိႏၵိယအခ်စ္ဟာသကားေလးကို တင္ဆက္ေပးထားပါတယ္။ ဘာလာမူရာလီခရစ္ရွ္နာဟာ ေအးေအးေဆးေဆးတည္တည္ၿငိမ္ၿငိမ္ေနတတ္တဲ့ အစိုးရဝန္ထမ္းတစ္ေယာက္ပါ။ သူဟာ ႐ိုးသားၿပီးေတာ့ႏွလုံးသားျဖဴစင္တဲ့လူတစ္ေယာက္ပါပဲ။တစ္ေန႔ သူဟာ သူ႔မိဘေတြစီစဥ္ေပးတဲ့အိမ္ေထာင္ဖက္ကိုေတြ႕ဖို႔ ေကာ္ဖီဆိုင္ကိုသြားခဲ့တယ္။အဲဒီမွာပဲ သူ႔မိဘေတြေတြ႕ခိုင္းတဲ့ ဘာဂယာလက္ခ္ရွ္မီးဆိုတဲ့မိန္းကေလးကိုျမင္ေတြ႕ကာ ဘာလာကသေဘာက်သြားခဲ့ေတာ့တာပါပဲ။ဒါေပမယ့္ အဆင္မေျပမႈတစ္ခ်ိဳ႕ရွိတယ္ဆိုကာ ဘာလာရဲ႕အေဖကျငင္းလိုက္ပါတယ္။ ဘာလာကေတာ့ အမွန္တကယ္သေဘာက်သြားခဲ့တာျဖစ္တဲ့အတြက္ လက္မေလွ်ာ့ပဲ ဘာဂယာနဲ႔အဆင္ေျပဖို႔ႀကိဳးစားခဲ့တယ္။ အဲဒီေနာက္ သူတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္သေဘာက်ကာ အဆင္ေျပလာခဲ့ၿပီး လက္ထပ္မယ့္အေျခအေနကိုေရာက္ရွိလာခဲ့ပါတယ္။ ဒါေပမယ့္လည္း မဂၤလာပြဲက်င္းပမယ့္ေန႔မွာ ဘာလာ့ဆီကို မထင္မွတ္ထားတဲ့ကိစၥတစ္ခုေရာက္ရွိလာတဲ့အခါမွာေတာ့....... ဘာလာဟာ သူ႔ဝမ္းကြဲညီအစ္ကိုနဲ႔အတူ ကိစၥကိုဘယ္လိုေျဖရွင္းမလဲ၊ သူ႔မဂၤလာပြဲအေပၚဘယ္လိုသက္ေရာက္မႈေတြရွိလာမလဲ၊ ဘာလာနဲ႔ဘာဂယာတို႔ရဲ႕အခ်စ္ကေရာခိုင္ၿမဲပါ့မလား၊ သူတို႔ႏွစ္ေယာက္ လက္ထပ္ႏိုင္ပါ့မလားဆိုတာကို ...
N/A
IMDB: N/A/10 37 votes
movie

Swathi Muthyam (2022)

2022

Release year

Genres

Release year