Alpha Premium

Mathukutty Xavier

Mili (2022) 7.9
Mili (2022) ##unicode အားလုံးကို ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Miliဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကဖြစ်ပါတယ်။ မီလီဟာ အဖေဖြစ်သူနဲ့အတူနေပြီးအဖေကိုပြုစုစောင့်ရှောက်လုပ်ကျွေးနေတဲ့ သူနာပြုမလေးပေါ့။ အမေကတော့မရှိတော့ပါဘူး။သားအဖနှစ်ယောက်ဟာ အရမ်းချစ်ကြပါတယ်။မီလီက သူ့တို့အိမ်လေးကို အကြွေးတွေကျေသွားအောင်သူနာပြုတွေလစာကောင်းကောင်းရတဲ့ ကနေဒါကို အလုပ်သွားလုပ်နိုင်ဖို့ကြိုးစားနေတာပါ။ ဒီဘက်မှာလည်း ieltsသင်တန်းတွေတက် အချိန်ပိုင်းအလုပ်တွေလုပ်ပြီးဘဝကိုအကျိုးရှိရှိ ရုန်းကန်နေတဲ့ လူငယ်တစ်ဉီးပါ။မီလီ့မှာ ချစ်သူကောင်လေးလည်းရှိပါတယ်။သူ့ကောင်လေးနဲ့အဖေကတော် ကနေဒါကို မသွားစေချင်ကြဘူးပေါ့။အဲ့လိုနဲ့တစ်နေ့မှာမီလီနဲ့သူ့အဖေဟာ ပြဿနာလေးတွေတက်ကြပြီးစိတ်ဆိုးနေကြပါတယ်။ အဲ့အချိန်မှာပဲမီလီဟာပျောက်သွားခဲ့ပါတယ်။တကယ်တော့ မီလီဟာ သူတို့ဆိုင်ကအအေးခန်းထဲမှာ မတော်တဆပိတ်မိနေခဲ့တာပါ။ သူ့အဖေကတော့ ကောင်လေးနဲ့ထွက်ပြေးသွားတယ်ထင်ခဲ့ပါတယ်။ အဲ့အချိန်မှာ မီလီ့ကိုဘယ်သူကယ်တင်မလဲ။အသက်ရောရှင့်ပါ့မလား။အသားစိမ်းတွေအအေးခံတဲ့ အအေးခန်းထဲမှာပိတ်မိနေတဲ့ မီလီတစ်ယောက် ဘယ်သူအသက်ရှင်အောင်ကြိုးစားပါ့မလဲ။ မိန်းမငယ်လေးတစ်ယောက်ရဲ့adventureအသေးစားလေးကို ကြည့်ရှူရမှာဖြစ်ပြီး သားအဖနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လည်းကြည့်ရှုခံစားရမှာဖြစ်ပါတယ်။မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုအားကိုးတတ်မှုကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ကြည်နူးစရာ romance lifeကိုပါ ချပြသွားတဲ့အတွက်လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (လက်လွှတ်မခံပါနဲ့ မင်းသားရော မင်းသမီးရော ချောပါတယ်။) ##zawgyi အားလုံးကို ဒီတစ္ေခါက္မိတ္ဆက္ေပးခ်င္တဲ့ ဇာတ္ကားေလးကေတာ့ Miliဆိုတဲ့ အိႏၵိယဇာတ္ကားေကာင္းေလးတစ္ကျဖစ္ပါတယ္။ မီလီဟာ အေဖျဖစ္သူနဲ႔အတူေနၿပီးအေဖကိုျပဳစုေစာင့္ေရွာက္လုပ္ေကြၽးေနတဲ့ သူနာျပဳမေလးေပါ့။ အေမကေတာ့မရွိေတာ့ပါဘူး။သားအဖႏွစ္ေယာက္ဟာ အရမ္းခ်စ္ၾကပါတယ္။မီလီက သူ႔တို႔အိမ္ေလးကို အေႂကြးေတြေက်သြားေအာင္သူနာျပဳေတြလစာေကာင္းေကာင္းရတဲ့ ကေနဒါကို အလုပ္သြားလုပ္ႏိုင္ဖို႔ႀကိဳးစားေနတာပါ။ ဒီဘက္မွာလည္း ieltsသင္တန္းေတြတက္ အခ်ိန္ပိုင္းအလုပ္ေတြလုပ္ၿပီးဘဝကိုအက်ိဳးရွိရွိ ႐ုန္းကန္ေနတဲ့ လူငယ္တစ္ဉီးပါ။မီလီ့မွာ ခ်စ္သူေကာင္ေလးလည္းရွိပါတယ္။သူ႔ေကာင္ေလးနဲ႔အေဖကေတာ္ ကေနဒါကို မသြားေစခ်င္ၾကဘူးေပါ့။အဲ့လိုနဲ႔တစ္ေန႔မွာမီလီနဲ႔သူ႔အေဖဟာ ျပႆနာေလးေတြတက္ၾကၿပီးစိတ္ဆိုးေနၾကပါတယ္။ အဲ့အခ်ိန္မွာပဲမီလီဟာေပ်ာက္သြားခဲ့ပါတယ္။တကယ္ေတာ့ မီလီဟာ သူတို႔ဆိုင္ကအေအးခန္းထဲမွာ မေတာ္တဆပိတ္မိေနခဲ့တာပါ။ သူ႔အေဖကေတာ့ ေကာင္ေလးနဲ႔ထြက္ေျပးသြားတယ္ထင္ခဲ့ပါတယ္။ အဲ့အခ်ိန္မွာ မီလီ့ကိုဘယ္သူကယ္တင္မလဲ။အသက္ေရာရွင့္ပါ့မလား။အသားစိမ္းေတြအေအးခံတဲ့ အေအးခန္းထဲမွာပိတ္မိေနတဲ့ မီလီတစ္ေယာက္ ဘယ္သူအသက္ရွင္ေအာင္ႀကိဳးစားပါ့မလဲ။ မိန္းမငယ္ေလးတစ္ေယာက္ရဲ႕adventureအေသးစားေလးကို ၾကည့္ရႉရမွာျဖစ္ၿပီး သားအဖႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာကို ...
7.9
IMDB: 7.9/10 6,072 votes
movie

Mili (2022)

2022

Release year

Genres

Release year