Alpha Premium

Revathi

Salaam Venky (2022) 7.8
Salaam Venky (2022) ##unicode ဒီတစ်ခါမှာတော့ အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်တဲ့ Saalam Venkyဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။ ဗင်ကီဟာ မွေးရာပါDMDဆိုတဲ့ ကြွက်သားပရိုတိန်းချို့တဲ့မှုရောဂါကိုခံစားနေရတာပါ။အဲ့ဒါကြောင့် မွေးကတည်းက ကောင်းကောင်းမပြေးနိုင် လမ်းမလျှောက်နိုင်ဖြစ်နေခဲ့ပါတယ်။ဆရာဝန်တွေကလည်း ဒီလိုရောဂါဟာကုလို့မရကြောင်း အသက်တွေကြီးလာတာနဲ့အမျှ တဖြည်းဖြည်း တစ်ကိုယ်လုံး ယိုယွင်းပျက်စီးလာမှာဆိုတဲ့အကြောင်း၊အသက် ၁၄ ၁၅နှစ်လောက်ထိပဲနေနိုင်မှာဖြစ်ကြောင်း ပြောထားပြီးသားပါ။ဒါပေမဲ့ ဗင်ကီဟာ သူ့အမေဖြစ်သူရဲ့ ကူညီပေးမှုတွေနဲ့အသက်၂၄နှစ်အထိ ရှင်သန်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့သူ့တစ်ကိုယ်လုံး လှုပ်မရတော့တဲ့အချိန်မှာ ဗင်ကီဟာ ကိုယ်တွင်းအင်္ဂါတွေလှူပြီး သက်တောင့်သက်သာသေဆုံးချင်တယ်လို့သူ့အမေကိုတောင်းဆိုခဲ့ပါတယ်။သားရှင်သန်ရဖို့ ဘာမဆို အကုန်လုပ်နေတဲ့အမေဟာသေဆုံးဖို့တောင်းဆိုနေတဲ့သားဖြစ်သူကို ပထမငြင်းဆန်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သားရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ပေးတဲ့ အနေနဲ့ သက်တောင့်သက်သာသေဆုံးခွင့် ဉပဒေကိုခွင့်ပြုပေးဖို့နိုင်ငံတော်ကို တောင်းဆိုပါတော့တယ်။ နာက်ဆုံးဘာတွေဆက်ဖြစ်သွားမှာလဲ ဗင်ကီရဲ့အမေကရောသားစိတ်နဲ့ နိုင်ငံတော်နဲ့အမှုပြိုင်ခဲ့တာ နိုင်ပါ့မလား။မကြာခင်မှာ သေဆုံးတော့မယ့်သားဖြစ်သူကိုရော သူမကလက်လွှတ်ပေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ်။သေခါနီးလူတစ်ယောက်ရဲ့အရာရာအပေါ်အကောင်းမြင်မှု၊ ဘဝအပေါ်အမြင်သဘောထား၊ အမေနဲ့သားတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝခံစားကြည့်ရှုသွားရမှာ ဖြစ်တဲ့အတွက် လက်မလွှတ်သင့်ပါဘူး။ ##zawgyi ဒီတစ္ခါမွာေတာ့ အိႏၵိယဇာတ္လမ္းေကာင္းေလးတစ္ခုျဖစ္တဲ့ Saalam Venkyဆိုတဲ့ဇာတ္ကားေလးနဲ႔မိတ္ဆက္ေပးပါမယ္။ ဗင္ကီဟာ ေမြးရာပါDMDဆိုတဲ့ ႂကြက္သားပ႐ိုတိန္းခ်ိဳ႕တဲ့မႈေရာဂါကိုခံစားေနရတာပါ။အဲ့ဒါေၾကာင့္ ေမြးကတည္းက ေကာင္းေကာင္းမေျပးႏိုင္ လမ္းမေလွ်ာက္ႏိုင္ျဖစ္ေနခဲ့ပါတယ္။ဆရာဝန္ေတြကလည္း ဒီလိုေရာဂါဟာကုလို႔မရေၾကာင္း အသက္ေတြႀကီးလာတာနဲ႔အမွ် တျဖည္းျဖည္း တစ္ကိုယ္လုံး ယိုယြင္းပ်က္စီးလာမွာဆိုတဲ့အေၾကာင္း၊အသက္ ၁၄ ၁၅ႏွစ္ေလာက္ထိပဲေနႏိုင္မွာျဖစ္ေၾကာင္း ေျပာထားၿပီးသားပါ။ဒါေပမဲ့ ဗင္ကီဟာ သူ႔အေမျဖစ္သူရဲ႕ ကူညီေပးမႈေတြနဲ႔အသက္၂၄ႏွစ္အထိ ရွင္သန္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ တစ္ေန႔သူ႔တစ္ကိုယ္လုံး လႈပ္မရေတာ့တဲ့အခ်ိန္မွာ ဗင္ကီဟာ ကိုယ္တြင္းအဂၤါေတြလႉၿပီး သက္ေတာင့္သက္သာေသဆုံးခ်င္တယ္လို႔သူ႔အေမကိုေတာင္းဆိုခဲ့ပါတယ္။သားရွင္သန္ရဖို႔ ဘာမဆို အကုန္လုပ္ေနတဲ့အေမဟာေသဆုံးဖို႔ေတာင္းဆိုေနတဲ့သားျဖစ္သူကို ပထမျငင္းဆန္ခဲ့ပါတယ္။ေနာက္ပိုင္းမွာေတာ့သားရဲ႕ေနာက္ဆုံးဆႏၵကို ...
7.8
IMDB: 7.8/10 1,145 votes
movie

Salaam Venky (2022)

2022

Release year

Genres

Release year