Alpha Premium

Tarun Teja Mallareddy

Asvins (2023) 8.0
Asvins (2023) #unicode ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Asvins" ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် လယ်သမားကြီးတစ်ယောက်သူ့သားအမြွှာလေးတွေရေနစ်ပြီးသေဆုံးသွားတာကြောင့်အာဆဗီနီကူမာရာဂယ်နတ်ကို ဆုတောင်းလိုက်တာနဲ့ စထားပါတယ် လယ်သမားကြီးရဲ့ သက်ဝင်ယုံကြည်မှုကြောင့်နတ်ဘုရားတွေဟာ သားနှစ်ယောက်ထဲကတစ်ယောက်ကို ပြန်ပေးခဲ့ပြီး အဲဒီကလေးကိုလည်း သာမန်သဘာဝအတိုင်းသေဆုံးခြင်းနဲ့သာတွေ့ဆုံပြီး တခြားဘယ်သူ့ပယောဂ၊ ဘာအကြောင်းကြောင့်မှ မသေဆုံးနိုင်အောင် အစွမ်းရှိတဲ့ ရုပ်ထုနှစ်ခုပေးပြီး ကောင်းချီးပေးခဲ့ပါတယ် ဒါကိုမြင်သွားတဲ့နတ်ဆိုးကတော့ ဒီအရုပ်ကို လက်ဝယ်ပိုင်ဆိုင်ပြီး လူသားကမ္ဘာကို နတ်ဆိုးတွေကို ‌ခေါ်ဆောင်ချင်တဲ့အကြံကို အကောင်အထည်ဖော်ဖို့အတွက် ကောင်းချီးပေးခံရတဲ့ကောင်လေးကို ချဉ်းကပ်ပါတော့တယ် နောက်ဆုံးမှာ အဲဒီရုပ်ထုနှစ်ရုပ်ထဲကတစ်ရုပ်ကို နတ်ဆိုးကရသွားပြီး လူသားကမ္ဘာပေါ်ကိုကပ်ဆိုးတွေယူလာတော့တာပေါ့ အာဂျွန်တို့ youtuber အဖွဲ့ကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ တစ္ဆေသရဲတွေခြောက်လှန့်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးကို ရောက်လာပြီး ရိုက်ကူးရေးလုပ်ဖို့ရောက်လာကြပါတယ် ဒီလိုနဲ့ အဲဒီလွတ်မြောက်လာတဲ့နတ်ဆိုးနဲ့သွားတွေ့တာပေါ့ အာဂျွန်တို့အဖွဲ့ ဘယ်လိုခြောက်ခြားဖွယ်အဖြစ်အပျက်တွေကို ရင်ဆိုင်ရမလဲ၊ သူတို့အသက်ဘေးကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် "Asvins" ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအစမှာဆိုရင် လယ်သမားကြီးတစ်ယောက်သူ့သားအမြွှာလေးတွေရေနစ်ပြီးသေဆုံးသွားတာကြောင့်အာဆဗီနီကူမာရာဂယ်နတ်ကို ဆုတောင်းလိုက်တာနဲ့ စထားပါတယ် လယ်သမားကြီးရဲ့ သက်ဝင်ယုံကြည်မှုကြောင့်နတ်ဘုရားတွေဟာ သားနှစ်ယောက်ထဲကတစ်ယောက်ကို ပြန်ပေးခဲ့ပြီး အဲဒီကလေးကိုလည်း သာမန်သဘာဝအတိုင်းသေဆုံးခြင်းနဲ့သာတွေ့ဆုံပြီး တခြားဘယ်သူ့ပယောဂ၊ ဘာအကြောင်းကြောင့်မှ မသေဆုံးနိုင်အောင် အစွမ်းရှိတဲ့ ရုပ်ထုနှစ်ခုပေးပြီး ကောင်းချီးပေးခဲ့ပါတယ် ဒါကိုမြင်သွားတဲ့နတ်ဆိုးကတော့ ဒီအရုပ်ကို လက်ဝယ်ပိုင်ဆိုင်ပြီး လူသားကမ္ဘာကို နတ်ဆိုးတွေကို ‌ခေါ်ဆောင်ချင်တဲ့အကြံကို အကောင်အထည်ဖော်ဖို့အတွက် ...
8.0
IMDB: 8.0/10 72 votes
movie

Asvins (2023)

2023

Release year

Genres

Release year