Alpha Premium

Venu Sriram

Vakeel Saab (2021) 7.3
Vakeel Saab (2021) ##unicode ဒီကားကတော့ အမီတာဘဂျမ်းရဲ့ Pink (2016) / အဂျစ်ကူမား nerkonda paarvai (2019) တို့ရဲ့ remark ကားတစ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ ဒီဗီရာ၊ ပါလာဗီနဲ့ ဇာရီနာတို့ဟာ ကိုယ်ထိလက်ရောက်စော်ကားလာတဲ့ ယောက်ျားလေးအုပ်စုလက်ကနေ ရုန်းကန်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပါလာဗီက နိုင်ငံရေးဩဇာကြီးသူတစ်ယောက်ရဲ့သားကို ပုလင်းနဲ့ခေါင်းကိုရိုက်လိုက်မိပါတယ်။ အဲလိုနဲ့ သူဟာ လူသတ်ရန်ကြံစည်မှုနဲ့ တရားစွဲခံရပါတော့တယ်။ သုံးယောက်လုံးကိုလည်း လူချမ်းသာတွေကို မြှူစွယ်ငွေညှစ်သူတွေအဖြစ် စွပ်စွဲခံရပါတယ်။ တစ်ဖက်က နိုင်ငံရေးဩဇာကြီးသူရဲ့သားဖြစ်လို့ သူတို့ဘက်က ဘယ်သူမှရှေ့နေမလိုက်ပေးခဲ့ပါဘူး။ သူတို့ကူကယ်ရာမဲ့နေကြတုန်းမှာပဲ အရက်သမားရှေ့နေတစ်ယောက်က သူတို့ရဲ့အမှုကိုလိုက်ပေးဖို့ သဘောတူလိုက်ပါတယ်။ ဒီအရက်သမားရှေ့နေက ဘယ်သူများလဲ၊ သူကရော ဘာတွေလုပ်ဆောင်နိုင်စွမ်းရှိမှာလဲ၊ သူတို့တွေ အင်အားကြီးတဲ့ပြိုင်ဘက်ကို အနိုင်ယူပြီး အမှုကနေလွတ်မြောက်နိုင်မှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမယ့် ရှေ့နေဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ##zawgyi ဒီကားကေတာ့ အမီတာဘဂ်မ္းရဲ႕ Pink (2016) / အဂ်စ္ကူမား nerkonda paarvai (2019) တို႕ရဲ႕ remark ကားတစ္ကားျဖစ္ပါတယ္။ ဒီကားမွာေတာ့ ဒီဗီရာ၊ ပါလာဗီနဲ႔ ဇာရီနာတို႔ဟာ ကိုယ္ထိလက္ေရာက္ေစာ္ကားလာတဲ့ ေယာက္်ားေလးအုပ္စုလက္ကေန ႐ုန္းကန္လြတ္ေျမာက္လာခဲ့ပါတယ္။ ဒါေပမဲ့ ပါလာဗီက ႏိုင္ငံေရးဩဇာႀကီးသူတစ္ေယာက္ရဲ႕သားကို ပုလင္းနဲ႔ေခါင္းကို႐ိုက္လိုက္မိပါတယ္။ အဲလိုနဲ႔ ...
7.3
IMDB: 7.3/10 8,333 votes
movie

Vakeel Saab (2021)

2021
1080p/720p

Release year

Genres

Release year