Alpha Premium

Vighnesh Koushik

The American Dream (2022) 7.5
The American Dream (2022) (App member only) ##unicode American Dreamဆိုတဲ့ဇာတ်ကားနာမည်အတိုင်း ဒီဇာတ်ကားမှာတော့ အမေရိကမှာ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ရောက်ရှိလာကြတဲ့ ကောင်လေးနဲ့ကောင်မလေးရဲ့ဘဝအခက်အခဲတွေနဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းကိုမြင်တွေ့ရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ရာဟူးလ်ဆိုတဲ့ကောင်လေးက အိန္ဒိယလူလတ်တန်းစားမိသားစုကကောင်လေးတစ်ယောက်ပါ သူ့မှာ ရှရီယာဆိုတဲ့ချစ်သူရှိခဲ့ပါတယ် ငွေကြေးမချမ်းသာတဲ့အတွက် ရှရီယာနဲ့အနာဂတ်ကောင်းစားဖို့ အမေရိကကိုသွားဖို့ သူဆုံးဖြတ်ခဲ့ပါတယ် ဒါပေမယ့် သူ့ချစ်သူ ရှရီယာက LDRSမနေနိုင်ဘူးဆိုပြီး သူ့ကိုလမ်းခွဲသွားခဲ့တာပေါ့ ဒါပေမယ့် ရာဟူးလ်တစ်ယောက် ကြီးပွားချမ်းသာလိုစိတ်နဲ့ အမေရိကကိုရောက်လာခဲ့ပါတယ် ဟိုကိုရောက်မှ စိတ်ကူးနဲ့လက်တွေ့တစ်ခြားစီဆိုတာ သူသိလိုက်ရပါတယ် အလုပ်အကိုင်သေချာမရှိတဲ့ရာဟူးလ်ကို အမေရိကမှာဆက်နေနိုင်အောင် အိန္ဒိယကအဖေအိုကြီးက ဒုက္ခတွေခံနေခဲ့ရတာပေါ့ ရီယာဆိုတဲ့ကောင်မလေးကတော့ အိန္ဒိယသူဆိုပေမယ့် အမေရိကမှာမွေး အဲဒီမှာကြီးပြင်းခဲ့တဲ့ဆရာဝန်တစ်ယောက်ပါ အတော်ဆုံးခွဲစိတ်ဆရာဝန်ဖြစ်ဖို့ကြိုးစားနေသူတစ်ယောက်ပေါ့ ရီယာကတော့ ငွေကြေးပူပန်စရာမလိုပေမယ့် ဖခင်ဖြစ်သူရဲ့ယုံကြည်မှုနဲ့မေတ္တာကိုငတ်မွတ်နေခဲ့ပါတယ် ဒီလိုလူနှစ်ယောက်ဆုံခဲ့တဲ့အခါမှာ အချင်းချင်းတစ်ယောက်ကို တစ်ယောက်အားပေးရင်း သူတို့အိပ်မက်ပန်းတိုင်ကိုသွားကြမှာလား ဒီအတိုင်းပဲခဏတာတွေ့ခဲ့ကြတဲ့လူတွေအဖြစ် သူစိမ်းတွေပြန်ဖြစ်သွားကြမှာလား သူတို့ရဲ့ American dreamတွေအမှန်ဖြစ်လာနိုင်မလားဆိုတာ ဒီဇာတ်ကားမှာကြည့်ရူအားပေးကြပါဦးနော် ##zawgyi American Dreamဆိုတဲ့ဇာတ်ကားနာမည်အတိုင်း ဒီဇာတ်ကားမှာတော့ အမေရိကမှာ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ရောက်ရှိလာကြတဲ့ ကောင်လေးနဲ့ကောင်မလေးရဲ့ဘဝအခက်အခဲတွေနဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းကိုမြင်တွေ့ရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ရာဟူးလ်ဆိုတဲ့ကောင်လေးက အိန္ဒိယလူလတ်တန်းစားမိသားစုကကောင်လေးတစ်ယောက်ပါ သူ့မှာ ရှရီယာဆိုတဲ့ချစ်သူရှိခဲ့ပါတယ် ငွေကြေးမချမ်းသာတဲ့အတွက် ရှရီယာနဲ့အနာဂတ်ကောင်းစားဖို့ အမေရိကကိုသွားဖို့ သူဆုံးဖြတ်ခဲ့ပါတယ် ဒါပေမယ့် သူ့ချစ်သူ ရှရီယာက LDRSမနေနိုင်ဘူးဆိုပြီး သူ့ကိုလမ်းခွဲသွားခဲ့တာပေါ့ ဒါပေမယ့် ရာဟူးလ်တစ်ယောက် ကြီးပွားချမ်းသာလိုစိတ်နဲ့ အမေရိကကိုရောက်လာခဲ့ပါတယ် ဟိုကိုရောက်မှ စိတ်ကူးနဲ့လက်တွေ့တစ်ခြားစီဆိုတာ သူသိလိုက်ရပါတယ် အလုပ်အကိုင်သေချာမရှိတဲ့ရာဟူးလ်ကို အမေရိကမှာဆက်နေနိုင်အောင် အိန္ဒိယကအဖေအိုကြီးက ဒုက္ခတွေခံနေခဲ့ရတာပေါ့ ရီယာဆိုတဲ့ကောင်မလေးကတော့ ...
7.5
IMDB: 7.5/10 41525 votes
movie


Release year

Genres

Release year