Alpha Premium

Vinay Sagar Jonnala

Dasara (2023) 7.5
Dasara (2023) ##unicode ဒီတစ်ခေါက်မှာတော့ ဇာတ်လမ်းပုံစံခပ်ကြမ်းကြမ်းနဲ့ အက်ရှင်ခန်းအပြည့်အဝကြည့်ရမယ့် "Dasara"ဆိုတဲ့ အိန္ဒိယကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဗီရာပါလီဆိုတဲ့ရွာလေးဟာ ကျောက်မီးသွေးလုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ ဝန်းရံနေပြီးတော့ အမြဲတမ်း မီးခိုးတွေနဲ ့ပြည့်နှက်နေတဲ့ရွာလေးတစ်ရွာပေါ့ အဲဒီရွာမှာဆိုရင်ယောက်ျားသားအားလုံးလိုလိုဟာ အရက်စွဲနေကြပြီးတော့ သူတို့အတွက်ဆစ်ခ်အရက်ဆိုင်ဟာ ကိုးကွယ်ရာနေရာတစ်ခုပါပဲ ဒီထဲမှာဒါရန်နီနဲ့ သူ့သူငယ်ချင်းတစ်စုလည်းပါတာပေါ့ ဒါရန်နီတို့ သူငယ်ချင်းအုပ်စုတွေဟာဆိုရင်လည်း တစ်နေ့တစ်နေ့အရက်သောက်လိုက်အိပ်လိုက်စားလိုက်နဲ့ အလုပ်အကိုင်ရယ်လို့လည်း မယ်မယ်ရရမရှိပါဘူး ဒါရန်နီဟာ ဗယ်နီလာဆိုတဲ့ ‌ကောင်မလေးကိုကြိုက်နေပေမယ့် သူ့သူငယ်ချင်းဆူရီအတွက်နဲ့နောက်ဆုတ်ပေးခဲ့ပါတယ် ဒါပေမယ့် ဗယ်နီလာနဲ့ ဆူရီမင်္ဂလာဆောင်တဲ့နေ့မှာတော့ ဒါရန်နီတို့သူငယ်ချင်းတစ်သိုက်ကို တိုက်ခိုက်သူတွေရောက်လာခဲ့ပြီး ဆူရီလည်း ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ် ဒါရန်နီတို့သူငယ်ချင်းတစ်စုကို ဘာကြောင့်လာပြီးတော့ လုပ်ကြံကြတာလဲ၊ ဒီအဖြစ်အပျက်ကြောင့် ဘဝကိုပေါ့ပေါ့ပဲနေခဲ့တဲ့ ဒါရန်နီတစ်ယောက် ဘယ်လိုမျိုးပြောင်းလဲသွားမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ##zawgyi ဒီတစ်ခေါက်မှာတော့ ဇာတ်လမ်းပုံစံခပ်ကြမ်းကြမ်းနဲ့ အက်ရှင်ခန်းအပြည့်အဝကြည့်ရမယ့် "Dasara"ဆိုတဲ့ အိန္ဒိယကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဗီရာပါလီဆိုတဲ့ရွာလေးဟာ ကျောက်မီးသွေးလုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ ဝန်းရံနေပြီးတော့ အမြဲတမ်း မီးခိုးတွေနဲ့ ပြည့်နှက်နေတဲ့ရွာလေးတစ်ရွာပေါ့ အဲဒီရွာမှာဆိုရင်ယောက်ျားသားအားလုံးလိုလိုဟာ အရက်စွဲနေကြပြီးတော့ သူတို့အတွက်ဆစ်ခ်အရက်ဆိုင်ဟာ ကိုးကွယ်ရာနေရာတစ်ခုပါပဲ ဒီထဲမှာဒါရန်နီနဲ့ သူ့သူငယ်ချင်းတစ်စုလည်းပါတာပေါ့ ဒါရန်နီတို့ သူငယ်ချင်းအုပ်စုတွေဟာဆိုရင်လည်း တစ်နေ့တစ်နေ့အရက်သောက်လိုက်အိပ်လိုက်စားလိုက်နဲ့ အလုပ်အကိုင်ရယ်လို့လည်း မယ်မယ်ရရမရှိပါဘူး ဒါရန်နီဟာ ဗယ်နီလာဆိုတဲ့ ‌ကောင်မလေးကိုကြိုက်နေပေမယ့် သူ့သူငယ်ချင်းဆူရီအတွက်နဲ့နောက်ဆုတ်ပေးခဲ့ပါတယ် ဒါပေမယ့် ဗယ်နီလာနဲ့ ...
7.5
IMDB: 7.5/10 4,764 votes
movie

Dasara (2023)

2023

Release year

Genres

Release year