##unicode
ဒီဇာတ်ကားကတော့ နာမည်ကြီးမင်းသား Suriya ၊ မင်းသမီး Priyankaတို့ ပါဝင်သရုပ်ဆောင်ထားပြီး imdb 8.4 / 10ရထားတဲ့
အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် မြို့နှစ်မြို့ရဲ့ရန်ငြိုးရန်စတွေကို အခြေခံထားတဲ့ ဒီဇာတ်လမ်းမှာ သည်းထိတ်ရင်ဖို
ဇာတ်ဝင်ခန်းကောင်းတွေကိုလည်းမြင်တွေ့ရမှာမို့ အက်ရှင်ဇာတ်ကားကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါ
သန်နာဒူနဲ့ ဗာဒါနာဒူ မြို့နှစ်မြို့ဟာ အရင်တုန်းက ချစ်ချစ်ခင်ခင်နဲ့ တစ်မိသားစုတည်းလို နေခဲ့ကြတဲ့ ကပ်လျှက်မြို့နှစ်မြို့ပါ
နှစ်ဖက်မြို့က ယောက်ျားလေးနဲ့ မိန်းကလေးတွေကလည်း အိမ်ထောင်ကျကြတာတွေများပါတယ် ဒါပေမယ့် တစ်နေ့မှာတော့
ဗာဒါနာဒူမြို့သား ခင်ပွန်းသည်ကနှိပ်စက်တာကြောင့် သန်နာဒူမြို့သူ မိန်းကလေးတစ်ယောက်ဟာ ကြိုးဆွဲချသေဆုံးသွားခဲ့ပါတယ်
အဲဒီအချိန်ကတည်းက မြို့နှစ်မြို့ကြားမှာ အမုန်းတရားတွေက ပိုမိုကြီးထွားလာခဲ့ပြီး ဟိုဘက်မြို့က မြို့သား မြို့သူနဲ့ မကြိုက်ရဘူး
တွေဖြစ်လာတာပေါ့ အဲဒီအချိန်မှာ သန်နာဒူမြို့သား ရှေ့နေလေး ကန်နာက ဗာဒါနာဒူမြို့သူကို ကြိုက်မိသွားပါတယ်
မြို့နှစ်မြို့ရဲ့ ရန်ငြိုးရန်စတွေကြားမှာ သူတို့ အချစ်ရေး ဘယ်လိုဖြစ်လာမလဲ ၊ တစ်ဖက်မှာလည်း ကန်နာဟာ
လူတွေကိုကူညီတတ်တဲ့ ရှေ့နေဖြစ်ပါတယ် ဝန်ကြီးသားဦးဆောင်တဲ့ဂိုဏ်းဟာ မြို့နှစ်မြို့က မိန်းကလေးအပျိုလေးတွေကိုဖျက်စီးနေတာ
ကန်နာသိလိုက်တဲ့အခါ ဒါတွေကိုဘယ်လိုဖော်ထုတ်အပြစ်ပေးမလဲဆိုတာ ဒီဇာတ်ကားမှာ စောင့်ကြည့်ရမှာပဲဖြစ်လို့ ကြည့်ရူအားပေးကြပါဦးနော်
##zawgyi
Review – Hmue
File Size – 1.4GB,2.6GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin & Hmue
Encoded by Arrow
GDtot လင့်ဒေါင်းနည်း (အစိမ်းပြထားတာကိုကလစ်ပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Leave a Reply