Winnie The Pooh, Heffalump Halloween The Movie
==============================
ဟောလိုးဝင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ မရှိပေမယ့် ကျွန်တော်တို့ငယ်ငယ်က KidZoneတို့ ပုတက်တို့ စွယ်စုံတို့ထဲမှာ ခရစ္စမတ်အထူးထုတ်တို့ ဟောလိုးဝင်းအထူးထုတ်တို့မှာပါတတ်တော့ ရင်းနှီးကျွမ်းဝင်ပြီးသား အရာတွေပါပဲ။
နောက်ပိုင်းSuperNaturalလို စီးရီးတွေမှာပါတဲ့ ဟောလိုးဝင်းspecial episodeတွေနဲ့လည်း ကျွန်တော်တို့ဟောလိုးဝင်းကို ပိုကျွမ်းဝင်ခဲ့ကြတယ်။
အခုWinnie The Pooh,Heffalump Halloween Movieက ဒီနှစ်ဟောလိုးဝင်းမှာ ခင်ဗျားတို့ ရွေးချယ်သင့်တဲ့ ဟောလိုးဝင်းVibeအရဆုံး Movieပါပဲ။
ဝကစ်ညဏ်ထိုင်းပြီး လုပ်သမျှတိုင်းက ချစ်ဖို့ကောင်းနေတဲ့ ကျွန်တော်တို့ရဲ့ Winnie The Pooh ကလေးနဲ့ ဟောလိုးဝင်းကို တွဲမြင်ရမှာပါ။
အဆက်အဟပ်မတည့်သလို ထင်ကြမှာပေမယ့် ဟောလိုးဝင်း Vibeအရဆုံး လို့ပြောရင်မလွန်ပါဘူး။
ငယ်ငယ်တုန်းက ဝယ်ဖူးလို့ပဲဖြစ်ဖြစ်
မွေးနေ့လက်ဆောင်ရဖူးတာဖြစ်ဖြစ်
လူအတော်များများရဲ့ ဘဝကတော့ Winnie the Poohနဲ့ကင်းမယ်ထင်ဘူး။
မြန်မာနိုင်ငံမှာလည်း ပူးလ်က ရုပ်ရှင်ထက် အရုပ်လောကမှာ ပိုနာမည်ကျော်တာကိုး။
winnie the pooh စာရေးဆရာက လက်တွေ့ဘဝက သူ့သားရဲ့ အရုပ်ကလေးတွေကို တာအိုအတွေးအခေါ်တွေနဲ့ ရောနှောပြီး လက်စွမ်းပြထားတယ်ဆိုကြတယ်။
ကျွန်တော်တော့ တာအိုပါပါမပါပါ အစားနင်းကန်စားပြီး ကို့အိမ်အဝမှာ ယက်ကန်ယက်ကန်ကိုယ်ပြန်တစ်နေတဲ့ ဝက်ဝံကြီးကိုချစ်လို့ပဲ ကြည့်ပါတယ်။
ခင်ဗျားရဲ့ ဟောလိုးဝင်းမှာ ဟောလိုးဝင်းဆန်ပြီး ကြောက်ဖို့မကောင်းဘဲ ချစ်ဖို့ကောင်းတဲ့ ပျော်စရာကားတစ်ကားရှာနေတယ်ဆိုရင်တော့
Winnie the Pooh ,Heffalump Halloweenဟာ နောင်တမရမယ့် အကောင်းဆုံးရွေးချယ်မှုပါပဲ။
Leave a Reply