##unicode
ဒီတစ်ခါမှာတော့ “Poupelle Of Chimney Town(2020)”ဆိုတဲ့ Japanese animated filmလေးကို
တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ အပြင်ဘက်ကမ္ဘာကြီးနဲ့
အဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့မြို့လေးအကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်
ထူးခြားဆန်းကြယ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ရိုက်ကူးထားတာဖြစ်လို့ တကယ်ကို
စိတ်ဝင်တစားနဲ့စိတ်လှုပ်ရှားဖွယ်ကောင်းအောင်ကြည့်ရှုကြရမှာပါ။
ဇာတ်လမ်းထဲမှာတော့…….
လူဘီချီဆိုတဲ့ကောင်လေးနေထိုင်ရာမြို့ဟာ မီးခိုးခေါင်းတိုင်တွေနဲ့ပြည့်နှက်နေပြီး လေထုထဲမှာလည်း
မီးခိုးငွေ့တွေအမြဲတစေအပြည့်ရှိနေခဲ့တယ်။အဲ့တာကြောင့်ပဲ မြို့ထဲကလူတွေအားလုံးဟာ
ကောင်းကင်ပြာကြီးကိုမြင်တွေ့ခွင့်မရခဲ့ပဲ ကြယ်တွေရှိနေတယ်ဆိုတာကိုလည်း မယုံကြည်ကြတော့ပါဘူး။
မီးခိုးခေါင်းတိုင်သန့်ရှင်းရေးသမားလေးလူဘီချီဟာတော့ သူ့ရဲ့အဖေပြောပြခဲ့ဖူးတဲ့ကြယ်တွေကို
မြင်တွေချင်နေတဲ့သူတစ်ယောက်ပါပဲ။အဲ့ဒီလိုနဲ့ ဟောလိုးဝင်းညမှာတော့…သူဟာ အမှိုက်တွေနဲ
့ပြုလုပ်ထားတဲ့အမှိုက်လူသားတစ်ယောက်ကိုတွေ့ခဲ့ပြီး သူငယ်ချင်းဖြစ်သွားပါတော့တယ်။
အဲ့ဒီနောက်မှာ…သူတို့နှစ်ယောက်ဟာတစ်ခြားသူတွေကိုကြယ်တွေအမှန်တကယ်တည်ရှိကြောင်းပြသပေးဖို့ဖြစ်လာပြီး
စွန့်စားခန်းဖွင့်ဖို့ကြိုးစားတဲ့အခါမှာတော့…….
လူဘီချီရဲ့အဖေပြောပြခဲ့တဲ့ကြယ်တွေဟာ တကယ်ပဲတည်ရှိနေသလား၊ မြို့ထဲမှာရှိတဲ့လူတွေကရော
ကြယ်တွေကိုမြင်တွေ့ခွင့်ရပါ့မလား၊ လူဘီချီတို့နှစ်ယောက်ဟာလည်း ဘယ်လိုတွေများကြိုးစားလုပ်ဆောင်ကြမလဲဆိုတာ
ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်တဲ့အတွက် လတ်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။
##zawgyi
ဒီတစ္ခါမွာေတာ့ “Poupelle Of Chimney Town(2020)”ဆိုတဲ့ Japanese animated filmေလးကို
တင္ဆက္ေပးလိုက္ပါတယ္။ဒီဇာတ္ကားဟာ အျပင္ဘက္ကမာၻႀကီးနဲ႔
အဆက္အသြယ္ျဖတ္ေတာက္ခံထားရတဲ့ၿမိဳ႕ေလးအေၾကာင္းကိုစိတ္ကူးယဥ္ဆန္ဆန္
ထူးျခားဆန္းၾကယ္တဲ့ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔႐ိုက္ကူးထားတာျဖစ္လို႔ တကယ္ကို
စိတ္ဝင္တစားနဲ႔စိတ္လႈပ္ရွားဖြယ္ေကာင္းေအာင္ၾကည့္ရႈၾကရမွာပါ။
ဇာတ္လမ္းထဲမွာေတာ့…….
လူဘီခ်ီဆိုတဲ့ေကာင္ေလးေနထိုင္ရာၿမိဳ႕ဟာ မီးခိုးေခါင္းတိုင္ေတြနဲ႔ျပည့္ႏွက္ေနၿပီး ေလထုထဲမွာလည္း
မီးခိုးေငြ႕ေတြအၿမဲတေစအျပည့္ရွိေနခဲ့တယ္။အဲ့တာေၾကာင့္ပဲ ၿမိဳ႕ထဲကလူေတြအားလုံးဟာ
ေကာင္းကင္ျပာႀကီးကိုျမင္ေတြ႕ခြင့္မရခဲ့ပဲ ၾကယ္ေတြရွိေနတယ္ဆိုတာကိုလည္း မယုံၾကည္ၾကေတာ့ပါဘူး။
မီးခိုးေခါင္းတိုင္သန္႔ရွင္းေရးသမားေလးလူဘီခ်ီဟာေတာ့ သူ႔ရဲ႕အေဖေျပာျပခဲ့ဖူးတဲ့ၾကယ္ေတြကို
ျမင္ေတြခ်င္ေနတဲ့သူတစ္ေယာက္ပါပဲ။အဲ့ဒီလိုနဲ႔ ေဟာလိုးဝင္းညမွာေတာ့…သူဟာ အမႈိက္ေတြနဲ
႔ျပဳလုပ္ထားတဲ့အမႈိက္လူသားတစ္ေယာက္ကိုေတြ႕ခဲ့ၿပီး သူငယ္ခ်င္းျဖစ္သြားပါေတာ့တယ္။
အဲ့ဒီေနာက္မွာ…သူတို႔ႏွစ္ေယာက္ဟာတစ္ျခားသူေတြကိုၾကယ္ေတြအမွန္တကယ္တည္ရွိေၾကာင္းျပသေပးဖို႔ျဖစ္လာၿပီး
စြန္႔စားခန္းဖြင့္ဖို႔ႀကိဳးစားတဲ့အခါမွာေတာ့…….
လူဘီခ်ီရဲ႕အေဖေျပာျပခဲ့တဲ့ၾကယ္ေတြဟာ တကယ္ပဲတည္ရွိေနသလား၊ ၿမိဳ႕ထဲမွာရွိတဲ့လူေတြကေရာ
ၾကယ္ေတြကိုျမင္ေတြ႕ခြင့္ရပါ့မလား၊ လူဘီခ်ီတို႔ႏွစ္ေယာက္ဟာလည္း ဘယ္လိုေတြမ်ားႀကိဳးစားလုပ္ေဆာင္ၾကမလဲဆိုတာ
ဇာတ္ကားေလးထဲမွာ စိတ္ဝင္စားဖြယ္ေတြ႕ရွိရမွာျဖစ္တဲ့အတြက္ လတ္မလႊတ္တမ္းၾကည့္ရႈလိုက္ၾကပါဦးေနာ္။
Review – KKK
File Size – 1GB,2GB
Format…mp4
Quality : 720p Blu-ray,1080p Blu-ray
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
====================================================================
App ေဒါင္းရန္
မန်ဘာဝင်လိုသူများ
viber – 0969117714
Upload on Youtube
Upload on Youtube
Upload on Youtube
Upload on Youtube
Leave a Reply