မန်ဒါလေ ဆိုတာ အရမ်းကြီးကျယ်ခမ်းနားပြီးတော့ လူတိုင်း အံံ့သြရလောက်အောင် ခမ်းနားပြီး ပို့စ်ကတ်တွေထဲမှာပါ
သူ့ရဲ့အလှကို ရိုက်ပြီး ရောင်းချရတဲ့ ပင်လယ်အော်ကြီး ဘေးက စံအိမ်ကြီးတအိမ်ပေါ့
အိမ်ကြီးရဲ့ အမွေဆက်ခံသူ မစ္စတာ ဒီဝင်းတားနဲ့ ပြင်သစ်တောင်ပိုင်းမှာ ဖူးစာဆုံခဲ့တဲ့ အညတရ မနူးမနပ် ရှပ်ပြာပြာနဲ့
မိန်းကလေးတယောက်က မလွှဲမရှောင်သာ ဒီအိမ်ကြီးရဲ့ အရှင်သခင်မဖြစ်လာခဲ့တယ်
သူ့ရဲ့ဘဝအစမှာ ခိုကိုးရာမဲ့ခဲ့ပေမယ့် မုဆိုးဖို မစ္စတာ ဒီဝင်းတားရဲ့ မျက်နှာကို တရွာထင်ပြီး မန်ဒါလေကို လိုက်လာခဲ့တာပေါ့
အိမ်ကြီးကိုရောက်လာခဲ့တဲ့အခါမှာတော့ ဒုတိယ မစ္စ ဒီဝင်းတားဖြစ်လာခဲ့သူလေးဟာ လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတဲ့
ရိုးအအ မိန်းကလေးပီပီ ခံစားရသမျှကို မထုတ်ဖော်နိုင်ဘဲ ကျိတ်မှိတ်ခံစားရင်း
ထူးဆန်းတဲ့ အိမ်ကြီးက အိမ်ကြီးရဲ့ အနောက်ဆောင်က အခန်းတခန်း ထူးဆန်းတဲ့ ပထမဇနီးဟောင်းသေဆုံးမှုတွေကို
ဘယ်လို ရှာဖွေတွေ့ရှိမလဲဆိုတာ ရင်ဖိုစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Daphne du Maurier ရဲ့ Rebecca ဝတ္ထုကို ပြဇာတ်တွေ ရုပ်ရှင်တွေ ရိုက်ကြတဲ့အထဲက ၁၉၄၀ မှာ ရိုက်ပြီးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တကားပဲဖြစ်ပါတယ်
Leave a Reply