Alpha Premium

Aangelina Abraham

Vendhu Thanindhathu Kaadu (2022) 8.0
Vendhu Thanindhathu Kaadu (2022)   ##unicode Vendhu Thanindhathu Kaaduဇာတ်ကားမှာတော့ Muthuဟာ ပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ မိသားစုရဲ့အကြွေးတွေကိုဆပ်ဖို့အတွက် ရွာမှာ ဆင်းဆင်းရဲရဲရုန်းကန်နေရသူဖြစ်ပါတယ်။ရွာမှာ ပြသာနာတစ်ခုဖြစ်ခဲ့တာကြောင့် Muthuအမေဟာ Muthuရဲ့ လူသတ်သမားဖြစ်လာနိုင်တဲ့ ဇာတာခွင်ကရှောင်ရှားနိုင်ဖို့အတွက် ဦးလေးဖြစ်သူ Sermathiriရဲ့အိမ်ကိုသွားပြီး Muthuကို Bombayခေါ်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ Muthuတစ်ယောက် ဦးလေးဖြစ်သူနဲ့ လိုက်သွားဖို့ စီစဉ်နေခဲ့ပေမဲ့ မသွားခင်တစ်ညမှာတင် Sermathiriက ကြိုးဆွဲချသတ်သေသွားခဲ့တယ်။ ဦးလေးဖြစ်သူ သေဆုံးသွားပေမဲ့ Muthuဟာ တစ်ယောက်တည်း Bombayကိုသွားပြီး Sermathiriအလုပ်လုပ်တဲ့ပလာတာဆိုင်မှာ အလုပ်သွားလုပ်ခဲ့တယ်။ Muthuတစ်ယောက် ဆိုင်မှာနေသားကျဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ ဒီပလာတာဆိုင်က သာမန်ဆိုင်တစ်ခုမဟုတ်မှန်းသိလာခဲ့ပါတယ်၊ သူတို့ဆိုင်က အလုပ်သမားတွေက နေ့ဘက်မှာဆိုင်မှာအလုပ်လုပ်ပြီး ညဘက်မှာလူသွားသတ်ရတဲ့ Bombayကလူမိုက်ဂိုဏ်းတစ်ခုဖြစ်နေခဲ့တယ်။ Muthuတစ်ယောက် လူမသတ်ချင်တာကြောင့် ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ လူသတ်သမားဖြစ်လာမဲ့ သူ့ရဲ့ကံကြမ္မာကနေ ရုန်းထွက်မနိုင်ခဲ့ပါဘူး။ Muthuတစ်ယောက် ဒီလူမိုက်ဂိုဏ်းမှာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် ဘယ်လိုရုန်းကန်ရမလဲဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Vendhu Thanindhathu Kaaduဇာတ္ကားမွာေတာ့ Muthuဟာ ပညာတတ္တစ္ေယာက္ျဖစ္ေပမဲ့ မိသားစုရဲ႕အေႂကြးေတြကိုဆပ္ဖို႔အတြက္ ႐ြာမွာ ဆင္းဆင္းရဲရဲ႐ုန္းကန္ေနရသူျဖစ္ပါတယ္။႐ြာမွာ ျပသာနာတစ္ခုျဖစ္ခဲ့တာေၾကာင့္ Muthuအေမဟာ Muthuရဲ႕ လူသတ္သမားျဖစ္လာႏိုင္တဲ့ ဇာတာခြင္ကေရွာင္ရွားႏိုင္ဖို႔အတြက္ ဦးေလးျဖစ္သူ Sermathiriရဲ႕အိမ္ကိုသြားၿပီး Muthuကို Bombayေခၚသြားဖို႔ ...
8.0
IMDB: 8.0/10 4,208 votes
movie

Vendhu Thanindhathu Kaadu (2022)

2022

Release year

Genres

Release year