Alpha Premium

Fabrice Eboué

Case départ (2011) 5.8
Case départ (2011) (App member only) ##unicode ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ အလယ်ခေတ်မှာ လူမည်းတွေကိုကျွန်ပြုခဲ့တဲ့ကာလအကြောင်း ဟာသလေးတွေနဲ့ရိုက်ကူးထားတဲ့ အသိပညာပေးဇာတ်လမ်းပါ။ ဂျိုဝီနဲ့ရီဂျစ်တို့က လူမည်းဖခင်ကမွေးထားတဲ့ အဖေတူအမေကွဲညီအစ်ကိုတွေဖြစ်ကြတယ်။ သူတို့ညီအစ်ကိုက မိသားစုကိုယ်စီနဲ့ ပြင်သစ်မှာနေထိုင်ကြပြီး အဖေဖြစ်သူကတော့ အာဖရိကမှာပဲကျန်ခဲ့တယ်။ တစ်နေ့မှာတော့ သူတို့အဖေသေအံ့ဆဲဆဲဖြစ်နေတယ်လို့ ဖုန်းဆက်လာတော့ ညီအစ်ကိုနှစ်ယောက်စလုံး အာဖရိကိုပြန်လာခဲ့ကြတယ်။ သူတို့အဖေကသေခါနီးမှာ သူတို့ညီအစ်ကိုအတွက် မိသားစုအစဉ်အဆက်ထိန်းသိမ်းလာတဲ့ရတနာတစ်ခုကို အမွေပေးသွားခဲ့တယ်။ အဲ့အမွေကတော့ ကျွန်ခေတ်တုန်းက သူတို့ဘိုးဘေးတွေရဲ့ လွတ်ငြိမ်းခွင့်စာတမ်းတစ်ခုဖြစ်ပါတယ်။ သူတို့လည်း ဒီစာရွက်ကြီးဘာမှအသုံးမဝင်ဘူးဆိုပြီး ဖြဲပစ်လိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့ပြန်နိုးလာတဲ့အခါမှာတော့ အလယ်ခေတ်ကိုပြန်ရောက်သွားခဲ့ပါတယ်။ ကျွန်မုဆိုးတွေရောင်းစားတာခံရပြီး စိုက်ခင်းလုပ်ကိုင်တဲ့ ပြင်သစ်သူဌေးကြီးတစ်ယောက်အိမ်ရောက်သွားပါတယ်။ ဂျိုဝီနဲ့ရီဂျစ်တို့ ဒီကျွန်ဘဝကနေလွတ်မြောက်နိုင်ပြီး ဒီဘက်ကိုခေတ်ကိုပြန်လာနိုင်ဖို့ ဘယ်လိုတွေကြိုးစားကြမလဲဆိုတာကို ဟာသနှောရိုက်ကူရင်းး ကျွန်ခေတ်ရဲ့ရက်စက်နှိပ်ကွပ်မှုတွေကိုပါ ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ##zawgyi ဒီတစ္ခါတင္ဆက္ေပးမယ့္ဇာတ္ကားေလးကေတာ့ အလယ္ေခတ္မွာ လူမည္းေတြကိုကြၽန္ျပဳခဲ့တဲ့ကာလအေၾကာင္း ဟာသေလးေတြနဲ႔႐ိုက္ကူးထားတဲ့ အသိပညာေပးဇာတ္လမ္းပါ။ ဂ်ိဳဝီနဲ႔ရီဂ်စ္တို႔က လူမည္းဖခင္ကေမြးထားတဲ့ အေဖတူအေမကြဲညီအစ္ကိုေတြျဖစ္ၾကတယ္။ သူတို႔ညီအစ္ကိုက မိသားစုကိုယ္စီနဲ႔ ျပင္သစ္မွာေနထိုင္ၾကၿပီး အေဖျဖစ္သူကေတာ့ အာဖရိကမွာပဲက်န္ခဲ့တယ္။ တစ္ေန႔မွာေတာ့ သူတို႔အေဖေသအံ့ဆဲဆဲျဖစ္ေနတယ္လို႔ ဖုန္းဆက္လာေတာ့ ညီအစ္ကိုႏွစ္ေယာက္စလုံး အာဖရိကိုျပန္လာခဲ့ၾကတယ္။ သူတို႔အေဖကေသခါနီးမွာ သူတို႔ညီအစ္ကိုအတြက္ မိသားစုအစဥ္အဆက္ထိန္းသိမ္းလာတဲ့ရတနာတစ္ခုကို အေမြေပးသြားခဲ့တယ္။ အဲ့အေမြကေတာ့ ကြၽန္ေခတ္တုန္းက သူတို႔ဘိုးေဘးေတြရဲ႕ လြတ္ၿငိမ္းခြင့္စာတမ္းတစ္ခုျဖစ္ပါတယ္။ သူတို႔လည္း ဒီစာ႐ြက္ႀကီးဘာမွအသုံးမဝင္ဘူးဆိုၿပီး ၿဖဲပစ္လိုက္ၾကပါတယ္။ ဒါေပမဲ့ သူတို႔ျပန္ႏိုးလာတဲ့အခါမွာေတာ့ အလယ္ေခတ္ကိုျပန္ေရာက္သြားခဲ့ပါတယ္။ ကြၽန္မုဆိုးေတြေရာင္းစားတာခံရၿပီး စိုက္ခင္းလုပ္ကိုင္တဲ့ ျပင္သစ္သူေဌးႀကီးတစ္ေယာက္အိမ္ေရာက္သြားပါတယ္။ ဂ်ိဳဝီနဲ႔ရီဂ်စ္တို႔ ဒီကြၽန္ဘဝကေနလြတ္ေျမာက္ႏိုင္ၿပီး ဒီဘက္ကိုေခတ္ကိုျပန္လာႏိုင္ဖို႔ ...
5.8
IMDB: 5.8/10 2,513 votes
movie

Case départ (2011)

2011
App Only

Release year

Genres

Release year