Alpha Premium

Gemma Arterton

The Amazing Maurice (2022) 8.6
The Amazing Maurice (2022) ##unicode ဒီတစ်ခါမှာတော့ moviesချစ် ပရိတ်သတ်ကြီးကို The Amazing Mauriceဆိုတဲ့ ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‌မော်ရိစ်ဆိုတာ အလွန်ပိုက်ဆံမက်ပြီး အတ္တကြီးတဲ့ကြောင်ကြီးပေါ့။မော်ရိစ်က ပိုက်ဆံမက်တဲ့အတွက် ကြွက်တွေကို ခိုင်းစားသတဲ့။ဘယ်လိုခိုင်းစားသလဲဆို မြို့တွေ တစ်မြို့ပြီးတစ်မြို့ကို သွားပြီး ကြွက်တွေကို ဝင်မွှေခိုင်းတယ်။အဲ့တော့ မြို့ကလူတွေကကြွက်တွေကိုကြောက်ပြီး သူ့ကိုအားကိုးလာမယ်။ အဲ့ကျသူကလည်း ပုလွေဆရာကီးကိုခေါ်ပေးမယ်။ကီးက ပုလွေမှုတ်ပြီး ကြွက်တွေကို ခေါ်ထုတ်သွားနိုင်ကြောင်း ပြောပြီးပိုက်ဆံပေးရမယ်လို့ ပြောတာပေါ့။အဲ့လိုနဲ့ ကြွက်တွေရယ် ကီးရယ် မော်ရိစ်ရယ် ပေါင်းပြီး လူတွေကိုလိမ်စားနေတာပေါ့။နောက်ပိုင်းမှာတော့ ကြွက်လေးတွေဟာ လူတွေကို လှည့်စားနေတာမကောင်းဘူးလို့ပြောပြီး လူတွေရော ကြွက်တွေရော တရင်းတနှီးနဲ့ စည်းစည်းလုံးလုံး နေလို့ရမယ့်ကောင်းကင်ဘုံလိုနိုင်ငံကို ရှာချင်တယ်လို့ မော်ရိစ်ကို ပြောခဲ့တယ်။ အဲ့ဒါကို မော်ရိစ်ကလက်ခံပါ့မလား။ဘာတွေ ညာပြီး ခိုင်းအုံးမလဲ။နောက်ဆုံးမှာ သူတို့တွေ နေချင်တဲ့ကောင်းကင်ဘုံလိုနေရာကို ရှာတွေ့သွားမလား၊ မော်ရိစ်ကရော အတ္တတွေကို လျှော့ချသွားမှာလားဆိုတာကို ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။ လူဆိုးလေးတွေကနေ လူလိမ္မာလေးတွေပုံစံပြောင်းလဲသွားတာကို အမြင်တစ်မျိုးနဲ့ ကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ကားလေးပါနော်။ ##zawgyi ဒီတစ်ခါမှာတော့ moviesချစ် ပရိတ်သတ်ကြီးကို The Amazing Mauriceဆိုတဲ့ ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‌မော်ရိစ်ဆိုတာ ...
8.6
IMDB: 8.6/10 25 votes
movie


2022
The King’s Man (2021) 6.9
The King’s Man (2021) ##unicode နာမည်ကြီး King’s manဇာတ်ကားတွေကတော့ တစ်ကမ္ဘာလုံးမှာအားပေးမှုအခိုင်အမာရရှိထားတဲ့ဇာတ်ကားတွေမို့ အားလုံးအကြိုက်တွေ့ပြီးသားပါ အခုလည်း တတိယအကြိမ်မြောက်ထွက်ရှိလာတဲ့ King’s manဇာတ်ကားသစ်ကို အားလုံးကြည့်ရူအားပေးနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာတော့ အော်လန်ဒိုက စစ်ပွဲတွေကိုမုန်းတီးသွားပြီးတော့ သူ့ဇနီး အမ်မလီ သားလေးကွန်ရတ်နဲ့အတူ ကြက်ခြေနီတပ်ဖွဲ့တစ်ဖွဲ့ကို အကူအညီအထောက်အပံ့တွေပေးနေခဲ့ပါတယ် မမျှော်လင့်ဘဲ သူ့ဇနီး အမ်မလီသေနတ်မှန်သေဆုံးသွားခဲ့ပါတယ် အမ်မလီမသေဆုံးခင်မှာ သူ့သားကွန်ရတ်ကို စစ်ပွဲဆိုတာမကြုံတွေ့ရအောင်ကာကွယ်ပေးပါလို့ အော်လန်ဒိုဆီက ကတိတောင်းခဲ့ပါတယ် ဒါကြောင့် အော်လန်ဒိုဟာ သူ့သားကွန်ရတ်ကိုကာကွယ်ခဲ့ပေမယ့် ဂျာမနီ၊ အင်္ဂလိပ်၊ရှရှားစစ်ပွဲဖြစ်လာတော့မယ့်ဆဲဆဲမှာတော့ ကွန်ရတ်ဟာ စစ်ထဲကိုဝင်ချင်ခဲ့ပါတယ် ဒီလိုနဲ့အော်လန်ဒိုနဲ့ကွန်ရတ်ကြားမှာပြဿနာတွေဖြစ်ခဲ့တာပေါ့ နောက်ဆုံး အော်လန်ဒိုဟာ ဒီစစ်ပွဲကြီးဖြစ်လာမယ့်အရေးကကာကွယ်ဖို့ King’s manအဖွဲ့ကိုဖွဲ့စည်းပြီး သူဘယ်လိုလျို့ဝှက်လှုပ်ရှားနေခဲ့ကြောင်း သူ့သားကွန်ရတ်ကို အမှန်အတိုင်းပြောပြပြီးခဲ့တဲ့နောက်မှာတော့ King’s manအဖွဲ့ထဲမှာ သူ့သားကပါဝင်လာပြီး စစ်ဖြစ်လာအောင်ကြံစည်နေတဲ့ဂိုဏ်းကို ဘယ်လိုတားဆီးမလဲ ဒီဇာတ်လမ်းမှာအမိုက်စားမြင်တွေ့ရမှာပဲဖြစ်လို့ အခုပဲခံစားကြည့်ရူအားပေးကြပါဦးနော် ##zawgyi နာမည်ကြီး King’s manဇာတ်ကားတွေကတော့ တစ်ကမ္ဘာလုံးမှာအားပေးမှုအခိုင်အမာရရှိထားတဲ့ဇာတ်ကားတွေမို့ အားလုံးအကြိုက်တွေ့ပြီးသားပါ အခုလည်း တတိယအကြိမ်မြောက်ထွက်ရှိလာတဲ့ King’s manဇာတ်ကားသစ်ကို အားလုံးကြည့်ရူအားပေးနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာတော့ အော်လန်ဒိုက စစ်ပွဲတွေကိုမုန်းတီးသွားပြီးတော့ သူ့ဇနီး အမ်မလီ သားလေးကွန်ရတ်နဲ့အတူ ကြက်ခြေနီတပ်ဖွဲ့တစ်ဖွဲ့ကို အကူအညီအထောက်အပံ့တွေပေးနေခဲ့ပါတယ် မမျှော်လင့်ဘဲ သူ့ဇနီး အမ်မလီသေနတ်မှန်သေဆုံးသွားခဲ့ပါတယ် အမ်မလီမသေဆုံးခင်မှာ သူ့သားကွန်ရတ်ကို စစ်ပွဲဆိုတာမကြုံတွေ့ရအောင်ကာကွယ်ပေးပါလို့ အော်လန်ဒိုဆီက ကတိတောင်းခဲ့ပါတယ် ဒါကြောင့် အော်လန်ဒိုဟာ သူ့သားကွန်ရတ်ကိုကာကွယ်ခဲ့ပေမယ့် ...
6.9
IMDB: 6.9/10 24,054 votes
movie

The King’s Man (2021)

2021

Release year

Genres

Release year