Alpha Premium

Gi-yeong Lee

Marathon 7.8
Marathon မွေးရာပါ ဉာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိူများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း… ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဉာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ် အမေဖြစ်သူက သစ်ပင်ကို သစ်ပင်ပါ ၊ ရေကို ဒါက ရေပါဆိုတာကအစ တစ်ခုချင်းပြောသင်ကြားပေးပေမယ့် ချိုဝမ့်ဘက်က ဘာတုံ့ပြန်မှုမှမရှိ မှတ်နိုင်စွမ်းမရှိခဲ့ပါဘူး အဲ့လိုကောင်လေးကို အမေဖြစ်သူက ငယ်ငယ်လေးကနေစ လူပျိုပေါက်ရောက်တဲ့အထိ မျက်စိအောက်က အပျောက်မခံဘဲ ဒုတိယသား အငယ်ကောင်နဲ့ ခင်ပွန်းကိုပါ ဂရုမစိုက်နိုင်သည်အထိ ပြုစုပျိုးထောင်ခဲ့ပါတယ်… တနေ့ ချိုဝမ်ဟာ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ပြိုင်တော့ တတိယဆုရခဲ့ပြီး ပျော်ရွှင်နေခဲ့လေရဲ့… ချို့တဲ့နေတဲ့ သားဖြစ်သူက ဆုရခဲ့တဲ့အပြင် ပြေးနေရတိုင်း ပျော်ရွှင်နေတတ်တဲ့ သားရဲ့အမူအယာကို အမေဖြစ်သူက သတိထားမိတဲ့အခါ ချို့ဝမ့်ကို မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နည်းပြဆရာကိုပါ ငှါးပြီး စနစ်တကျလေ့ကျင့်စေခဲ့ပါတယ် မှတ်ဉာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ...
7.8
IMDB: 7.8/10 2,026 votes
movie

Marathon

2005
Premium
Soo: Revenge for a Twisted Fate (2007) 6.0
Soo: Revenge for a Twisted Fate (2007) ##unicode Soo revenge for a twisted fate ဆိုတဲ့ကားမှာတော့ မင်းသားကြီး Ji Jin-hee ကနှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာပါ ဟောင်းပေမယ့်ကောင်းနေသေးတဲ့ စုံထောက်အက်ရှင်ဂိုဏ်းစတားကားတစ်ကားပါ တိုက်ခိုက်ခန်း သတ်ဖြတ်ခန်းတွေဟာလဲခုခေတ်နဲ့လန်းနေတုန်းပါပဲ ဇာတ်လမ်းအကျဉ်း ညီအကို နှစ်ယောက်ကြား ခလောက်ဆန်ပြီး လှည့်ဖြားခဲ့တဲ့ ကံကြမ္မာအကြောင်းရိုက်ပြထားတာပဲ ဖြစ်ပါတယ် ထဲဆိုးနဲ့ထဲဂျင် အမြွှာညီအကိုနှစ်ဦးဟာ မိဘမဲ့ဂေဟာမှာထဲက ကွဲကွာခဲ့ပြီး အရွယ်ရောက်လာတဲ့ အချိန်မှာတော့ ထဲဆိုး(အကို)ဖြစ်သူဟာ ကြေးစားလူသတ်သမားဖြစ်လာခဲ့ပြီး ထဲဂျင် ညီဖြစ်သူကတော့ ရဲအရာရှိဖြစ်လာပါတော့တယ် ထဲဆိုးဟာ လူမိုက်တွေကြားထဲမှာရှင်သန်ရင်း ညီဖြစ်သူထဲဂျင်အကြောင်းကို အမြဲစုံစမ်းခဲ့ပါတယ် သူ့ညီသတင်းရတဲ့ အချိန်မှာတော့ သူဟားကြေးစားလူသတ်သမားဘဝကို အပြီးတိုင်စွ့န်လွှတ်ခဲ့ပြီးသူ့ညီကိုတွေ့ဖို့ ထွက်လာပါတယ် သူတို့နှစ်ယောက်တွေ့ခွင့်ရတဲ့အချိန်မှာ ညီဖြစ်သူက ခေါင်းကို သေနတ် အပစ်ခံရပြီး သေသွားပါတယ် နှစ်တွေအများကြီးကွဲကွာခဲ့ရတဲ့ညီက မျက်စိရှေ့မှာတင် အသတ်ခံလိုက်ရတဲ့အခါမှာတော့ ကြေးစားလူသတ်သမားထဲဆိုး ညီဖြစ်သူရဲ့ ရဲမှတ်ပုံတင်ကိုယူပြီး ရဲအရာရှိ ဘဝ နဲ့ ညီလေးအတွက် ဘယ်လို လက်တုံ့ပြန်မယ်ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါရှင် ##zawgyi Soo revenge for a twisted fate ဆိုတဲ့ကားမှာတော့ မင်းသားကြီး Ji Jin-hee ကနှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာပါ ဟောင်းပေမယ့်ကောင်းနေသေးတဲ့ စုံထောက်အက်ရှင်ဂိုဏ်းစတားကားတစ်ကားပါ တိုက်ခိုက်ခန်း သတ်ဖြတ်ခန်းတွေဟာလဲခုခေတ်နဲ့လန်းနေတုန်းပါပဲ ဇာတ်လမ်းအကျဉ်း ညီအကို နှစ်ယောက်ကြား ခလောက်ဆန်ပြီး ...
6.0
IMDB: 6.0/10 365 votes
movie


2007

Release year

Genres

Release year