Alpha Premium

Herry Tangiri

Junooniyat (2016) 4.1
Junooniyat (2016) #unicode Junooniyatဇာတ်ကားကတော့ အိန္ဒိယအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကံကြမ္မာကို မယုံကြည်ဘဲ လက်တွေ့ဆန်တဲ့ စစ်တပ်ကတ်ပတိန်Jahanရဲ့ဘဝကို တစ်နေ့မှာတော့ မတော်မဆမှုတစ်ခုကြောင့် Suhaniလို့ခေါ်တဲ့ ခေါင်းမာပြီး ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတစ်ယောက်က ဝင်လာခဲ့တယ်။Suhaniတစ်ယောက် Jahanတို့ စစ်တပ်စခန်းကနေ မြို့ကို ပြန်သွားရပေမဲ့လဲ ကံကြမ္မာက သူတို့ကို အကြိမ်ကြိမ်ပြန်ဆုံစည်းခဲ့တာကြောင့် ကံကြမ္မာကို မယုံကြည်တဲ့ ကတ်ပတိန်Jahanနဲ့Suhaniတို့ ချစ်မိသွားခဲ့တယ်။ဒါပေမဲ့Suhaniရဲ့အဖေဟာ သားဖြစ်သူကို စစ်ပွဲထဲမှာဆုံးရှုံးလိုက်ရပြီးကတည်းက သမီးSuhaniကိုတော့ စစ်သားနဲ့ လက်ထပ်မှာကို ပြင်းပြင်းထန်ထန်ကန့်ကွက်နေသူဖြစ်တယ်။ Jahanကို စစ်တပ်ကနေ နှုတ်ထွက်နိုင်ရင်Suhaniနဲ့ လက်ထပ်ခွင့်ပေးမယ်လို့ ပြောခဲ့တာကြောင့် စစ်တပ်ကို ဘဝလို့ယူဆထားတဲ့Jahanဟာ သူ့ကိုချစ်ရင် မိသားစုကိုထားကာ သူ့နောက်လိုက်ခဲ့ဖို့ Suhaniကို ပြောခဲ့တယ်။Suhaniဟာ မိသားစုကိုထားကာ Jahanရဲ့ တပ်စခန်းကို ထွက်လာခဲ့ချိန်မှာတော့ သူ့ကိုကြိုဆိုနေတာက Jahanနဲ့ စစ်ဗိုလ်ကြီးရဲ့သမီးMayamတို့ရဲ့ စေ့စပ်ပွဲသတင်းဖြစ်နေပါတော့တယ်။အချစ်ကို သစ္စာဖောက်ခံလိုက်ရတဲ့ Suhaniကလဲ မိဘသဘောတူတဲ့ သတို့သားလောင်းနဲ့ဘဲ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။Jahanနဲ့Suhaniတို့အချစ်ဇာတ်လမ်းလေး ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Junooniyatဇာတ္ကားကေတာ့ အိႏၵိယအခ်စ္ဇာတ္ကားေကာင္းေလးတစ္ကားျဖစ္ပါတယ္။ ကံၾကမၼာကို မယုံၾကည္ဘဲ လက္ေတြ႕ဆန္တဲ့ စစ္တပ္ကတ္ပတိန္Jahanရဲ႕ဘ၀ကို တစ္ေန႔မွာေတာ့ မေတာ္မဆမႈတစ္ခုေၾကာင့္ Suhaniလို႔ေခၚတဲ့ ေခါင္းမာၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေကာင္မေလးတစ္ေယာက္က ၀င္လာခဲ့တယ္။Suhaniတစ္ေယာက္ Jahanတို႔ စစ္တပ္စခန္းကေန ...
4.1
IMDB: 4.1/10 957 votes
movie

Junooniyat (2016)

2016

Release year

Genres

Release year