Alpha Premium

Josh Eisenberg

Behemoth (2021) 4.5
Behemoth (2021) ##unicode ဇာတ်လမ်းကြည့်ရင်း ဇာတ်လမ်းထဲက ပဟေဠိတွေကိုပါ လိုက်ပြီးစဉ်းစားမိစေမယ့် ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဂျော့ရှ်က ဒီပွိုင်းဆိုတဲ့ဓာတုလုပ်ငန်းတစ်ခုမှာ ၁၀ နှစ်ကြာအလုပ်လုပ်ခဲ့တဲ့သူတစ်ယောက်။ သူ့သမီးလေး အပြင်းအထန်နေမကောင်းဖြစ်တဲ့အခါမှာတော့ သူ့အလုပ်က ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို လျစ်လျူရှုခဲ့လို့ ဒီလိုဖြစ်တာဆိုပြီး ကုမ္ပဏီကို ဆန္ဒပြ၊ တရားစွဲဖို့လုပ်ပါတော့တယ်။ သူ့သူဌေးဟောင်း ဒေါက်တာဝိုးလန်းရှိရာကို သူ့သူငယ်ချင်းအတွဲနဲ့ သွားပြီးဆန္ဒပြရင်း ကတောက်ကဆဖြစ်ရာကနေ အခြေအနေတွေ ရှုပ်ထွေးကုန်ပြီးနောက်တော့ သူတို့ ၃ ယောက်ဟာ ဒေါက်တာဝိုးလန်းကို ဓားစာခံလုပ်ပြီးခေါ်လာခဲ့ရပါတော့တယ်။ ဂျော့ရှ်တစ်ယောက် သူ့သမီးအဆိပ်သင့်နေတာ ဘယ်လိုအဆိပ်မျိုးလဲဆိုတဲ့ အဖြေကို ဒေါက်တာဝိုးလန်းဆီကနေသိရဖို့ ကြိုးစားပါတော့တယ်။ ဂျော့ရှ်တစ်ယောက် သူသိချင်နေတဲ့အဖြေတွေ သိသွားရမှာလား၊ ဘယ်လိုမြှုပ်ကွက်တွေက ဇာတ်လမ်းကိုဆွဲဆောင်သွားဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်ကြပါဦး။ ##zawgyi ဇာတ္လမ္းၾကည့္ရင္း ဇာတ္လမ္းထဲက ပေဟဠိေတြကိုပါ လိုက္ၿပီးစဥ္းစားမိေစမယ့္ ကားေလးတစ္ကား တင္ဆက္ေပးလိုက္ပါတယ္။ ေဂ်ာ့ရွ္က ဒီပြိဳင္းဆိုတဲ့ဓာတုလုပ္ငန္းတစ္ခုမွာ ၁၀ ႏွစ္ၾကာအလုပ္လုပ္ခဲ့တဲ့သူတစ္ေယာက္။ သူ႔သမီးေလး အျပင္းအထန္ေနမေကာင္းျဖစ္တဲ့အခါမွာေတာ့ သူ႔အလုပ္က ပတ္ဝန္းက်င္ညစ္ညမ္းမႈေတြကို လ်စ္လ်ဴရႈခဲ့လို႔ ဒီလိုျဖစ္တာဆိုၿပီး ကုမၸဏီကို ဆႏၵျပ၊ တရားစြဲဖို႔လုပ္ပါေတာ့တယ္။ သူ႔သူေဌးေဟာင္း ေဒါက္တာဝိုးလန္းရွိရာကို သူ႔သူငယ္ခ်င္းအတြဲနဲ႔ သြားၿပီးဆႏၵျပရင္း ကေတာက္ကဆျဖစ္ရာကေန အေျခအေနေတြ ရႈပ္ေထြးကုန္ၿပီးေနာက္ေတာ့ သူတို႔ ၃ ေယာက္ဟာ ေဒါက္တာဝိုးလန္းကို ...
4.5
IMDB: 4.5/10 N/A votes
movie

Behemoth (2021)

2020

Release year

Genres

Release year