Alpha Premium

Julie Andrews

The King’s Daughter (2022) 8.1
The King’s Daughter (2022) ##unicode ဒီတစ်ခေါက်မှာတော့အမေရိကန်စာရေးဆရာ Vonda N. McIntyre ရဲ့နာမည်ကြီးဝတ္တုဖြစ်တဲ့ "The Moon and The Sea" ဆိုတဲ့ဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့စာအုပ်ကိုပြန်ပြီးတော့ပုံဖော်ရိုက်ကူးထားတဲ့ "The King's Daughter" ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် မင်းသားကြီး Pierce Brosnan နဲ့ Pirates of the Caribbean ကားထဲကမင်းသမီး Kaya Scodelario တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ပြင်သစ်နိုင်ငံရဲ့ဘုရင်ကြီးလူးဝစ် ၁၄ ဟာမသေနိုင်တဲ့ဘဝကို ရရှိဖို့အတွက်ထာဝရရှင်သန်နိုင်တဲ့စွမ်းအားရှိတယ်လို့ယုံကြည်ထားတဲ့ရေသူမတစ်ကောင်ကိုဖမ်းပြီးနေကြတ်တဲ့အချိန်မှာ စတေးဖို့လုပ်ထားပါတယ်ဘုရင်ကြီးဟာဆိုရင်ပွဲကျင်းပတဲ့နေရာမှာနှစ်ပေါင်းများစွာလူမသိအောင်ဖွက်ထားတဲ့ သူ့ရဲ့သမီးမယ်ရီဂျိုးဆက်ဖ်ကိုပွဲထုတ်ချင်တဲ့အတွက်သူစွန့်ပစ်ထားတဲ့ဘုရားကျောင်းကနေသွားပြီးတော့ခေါ်လာခိုင်းခဲ့ပါတယ် မယ်ရီဂျိုးဆက်ဖ်ဟာနန်းတော်ကြီးကိုရောက်ပြီးတစ်ညမှာတော့သူ့ကိုတစ်နေရာကနေခေါ်နေတဲ့အသံလိုမျိုးကြားရပါတယ် ဒီလိုနဲ့ သွားကြည့်တဲ့အခါမှာတော့ရေသူမဖြစ်နေတာကိုသိလိက်ရပါတော့တယ် မယ်ရီဂျိုးဆက်ဖ်တစ်ယောက်ရေသူမနဲ့ တဖြည်းဖြည်းရင်းနှီးလာကြတဲ့အခါကျမှ သူ့အဖေဟာရေသူမကိုသူ့ရဲ့ထာဝရရှင်သန်မှုအတွက်သတ်ဖြတ်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ် မယ်ရီဂျိုးဆက်ဖ်တစ်ယောက် ရေသူမကိုသူ့အဖေလက်ထဲကနေဘယ်လိုကယ်တင်သွားမလဲ ဘုရင်ကြီးလက်ထဲကလွတ်နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ##zawgyi ဒီတစ်ခေါက်မှာတော့အမေရိကန်စာရေးဆရာ Vonda N. McIntyre ရဲ့နာမည်ကြီးဝတ္တုဖြစ်တဲ့ "The Moon and The Sea" ဆိုတဲ့ဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့စာအုပ်ကိုပြန်ပြီးတော့ပုံဖော်ရိုက်ကူးထားတဲ့ "The King's Daughter" ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် မင်းသားကြီး Pierce Brosnan နဲ့ Pirates of the Caribbean ကားထဲကမင်းသမီး Kaya Scodelario တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ပြင်သစ်နိုင်ငံရဲ့ဘုရင်ကြီးလူးဝစ် ၁၄ ဟာမသေနိုင်တဲ့ဘဝကို ရရှိဖို့အတွက်ထာဝရရှင်သန်နိုင်တဲ့စွမ်းအားရှိတယ်လို့ယုံကြည်ထားတဲ့ရေသူမတစ်ကောင်ကိုဖမ်းပြီးနေကြတ်တဲ့အချိန်မှာ စတေးဖို့လုပ်ထားပါတယ်ဘုရင်ကြီးဟာဆိုရင်ပွဲကျင်းပတဲ့နေရာမှာနှစ်ပေါင်းများစွာလူမသိအောင်ဖွက်ထားတဲ့ သူ့ရဲ့သမီးမယ်ရီဂျိုးဆက်ဖ်ကိုပွဲထုတ်ချင်တဲ့အတွက်သူစွန့်ပစ်ထားတဲ့ဘုရားကျောင်းကနေသွားပြီးတော့ခေါ်လာခိုင်းခဲ့ပါတယ် မယ်ရီဂျိုးဆက်ဖ်ဟာနန်းတော်ကြီးကိုရောက်ပြီးတစ်ညမှာတော့သူ့ကိုတစ်နေရာကနေခေါ်နေတဲ့အသံလိုမျိုးကြားရပါတယ် ဒီလိုနဲ့ သွားကြည့်တဲ့အခါမှာတော့ရေသူမဖြစ်နေတာကိုသိလိက်ရပါတော့တယ် မယ်ရီဂျိုးဆက်ဖ်တစ်ယောက်ရေသူမနဲ့ တဖြည်းဖြည်းရင်းနှီးလာကြတဲ့အခါကျမှ သူ့အဖေဟာရေသူမကိုသူ့ရဲ့ထာဝရရှင်သန်မှုအတွက်သတ်ဖြတ်တော့မယ်ဆိုတာကိုသိလိုက်ရပါတယ် မယ်ရီဂျိုးဆက်ဖ်တစ်ယောက် ...
8.1
IMDB: 8.1/10 40 votes
movie


2022

Release year

Genres

Release year