Alpha Premium

Jun Ji-Hyun

Kingdom: Ashin of the North 7.8
Kingdom: Ashin of the North ##unicode Netflix ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Kingdom ရဲ့ Ashin of The North ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဂျိုဆွန်းမြောက်ပိုင်းက ဂျာချန်လူမျိုးစုတွေဟာ အင်အားကြီးလာပြီး ဂျိုဆွန်းအတွက်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာခဲ့တယ်။ တစ်နေ့တော့ ဂျိုဆွန်းပိုင်နက်ထဲကတောင်မှာ ဂျာချန်လူမျိုး ၁၅ ယောက်အသတ်ခံခဲ့ရတယ်။ မကောင်းဆိုးဝါးကြောင့်လိုလို၊ လူကြောင့်လိုလို၊ တောကောင်ကြောင့်လိုလိုနဲ့ ကောလဟာလတွေပျံ့နေခဲ့ပါတယ်။ သူတို့တွေသေတာက ကျားကြောင့်ပါဆိုတဲ့စကားကိုဖြန့်ဖို့ နယ်စပ်ရွာလေးမှာနေတဲ့ မျိုးနွယ်စုတစ်စုရဲ့ အကြီးအကဲကို ဂျိုဆွန်းစစ်သူကြီးကခိုင်းစေခဲ့တယ်။အကြီးအကဲက မသွားခင်မှာ မိသားစုကိုစောင့်ရှောက်ဖို့ သူ့သမီးအကြီးဆုံး အာရှင်ကိုမှာသွားခဲ့တယ်။ အာရှင်လည်း နေမကောင်းဖြစ်နေတဲ့အမေအတွက် လူသေကိုတောင်ရှင်စေနိုင်တယ်ဆိုတဲ့ ဂျင်ဆင်းရိုင်းကိုသွားရှာခဲ့တယ်။ သူပြန်ရောက်လာတဲ့အခါမှာတော့ သူ့မိသားစုရော၊ တစ်ရွာလုံးရောအသတ်ခံထားရတာကိုတွေ့လိုက်ရတယ်။ သူ့မျိုးနွယ်စုအတွက် ကလဲ့စားချေဖို့ဆုံးဖြတ်ပြီး ဂျိုဆွန်းစစ်သူကြီးကိုသွားရှာခဲ့ပါတယ်။ မျိုးနွယ်စုကို ဘယ်သူကဘာကြောင့်သတ်သွားတာလဲ၊ အာရှင်တစ်ယောက် ရှုပ်ထွေးတဲ့နိုင်ငံရေးကြားထဲမှာ ပျောက်ကွယ်သွားတဲ့သူ့မျိုးနွယ်စုအတွက် ကလဲ့စားပြန်ချေပေးနိုင်မှာလားဆိုတာကို ဇာတ်လမ်းလေးထဲမှာခံစားကြည့်ရှုရင်းအဖြေရှာကြည့်ကြပါဦး။ ##zawgyi Netflix ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Kingdom ရဲ႕ Ashin of The North ကိုတင္ဆက္ေပးလိုက္ပါတယ္။ ဂ်ိဳဆြန္းေျမာက္ပိုင္းက ဂ်ာခ်န္လူမ်ိဳးစုေတြဟာ အင္အားႀကီးလာၿပီး ဂ်ိဳဆြန္းအတြက္ၿခိမ္းေျခာက္မႈတစ္ရပ္ျဖစ္လာခဲ့တယ္။ တစ္ေန႔ေတာ့ ဂ်ိဳဆြန္းပိုင္နက္ထဲကေတာင္မွာ ဂ်ာခ်န္လူမ်ိဳး ၁၅ ေယာက္အသတ္ခံခဲ့ရတယ္။ မေကာင္းဆိုးဝါးေၾကာင့္လိုလို၊ လူေၾကာင့္လိုလို၊ ေတာေကာင္ေၾကာင့္လိုလိုနဲ႔ ေကာလဟာလေတြပ်ံ႕ေနခဲ့ပါတယ္။ သူတို႔ေတြေသတာက က်ားေၾကာင့္ပါဆိုတဲ့စကားကိုျဖန႔္ဖို႔ နယ္စပ္႐ြာေလးမွာေနတဲ့ မ်ိဳးႏြယ္စုတစ္စုရဲ႕ အႀကီးအကဲကို ဂ်ိဳဆြန္းစစ္သူႀကီးကခိုင္းေစခဲ့တယ္။အႀကီးအကဲက မသြားခင္မွာ ...
7.8
IMDB: 7.8/10 N/A votes
movie

Kingdom: Ashin of the North

2021

Release year

Genres

Release year