Alpha Premium

Ken Davitian

Borat: Cultural Learnings of America for Make Benefit Glorious Nation of Kazakhstan 7.3
Borat: Cultural Learnings of America for Make Benefit Glorious Nation of Kazakhstan IMDb (7.3) / Rotten Tomatoes (91%) ဘိုရတ်ဆာဒီယက်ဗ်ဟာ ကာဇတ်စတန်နိုင်ငံရဲ့ တီဗွီသတင်းထောက်တစ်ယောက်ဖြစ်ပြီး နိုင်ငံရဲ့နာမည်ကျော် ဂျာနယ်လစ်တစ်ယောက်လဲဖြစ်ပါတယ်။ သူ့ကို အစိုးရက အမေရိကန်ကိုစေလွှတ်ပြီး အမေရိကန် လူ့အဖွဲ့အစည်းနဲ့ ရိုးရာယဉ်ကျေးမှုတွေကို မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးဖို့လေ့လာဖို့ လွှတ်လိုက်တဲ့အချိန်မှာတော့ ဘိုရတ်တစ်ယောက် အမေရိကားကို ယောင်ချာချာရောက်လာပါတော့တယ်။ ဖွံ့ဖြိုးတိုးတက်မှု အရမ်းနိမ့်ပါးပြီး ရှေးရိုးစွဲအယူအဆတွေ ဒင်းကြမ်းနဲ့နေရာကလာတဲ့သူတစ်ယောက်အနေနဲ့ ခေတ်ရှေ့ပြေးတိုးတက်လွန်းလှတဲ့ အမေရိကန်မြို့တော်ကြီးမှာ ဘိုရတ်ဟာ တောသားမြို့ရောက် ကမောက်ကမဖြစ်ရပ်တွေ ဆက်တိုက်ကြုံရပါတော့တယ်။ အဲ့ဒီမှာမှ ဟိုတယ်ခန်းထဲက တီဗွီမှာ လာနေတဲ့ Baywatch အစီအစဉ်ကိုကြည့်မိပြီး ခေါင်းဆောင်မင်းသမီး ပမ်မလာအင်ဒါဆင်ကိုမှ အစွဲလန်းကြီးစွဲလန်းသွားတဲ့နောက် မင်းသမီးကို လိုက်ရှာပြီး သူ့တိုင်းပြည်ကိုပြန်ခေါ်သွားပြီး ဇနီးမယားအဖြစ်သိမ်းပိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဘိုရတ်ဟာ စပြီး သူ့ကိုယ်သူနဲ့ သူ့ပတ်ဝန်းကျင်ကို စမိတ်ဆက်ပေးတဲ့အဖွင့်ကနေ စပြီး တစ်ကားလုံး ပါးစပ်မစေ့အောင်ခွီနေရတဲ့ ဟာသကားစစ်စစ်ပါ။ ပေါတောတောဟာသမျိုးတွေနဲ့ရယ်ရတာမဟုတ်ပဲနဲ့ တကယ့်ကိုသဘာဝကျကျရယ်ရတာမျိုးဖြစ်တဲ့အပြင် rating တွေလဲမြင့် ပရိသတ်ကော ဝေဖန်ရေးဆရာတွေကပါချီးကျူးကြရုံမက ဘတ်ဂျက်နည်းနည်းလေးသုံး ဝင်ငွေအများကြီးပြန်ရထားပြီး ခေါင်းဆောင်မင်းသားကိုပါ ဆုတွေ လျာထားစာရင်းတွေ တန်းစီဝင်ပြီး ဝက်ဝက်ကွဲအောင်မြင်စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ Spoiler alert! ပမ်မလာအန်ဒါဆင်ဟာ ...
7.3
IMDB: 7.3/10 353,502 votes
movie

Borat: Cultural Learnings of America for Make Benefit Glorious Nation of Kazakhstan

2006
Premium
Meet the Spartans (2008) 2.8
Meet the Spartans (2008) #unicode 300 ဆိုတဲ့ ဂန္တဝင်ရောမဇာတ်ကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ သောင်းချီတဲ့ ရန်သူအင်အားကို ရဲမက်အယောက်သုံးရာတည်းနဲ့ ယှဉ်တိုက်ပြီး သတ္တိအရာမှာသမိုင်းတွင်တယ်ဆိုတဲ့ ဇာတ်ကားကြီး.... အဲဒီဇာတ်ကားကြီးမှာ ရောမခေတ်အရိပ်အယောင်တွေကို ကောင်းကောင်းကြီးချပြခဲ့သလို စိတ်တက်ကြွခြင်း ၊ ဝမ်းနည်းခြင်း ၊ ပျော်ရွှင်ခြင်းတွေပါ တပြိုင်တည်းပေးပြီး ကြည့်ရှုသူတွေ မျက်ရည်ပါကျခဲ့ရတဲ့ ဇာတ်ကားကြီးဆိုလည်းမမှားဘူး။ 300 ဇာတ်ကားကြီး ထွက်ပြီး လို့တစ်နှစ်အကြာမှာတော့ Meet The Spartans ဆိုတဲ့ ဒီ parody ဇာတ်ကားပြန်ထွက်လာတယ်။ Parody ဆိုတဲ့အတိုင်း မူရင်းဇာတ်ကားကို ဟာသပြန်ရိုက်ထားတဲ့ကားပေါ့။ တကယ့် လေးနက်တည်ကြည်တဲ့ ဇာတ်ကားကြီးကို ဟာသပြန်ရိုက်လိုက်တဲ့အခါဘယ်လိုဖြစ်သွားလဲဆိုတော့.... အဓိက ကတော့ ပေါ့ပါးသွားတာပါ အရင်မူရင်းကားတုန်းက မျက်ရည်ဘူးသီးလုံးလောက်ကျခဲ့ရပြီး ဒီကားလေးပြန်ကြည့်လိုက်တော့မှ တသောသောတွေကို ဖြစ်ရပါတယ်။ ဒီ parody ကားလေးမှာတော့ 2008 ခုနှစ်ဝန်းကျင် အဲဒီခေတ်အခါက trend ဖြစ်သမျှဟာတွေကို ဇာတ်ကားထဲအကုန် ပြွတ်သိပ် ထည့်ပေးထားတာမြင်ရမှာပါ ဒီဘက်ခေတ်ကနေ ပြန်ကြည့်ရင် သိပ်မရီရဘူးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စစထွက်တုန်းကသာ ကြည့်ရတဲ့သူတွေဆိုရင်တော့ သေးသာကြိုမပေါက်ထားရင် တကယ်ဒုက္ခများမယ့်ကိန်းပါပဲ။ ဇာတ်လမ်းကျောရိုးကတော့ ...
2.8
IMDB: 2.8/10 100,037 votes
movie

Meet the Spartans (2008)

2008

Release year

Genres

Release year