Alpha Premium

Manuel Randhawa

Maurh – Lehndi Rutt De Nayak (2023) 8.6
Maurh – Lehndi Rutt De Nayak (2023) #unicode ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမယ့် အိန္ဒိယဇာတ်ကားကောင်းလေးဖြစ်တဲ့ "Maurh"ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ၁၈၈၅ နဲ့ ၁၈၉၃ ခုနှစ်ပိုင်းလောက်က အိန္ဒိယဆင်းရဲသားလူတန်းစားတွေ၊ လယ်သမားတွေရဲ့ အခက်အခဲတွေ ဖိနှိပ်ခံဘဝနဲ့နေကြရပုံတွေကိုနောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ဒီကားထဲမှာဆိုရင် အိန္ဒိယဆင်းရဲသားပြည်သူတွေဟာ ဗြိတိသျှအင်္ဂလိပ်တွေဖိနှိပ်နှိပ်စက်တာကတစ်ဖက်၊ မြေရှင်တွေ၊ အုပ်ချုပ်သူဘုရင်တွေရဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု၊ အခွန်ကောက်ခံမှုတွေကတစ်ဖုံနဲ့ တော်တော်လေး ဒုက္ခရောက်နေကြတဲ့အချိန်ဖြစ်ပါတယ် ဂျွန်နာမော်ဟာနဲ့ ကီရှနာမော်ဟာဆိုတဲ့ညီအစ်ကိုနှစ်ယောက်ကတော့ ဒီဖိနှိပ်မှုအပေါ်မှာရှုမြင်ပုံချင်းမတူပါဘူး အကြီးဖြစ်တဲ့ကီရှနာက ဖိနှိပ်သူတွေဆိုတာ အကြမ်းနည်းနဲ့ပဲတော်လှန်ဖြေရှင်းလို့ရတယ်လို့တွေးပေမယ့် အငယ်ဖြစ်တဲ့ဂျွန်နာကတော့ အာဏာရှိသူတွေဆိုတာ တော်လှန်လည်းမထူးတာကြောင့် ကိုယ့်အလုပ်ကိုအေးဆေးလုပ်ရင်း ငြိမ်းချမ်းမှုနဲ့ပဲအဖြေရှာမယ်လို့ တွေးတဲ့သူပေါ့ ဒါပေမယ့်လည်း ဒီအာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေက တဖြည်းဖြည်းဆိုးဝါးလာတဲ့အခါ..... ဂျွန်နာတစ်ယောက် သူ့ရပ်တည်ချက်အတိုင်း ဆက်နေနိုင်ဖို့လွယ်ကူပါ့မလား၊ ဂျွန်နာတို့မိသားစုအနေနဲ့ ဘယ်လိုအန္တရာယ်အဖြစ်အပျက်တွေကို ကြုံတွေ့ရဦးမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော် ##zawgyi ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမယ့် အိန္ဒိယဇာတ်ကားကောင်းလေးဖြစ်တဲ့ "Maurh"ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ၁၈၈၅ နဲ့ ၁၈၉၃ ခုနှစ်ပိုင်းလောက်က အိန္ဒိယဆင်းရဲသားလူတန်းစားတွေ၊ လယ်သမားတွေရဲ့ အခက်အခဲတွေ ဖိနှိပ်ခံဘဝနဲ့နေကြရပုံတွေကိုနောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ဒီကားထဲမှာဆိုရင် အိန္ဒိယဆင်းရဲသားပြည်သူတွေဟာ ဗြိတိသျှအင်္ဂလိပ်တွေဖိနှိပ်နှိပ်စက်တာကတစ်ဖက်၊ မြေရှင်တွေ၊ အုပ်ချုပ်သူဘုရင်တွေရဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု၊ အခွန်ကောက်ခံမှုတွေကတစ်ဖုံနဲ့ တော်တော်လေး ဒုက္ခရောက်နေကြတဲ့အချိန်ဖြစ်ပါတယ် ဂျွန်နာမော်ဟာနဲ့ ကီရှနာမော်ဟာဆိုတဲ့ညီအစ်ကိုနှစ်ယောက်ကတော့ ဒီဖိနှိပ်မှုအပေါ်မှာရှုမြင်ပုံချင်းမတူပါဘူး အကြီးဖြစ်တဲ့ကီရှနာက ဖိနှိပ်သူတွေဆိုတာ အကြမ်းနည်းနဲ့ပဲတော်လှန်ဖြေရှင်းလို့ရတယ်လို့တွေးပေမယ့် အငယ်ဖြစ်တဲ့ဂျွန်နာကတော့ အာဏာရှိသူတွေဆိုတာ တော်လှန်လည်းမထူးတာကြောင့် ကိုယ့်အလုပ်ကိုအေးဆေးလုပ်ရင်း ငြိမ်းချမ်းမှုနဲ့ပဲအဖြေရှာမယ်လို့ ...
8.6
IMDB: 8.6/10 1,256 votes
movie


2023

Release year

Genres

Release year