Alpha Premium

Mohan Shankar

Ravi Bopanna (2022) 7.9
Ravi Bopanna (2022) ##unicode Ravi Bopannaဇာတ်ကားမှာတော့ Ravi Bopannaဟာ အငြိမ်းစားယူထားတဲ့ ရဲအရာရှိတစ်ဦးဖြစ်ပေမဲ့ အရည်အချင်းရှိတာကြောင့် ရဲဌာနက အမှုတွေဖြေရှင်းဖို့အတွက် Ravi Bopannaအကူအညီကိုယူနေရတုန်းပဲဖြစ်တယ်။ဒါပေမဲ့Ravi Bopannaကတော့ ဇနီးဖြစ်သူSpoorthyနဲ့ကွာရှင်းပြီးကတည်းက အရက်ပုလင်းတွေနဲ့ဘဲ ဘဝကိုရှင်သန်နေသူဖြစ်တယ်။တစ်နေ့မှာတော့Spoorthyတစ်ယောက် ကားမတော်မဆဖြစ်ကာ ဦးနှောက်သေသွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ဦးနှောက်သေသွားတာကြောင့် Spoorthyရဲ့ကိုယ်အင်္ဂါတွေကို လှူဒါန်းဖို့ဆုံးဖြတ်လိုက်ကြောင်း Spoorthyရဲ့ခင်ပွန်းဖြစ်သူ Bharatက Ravi Bopannaကို အသိပေးခဲ့တယ်။Ravi Bopannaတစ်ယောက်ကတော့ Spoorthyအပေါ်အပြစ်ရှိစိတ် အမြဲခံစားနေရတာကြောင့် Spoorthyကို ကားနဲ့တိုက်ပြေးသွားတဲ့လူကို စုံစမ်းဖို့ဆုံးဖြတ်ခဲ့တယ်။Spoorthyရဲ့ မတော်မဆမှုကို စုံစမ်းနေရင်းနဲ့ Ravi Bopannaတစ်ယောက်ဟာ Spoorthyဟာ မတော်မဆကားတိုက်ခံရတာမဟုတ်ဘဲနဲ့ အသတ်ခံလိုက်ရတာမှန်းကို သိသွားခဲ့ပါတယ်။ Spoorthyသေဆုံးမှု နောက်ကွယ်မှာ ထိပ်လန့်စရာရာဇဝတ်မှုကြီးရှိနေမှန်း Ravi Bopannaတစ်ယောက်သိလိုက်ချိန်မှာ ဒီရာဇဝတ်မှုကြီးကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။Ravi Bopannaတစ်ယောက် Spoorthyကိုသတ်သွားတဲ့ လူသတ်တရားခံတွေကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Ravi Bopannaဇာတ္ကားမွာေတာ့ Ravi Bopannaဟာ အၿငိမ္းစားယူထားတဲ့ ရဲအရာရွိတစ္ဦးျဖစ္ေပမဲ့ အရည္အခ်င္းရွိတာေၾကာင့္ ရဲဌာနက အမႈေတြေျဖရွင္းဖို႔အတြက္ Ravi Bopannaအကူအညီကိုယူေနရတုန္းပဲျဖစ္တယ္။ဒါေပမဲ့Ravi Bopannaကေတာ့ ဇနီးျဖစ္သူSpoorthyနဲ႔ကြာရွင္းၿပီးကတည္းက အရက္ပုလင္းေတြနဲ႔ဘဲ ဘ၀ကိုရွင္သန္ေနသူျဖစ္တယ္။တစ္ေန႔မွာေတာ့Spoorthyတစ္ေယာက္ ကားမေတာ္မဆျဖစ္ကာ ဦးေႏွာက္ေသသြားတယ္ဆိုတဲ့ သတင္းကို ၾကားလိုက္ရပါတယ္။ဦးေႏွာက္ေသသြားတာေၾကာင့္ ...
7.9
IMDB: 7.9/10 130 votes
movie

Ravi Bopanna (2022)

2022

Release year

Genres

Release year