Alpha Premium

Muniswaran

Kadaisi Vivasayi (2022) 8.7
Kadaisi Vivasayi (2022) (free ကြည့်ချင်တဲ့သူတွေလဲ app ကနေကြည့်လို့ရပါတယ်) ##unicode ဒီတစ်ခါတင်ဆက်ပေးထားတာကတော့"Kadaisi Vivasayi(2022)"ဆိုတဲ့အိန္ဒိယဇာတ်ကားလေးပါ။ ဒီဇာတ်ကားဟာ ရွာတစ်ရွာမှာကျန်ရှိနေတဲ့ တစ်ဦးတည်းသောလယ်သမားတစ်ယောက်ဖြစ်တဲ့ အဖိုး"မာယန်ဒီ"ရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်လို့ အေးအေးငြိမ့်ငြိမ့်ခံစားချက်လေးတွေနဲ့အတူ စိတ်ဝင်တစားကြည့်ရှုနိုင်ကြမှာပါ။ အဖိုး"မာယန်ဒီ"နေထိုင်ရာရွာထဲမှာ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်သူရှားပါးသွားပေမဲ့လည်း အဖိုးကတော့ လုပ်ကိုင်နေခဲ့တုန်းပါပဲ။စိုက်ပျိုးရေးရယ်၊ ပိုင်ဆိုင်တဲ့မြေရယ်၊ မွေးမြူထားတဲ့တိရစ္ဆာန်တွေရယ်နဲ ့အတူတူ သူရဲ့ဘဝဟာလုံလောက်နေခဲ့ပါပြီ။ အဲ့တာကြောင့် သူဟာ မြေဝယ်သူတစ်ဦးထံကို သူပိုင်ဆိုင်တဲ့မြေရောင်းဖို့အတွက်လည်း ငြင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ အဖိုးဟာ ရွာထဲမှာကျန်ရှိနေတဲ့တစ်ဦးတည်းသောလယ်သမားဖြစ်တဲ့အလျောက်... ထုံးတမ်းစဉ်လာအတိုင်း နတ်ဘုရားထံမှာဝတ်ပြုဆုတောင်းတဲ့ပွဲကျင်းပဖို့အတွက်လိုအပ်တဲ့ စပါးတွေကိုစိုက်ပျိုးနေရင်း ပြဿနာကြုံရပါတော့တယ်။ အဖိုးဟာ ဒေါင်းသေတွေကိုတွေ့ခဲ့တဲ့အတွက် သူရဲ့မြေမှာပဲမြေမြှုပ်ပေးခဲ့ရာမှ မျက်မြင်သက်သေတစ်ယောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ အဖိုးဟာ ဒေါင်းတွေကို သတ်ပြီးမြေမြှုပ်ခဲ့တယ်လို့စွပ်စွဲခံရပြီး တရားရုံကိုရောက်ရှိလာကာ ခေတ္တထိန်းချုပ်ခံရတဲ့အခါမှာတော့....... အဖိုးစိုက်ပျိုးထားတဲ့လယ်ကို ဘယ်သူတွေကများဂရုစိုက်ပေးပါ့မလဲ၊ အဖိုးကရော ဘယ်လိုများပြန်လွတ်လာမလဲ၊ ရိုးရာဓလေ့ပွဲအတွက်ရော အဆင်ပြေပြေဆောင်ရွက်နိုင်ကြပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုလိုက်ကြပါ။ ##zawgyi ဒီတစ္ခါတင္ဆက္​ေပးထားတာကေတာ့"Kadaisi Vivasayi(2022)"ဆိုတဲ့အိႏၵိယဇာတ္ကားေလးပါ။ ဒီဇာတ္ကားဟာ ႐ြာတစ္႐ြာမွာက်န္ရွိေနတဲ့ တစ္ဦးတည္းေသာလယ္သမားတစ္ေယာက္ျဖစ္တဲ့ အဖိုး"မာယန္ဒီ"ရဲ႕အေၾကာင္းကို႐ိုက္ကူးထားတာျဖစ္လို႔ ေအးေအးၿငိမ့္ၿငိမ့္ခံစားခ်က္ေလးေတြနဲ႔အတူ စိတ္ဝင္တစားၾကည့္ရႈႏိုင္ၾကမွာပါ။ အဖိုး"မာယန္ဒီ"ေနထိုင္ရာ႐ြာထဲမွာ လယ္ယာစိုက္ပ်ိဳးေရးကို လုပ္ကိုင္သူရွားပါးသြားေပမဲ့လည္း အဖိုးကေတာ့ လုပ္ကိုင္ေနခဲ့တုန္းပါပဲ။စိုက္ပ်ိဳးေရးရယ္၊ ပိုင္ဆိုင္တဲ့ေျမရယ္၊ ေမြးျမဴထားတဲ့တိရစာၦန္ေတြရယ္နဲ ႔အတူတူ သူရဲ႕ဘဝဟာလုံေလာက္ေနခဲ့ပါၿပီ။ အဲ့တာေၾကာင့္ သူဟာ ေျမဝယ္သူတစ္ဦးထံကို သူပိုင္ဆိုင္တဲ့ေျမေရာင္းဖို႔အတြက္လည္း ျငင္းဆိုခဲ့ပါတယ္။ဒီလိုနဲ႔ အဖိုးဟာ ႐ြာထဲမွာက်န္ရွိေနတဲ့တစ္ဦးတည္းေသာလယ္သမားျဖစ္တဲ့အေလ်ာက္... ထုံးတမ္းစဥ္လာအတိုင္း နတ္ဘုရားထံမွာဝတ္ျပဳဆုေတာင္းတဲ့ပြဲက်င္းပဖို႔အတြက္လိုအပ္တဲ့ စပါးေတြကိုစိုက္ပ်ိဳးေနရင္း ျပႆနာႀကဳံရပါေတာ့တယ္။ အဖိုးဟာ ေဒါင္းေသေတြကိုေတြ႕ခဲ့တဲ့အတြက္ သူရဲ႕ေျမမွာပဲေျမျမႇဳပ္ေပးခဲ့ရာမွ မ်က္ျမင္သက္ေသတစ္ေယာက္ရွိလာပါေတာ့တယ္။ ဒီလိုနဲ႔ အဖိုးဟာ ...
8.7
IMDB: 8.7/10 960 votes
movie

Kadaisi Vivasayi (2022)

2021

Release year

Genres

Release year