Alpha Premium

Nihal Kodhaty

Butterfly (2022) 6.4
Butterfly (2022) ##unicode ဒီတစ်ခါကိုတော့ movieချစ်ပရိသတ်ကြီးအတွက် Butterflyဆိုတဲ့အိန္ဒိယကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။butterflyဆိုလို့ အနုအရွလေးတွေ မထင်လိုက်နဲ့အုံးနော်။အညွှန်းလေး အရင်ဖတ်ပါအုံး။ ဗိုင်ဂျာရသီဆိုတဲ့ အမျိုးသမီးဟာကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ညီမတစ်ယောက်လည်း ရှိပါတယ်။သူ့ဟာအိမ်ထောင်ကိုကောင်းကောင်းဉီးစီးနိုင်တဲ့ အမျိုးသမီးလည်းဖြစ်တယ်။ရာဇဝတ်မှုတွေလိုက်ပေးတဲ့ထိပ်တန်းရှေ့နေတစ်ဉီးလည်း ဖြစ်ပါတယ်။ခင်ပွန်းနဲ့ကတော့ ကွာရှင်းထားတာပါ။ သူတို့ညီအမကလည်းတစ်ဉီးနဲ့တစ်ဉီးအလွန်ချစ်ကြပါတယ်။တစ်နေ့မှာ ဗိုင်ဂျာရသီက ဒေလီကိုတရားသူကြီးအင်တာဗျူးသွားဖြေခဲ့ပါတယ်။ ဂီသာနဲ့ကလေးတွေကတော့ မိဘဆရာဆွေးနွေးပွဲကိုသွားခဲ့ကြပါတယ်။ဒါပေမဲ့ တိုက်ခန်းထဲက ထွက်လာတဲ့အချိန်မှာပဲကလေးတွေဟာပျောက်သွားခဲ့ပါတယ်။ ညကျရင် အမဖြစ်သူကပြန်လာတော့မှာ ဖြစ်တဲ့အတွက်ဂီသာကလည်း အသည်းအသန်လိုက်ရှာတာပေါ့။ရှာရင်းနဲ့ ကလေးတွေကိုပြန်ပေးဆွဲထားတယ်ဆိုတဲ့ ဖုန်းတစ်ကောလ်ရခဲ့ပါတယ်။အဲ့အခါမှာ ဂီသာဟာ သူတို့တောင်းတဲ့အတိုင်း ငွေတွေအခေါက်ခေါက်ပို့ပေးခဲ့ပေမယ့်ကလေးတွေကိုတော့ ပြန်မရခဲ့ပါဘူး။ အဲ့လိုနဲ့ နောက်ဆုံးမှာ ဗိုင်ဂျာရသီပြန်မလာခင် ဂီသာကကလေးတွေကိုရှာတွေ့သွားမှာလား ။ပြန်ပေးသမားတွေကရောဘယ်သူတွေလဲ။ ဖမ်းမိသွားမှာလား။ကလေးတွေပဲ သေသွားမလားဆိုတာကို စိတ်ခြောက်ခြားစွာကြည့်ရမှာဖြစ်ပါတယ်။တောင်းသမျှငွေရဖို့အရေးဂီသာဘယ်လောက်ကြိုးစားခဲ့ရလဲ ဆိုတာကိုလည်းတွေ့မြင်ရမှာပါ။ကြည်နူးစရာက သိပ်မပါပေမဲ့ ဇာတ်အိမ်ကောင်းကောင်းလေးဖြစ်တဲ့အတွက်ကြည့်ရှုကြပါအုံးနော် ##zawgyi ဒီတစ္ခါကိုေတာ့ movieခ်စ္ပရိသတ္ႀကီးအတြက္ Butterflyဆိုတဲ့အိႏၵိယကားေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။butterflyဆိုလို႔ အႏုအ႐ြေလးေတြ မထင္လိုက္နဲ႔အုံးေနာ္။အၫႊန္းေလး အရင္ဖတ္ပါအုံး။ ဗိုင္ဂ်ာရသီဆိုတဲ့ အမ်ိဳးသမီးဟာကေလးႏွစ္ေယာက္မိခင္ျဖစ္ၿပီး ညီမတစ္ေယာက္လည္း ရွိပါတယ္။သူ႔ဟာအိမ္ေထာင္ကိုေကာင္းေကာင္းဉီးစီးႏိုင္တဲ့ အမ်ိဳးသမီးလည္းျဖစ္တယ္။ရာဇဝတ္မႈေတြလိုက္ေပးတဲ့ထိပ္တန္းေရွ႕ေနတစ္ဉီးလည္း ျဖစ္ပါတယ္။ခင္ပြန္းနဲ႔ကေတာ့ ကြာရွင္းထားတာပါ။ သူတို႔ညီအမကလည္းတစ္ဉီးနဲ႔တစ္ဉီးအလြန္ခ်စ္ၾကပါတယ္။တစ္ေန႔မွာ ဗိုင္ဂ်ာရသီက ေဒလီကိုတရားသူႀကီးအင္တာဗ်ဴးသြားေျဖခဲ့ပါတယ္။ ဂီသာနဲ႔ကေလးေတြကေတာ့ မိဘဆရာေဆြးေႏြးပြဲကိုသြားခဲ့ၾကပါတယ္။ဒါေပမဲ့ တိုက္ခန္းထဲက ထြက္လာတဲ့အခ်ိန္မွာပဲကေလးေတြဟာေပ်ာက္သြားခဲ့ပါတယ္။ ညက်ရင္ အမျဖစ္သူကျပန္လာေတာ့မွာ ျဖစ္တဲ့အတြက္ဂီသာကလည္း အသည္းအသန္လိုက္ရွာတာေပါ့။ရွာရင္းနဲ႔ ကေလးေတြကိုျပန္ေပးဆြဲထားတယ္ဆိုတဲ့ ဖုန္းတစ္ေကာလ္ရခဲ့ပါတယ္။အဲ့အခါမွာ ဂီသာဟာ သူတို႔ေတာင္းတဲ့အတိုင္း ေငြေတြအေခါက္ေခါက္ပို႔ေပးခဲ့ေပမယ့္ကေလးေတြကိုေတာ့ ျပန္မရခဲ့ပါဘူး။ အဲ့လိုနဲ႔ ေနာက္ဆုံးမွာ ဗိုင္ဂ်ာရသီျပန္မလာခင္ ဂီသာကကေလးေတြကိုရွာေတြ႕သြားမွာလား ။ျပန္ေပးသမားေတြကေရာဘယ္သူေတြလဲ။ ဖမ္းမိသြားမွာလား။ကေလးေတြပဲ ေသသြားမလားဆိုတာကို စိတ္ေျခာက္ျခားစြာၾကည့္ရမွာျဖစ္ပါတယ္။ေတာင္းသမွ်ေငြရဖို႔အေရးဂီသာဘယ္ေလာက္ႀကိဳးစားခဲ့ရလဲ ဆိုတာကိုလည္းေတြ႕ျမင္ရမွာပါ။ၾကည္ႏူးစရာက သိပ္မပါေပမဲ့ ...
6.4
IMDB: 6.4/10 212144 votes
movie

Butterfly (2022)

2022

Release year

Genres

Release year