Alpha Premium

Nikkesha Rangwala

Missing: Search vs Revenge (2021) 8.7
Missing: Search vs Revenge (2021) ##unicode ဒီတစ်ခါမှာ "Missing (2021)"ဆိုတဲ့ အိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ပျောက်ဆုံးသွားတဲ့ဇနီးကို ခင်ပွန်းဖြစ်သူမှ ရှာဖွေဖို့ကြိုးစားရာကနေ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ ဂေါ်သမ်နဲ့ရှရူသီတို့စုံတွဲဟာ ရှော့ပင်းမောလ်ကနေ ပြန်လာရာလမ်းမှာ ကားအက်ဆီးဒန့်ဖြစ်ခဲ့တယ်။ ဂေါ်သမ်ဟာ ဆေးရုံမှာ နှစ်ရက်ကြာ သတိလစ်နေရာကနေ ပြန်သတိရလာပြီးနောက် ဇနီးဖြစ်သူရှရူသီပျောက်ဆုံးနေကြောင်း သိလိုက်ရတော့တာပါပဲ။ ဒါကြောင့် ဂေါ်သမ်ဟာ ရှရူသီကို ရှာဖွေဖို့အတွက်ကြိုးစားရာက‌နေ မသင်္ကာဖွယ်ကောင်းတဲ့လူတစ်စုကိုပါတွေ့ရှိလိုက်ရပြီးနောက်....... အဲဒီလူတွေနဲ့ပတ်သက်ပြီး ဂေါ်သမ်ဘာတွေသိရှိလာမလဲ၊ ဂေါ်သမ်အတွက် သဲလွန်စတွေရလာနိုင်ပါ့မလား၊ ရှရူသီပျောက်ဆုံးရတာ အမှန်တကယ် ဘယ်သူ့ကြောင့်များဖြစ်မလဲ၊ ဂေါ်သမ်ဟာ ရှရူသီကို ပြန်လည်တွေ့ရှိသွားပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ##zawgyi ဒီတစ္ခါမွာ "Missing (2021)"ဆိုတဲ့ အိႏၵိယဇာတ္ကားေလးကို တင္ဆက္ေပးလိုက္ပါတယ္။ ေပ်ာက္ဆုံးသြားတဲ့ဇနီးကို ခင္ပြန္းျဖစ္သူမွ ရွာေဖြဖို႔ႀကိဳးစားရာကေန ဘာေတြဆက္ျဖစ္သြားမလဲဆိုတာကို ရင္ခုန္စိတ္လႈပ္ရွားဖြယ္ၾကည့္ရႈရမွာပါ။ ေဂၚသမ္နဲ႔ရွ႐ူသီတို႔စုံတြဲဟာ ေရွာ့ပင္းေမာလ္ကေန ျပန္လာရာလမ္းမွာ ကားအက္ဆီးဒန႔္ျဖစ္ခဲ့တယ္။ ေဂၚသမ္ဟာ ေဆး႐ုံမွာ ႏွစ္ရက္ၾကာ သတိလစ္ေနရာကေန ျပန္သတိရလာၿပီးေနာက္ ဇနီးျဖစ္သူရွ႐ူသီေပ်ာက္ဆုံးေနေၾကာင္း သိလိုက္ရေတာ့တာပါပဲ။ ဒါေၾကာင့္ ေဂၚသမ္ဟာ ရွ႐ူသီကို ရွာေဖြဖို႔အတြက္ႀကိဳးစားရာက‌ေန မသကၤာဖြယ္ေကာင္းတဲ့လူတစ္စုကိုပါေတြ႕ရွိလိုက္ရၿပီးေနာက္....... အဲဒီလူေတြနဲ႔ပတ္သက္ၿပီး ေဂၚသမ္ဘာေတြသိရွိလာမလဲ၊ ေဂၚသမ္အတြက္ သဲလြန္စေတြရလာႏိုင္ပါ့မလား၊ ရွ႐ူသီေပ်ာက္ဆုံးရတာ အမွန္တကယ္ ဘယ္သူ႔ေၾကာင့္မ်ားျဖစ္မလဲ၊ ေဂၚသမ္ဟာ ရွ႐ူသီကို ...
8.7
IMDB: 8.7/10 1,657 votes
movie

Missing: Search vs Revenge (2021)

2021

Release year

Genres

Release year