Alpha Premium

Premi Vishwanath

Custody (2023) 8.3
Custody (2023) ##unicode Custodyဇာတ်ကားကတော့ Raviဟာ ရိုးသားဖြောင့်မတ်တဲ့ ရဲတစ်ယောက်ဖြစ်ပေမဲ့ အထက်လူကြီးရဲ့ အမြင်မကြည်ခြင်းကိုခံနေရသူဖြစ်တယ်။ချစ်သူမိန်းကလေးRavathiကို မိဘတွေက အခြားကောင်လေးနဲ့ လက်ထပ်ဖို့ စီစဉ်နေတာကြောင့် Ravathiကို ခိုးပြေးဖို့ စီစဉ်ထားတဲ့ညမှာပဲ သူတို့ရဲစခန်းကို ထူးဆန်းတဲ့ လူ၂ယောက်ရောက်လာခဲ့တယ်။တစ်ယောက်ကတော့ CBIအရာရှိ ဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့ နာမည်ကြီးလူမိုက်Rajuဖြစ်တယ်။ Rajuက CMရဲ့ တရားမဝင်ကိစ္စတွေကို ဆောင်ရွက်ပေးနေသူဖြစ်တာကြောင့် CBIက သူ့ကိုအလိုရှိနေတာပဲဖြစ်တယ်။ CMဖက်ကလဲ Rajuကိုဖမ်းမိသွားမှာဆိုးတာကြောင့် ရဲဌာနကအထက်လူကြီးတွေကနေတစ်ဆင့် Rajuကိုရှင်းပစ်ဖို့ အမိန့်ပေးခဲ့တယ်။ Raviကတော့ CBIအရာရှိကိုကူညီကာ Rajuကို တရားရုံးအပ်ဖို့အတွက် ကြိုးစားပေးခဲ့တယ်။ ဒါပေမဲ့ရဲဌာနတစ်ခုလုံးရော လူမိုက်အဖွဲ့တွေကပါ သူတို့ကိုလိုက်လံသတ်ဖြတ်နေတာကြောင့် Rajuကို အသက်ရှင်လျက်ခေါ်ထုတ်သွားဖို့က မလွယ်ကူဖြစ်နေခဲ့တယ်။တစ်ဖက်မှာလဲ Ravathiကခိုးရာလိုက်ပြေးဖို့ စောင့်နေပြီး ရဲဌာနတစ်ခုလုံးကလဲ သူတို့ကိုလိုက်လံဖမ်းဆီးနေတာကြောင့် Raviတစ်ယောက် Rajuကို ကာကွယ်ပေးနိုင်ပါ့မလား။Raviနဲ့ အချစ်ခရီးလမ်းရော အဆင်ပြေပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Custodyဇာတ္ကားကေတာ့ Raviဟာ ႐ိုးသားေျဖာင့္မတ္တဲ့ ရဲတစ္ေယာက္ျဖစ္ေပမဲ့ အထက္လူႀကီးရဲ႕ အျမင္မၾကည္ျခင္းကိုခံေနရသူျဖစ္တယ္။ခ်စ္သူမိန္းကေလးRavathiကို မိဘေတြက အျခားေကာင္ေလးနဲ႔ လက္ထပ္ဖို႔ စီစဥ္ေနတာေၾကာင့္ Ravathiကို ခိုးေျပးဖို႔ စီစဥ္ထားတဲ့ညမွာပဲ သူတို႔ရဲစခန္းကို ထူးဆန္းတဲ့ လူ၂ေယာက္ေရာက္လာခဲ့တယ္။တစ္ေယာက္ကေတာ့ CBIအရာရွိ ျဖစ္ၿပီးေတာ့ ေနာက္တစ္ေယာက္ကေတာ့ နာမည္ႀကီးလူမိုက္Rajuျဖစ္တယ္။ Rajuက CMရဲ႕ တရားမ၀င္ကိစၥေတြကို ...
8.3
IMDB: 8.3/10 3,573 votes
movie

Custody (2023)

2023

Release year

Genres

Release year