Alpha Premium

Wanchana Sawasdee

Pantai Norasingha 7.5
Pantai Norasingha (App member only) ##unicode ဒီတစ်ခါမှာ "Pantai Norasingh (2015)" ဆိုတဲ့ထိုင်းကားလေးကို တင်ဆက်ပေးထားပါတယ်။ အယုဒ္ဓယဘုရင်ဆူအာဟာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ငယ်ရွယ်တဲ့မိန်းကလေးတွေကိုသဘောကျမှုတွေနဲ့ ကျော်ကြားတဲ့ဘုရင်တစ်ပါးပါ။ ဆင်းဆိုတဲ့လူငယ်တစ်ယောက်ကတော့ အရှင်ပီချိုင်ဆီမှာ အမှုထမ်းနေတဲ့သူတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ ဘုရင်ဆူအာဟာ လက်ဝှေ့ပွဲတစ်ပွဲဆီကိုသွားချင်တဲ့အတွက် သူရဲ့အစေခံတစ်ယောက်နဲ့အတူတူ သာမန်လူတွေလိုဝတ်စားခဲ့ပြီး ကိုယ့်ကိုယ်ကို ထစ်ဒူအာလို့အမည်ပေးခဲ့တယ်။အဲဒီနောက် လက်ဝှေ့ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာကနေ ဆင်းနဲ့ သိကျွမ်းခဲ့တော့တယ်။ နူအယ်ဆိုတဲ့မိန်းကလေးကို သူတို့နှစ်ယောက်လုံးကကြိုက်နှစ်သက်တဲ့အတွက် ထပ်ပြီးယှဉ်ပြိုင်ပြန်ပါတယ်။ ဒါပေမယ့်လည်း ထစ်ဒူအာကို သတ်ဖြတ်မယ့်လူတစ်စုပေါ်လာတဲ့အခါမှာ ဆင်းက ဝင်ကယ်ပေးပြီးတဲ့နောက် ဆင်းနဲ့ထစ်ဒူအာတို့ဟာ သွေးသောက်ညီအစ်ကိုတွေဖြစ်လာခဲ့တော့တယ်။ အဲဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ရှေ့လျှောက်မပြိုကွဲပဲအဆင်ပြေသွားပါ့မလား၊ ဆင်းနဲ့နူအယ်ရဲ့အချစ်ရေးကရော ဘယ်လိုဖြစ်သွားမလဲ၊ ထစ်ဒူအာကရော ဘုရင်ဆူအာအဖြစ်ကိုပြန်ရောက်သွားပြီးနောက်မှာ ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာမလဲ၊ ဆင်းဟာ ဘုရင်ဆူအာအတွက် ဘယ်လိုတွေများတာဝန်ထမ်းရွက်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စိတ်ဝင်စားဖွယ်တွေရှိရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ ##zawgyi ဒီတစ္ခါမွာ "Pantai Norasingh (2015)" ဆိုတဲ့ထိုင္းကားေလးကို တင္ဆက္ေပးထားပါတယ္။ အယုဒၶယဘုရင္ဆူအာဟာ ရက္စက္ၾကမ္းၾကဳတ္မႈေတြ၊ ငယ္႐ြယ္တဲ့မိန္းကေလးေတြကိုသေဘာက်မႈေတြနဲ႔ ေက်ာ္ၾကားတဲ့ဘုရင္တစ္ပါးပါ။ ဆင္းဆိုတဲ့လူငယ္တစ္ေယာက္ကေတာ့ အရွင္ပီခ်ိဳင္ဆီမွာ အမႈထမ္းေနတဲ့သူတစ္ေယာက္ပါပဲ။ တစ္ေန႔မွာေတာ့ ဘုရင္ဆူအာဟာ လက္ေဝွ႔ပြဲတစ္ပြဲဆီကိုသြားခ်င္တဲ့အတြက္ သူရဲ႕အေစခံတစ္ေယာက္နဲ႔အတူတူ သာမန္လူေတြလိုဝတ္စားခဲ့ၿပီး ကိုယ့္ကိုယ္ကို ထစ္ဒူအာလို႔အမည္ေပးခဲ့တယ္။အဲဒီေနာက္ လက္ေဝွ႔ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ရာကေန ဆင္းနဲ႔ သိကြၽမ္းခဲ့ေတာ့တယ္။ ႏူအယ္ဆိုတဲ့မိန္းကေလးကို သူတို႔ႏွစ္ေယာက္လုံးကႀကိဳက္ႏွစ္သက္တဲ့အတြက္ ...
7.5
IMDB: 7.5/10 12 votes
movie

Pantai Norasingha

2015

Release year

Genres

Release year