Alpha Premium

Yao Lu

Destruction of Opium at Humen (2021) 7.2
Destruction of Opium at Humen (2021) (App member only) ##unicode ချင်မင်းဆက်ခေတ် ၁၈၃၉ခုနှစ်မှာအင်္ဂလိပ်လူမျိုးတွေဟာ တရုတ်နိုင်ငံကို ဘိန်းတွေတင်သွင်းပြီး တရုတ်လူမျိုးတမျိုးလုံးကို ဖျက်စီးဖို့ ကြံစည်အားထုတ်ကြတယ်။ တရုတ်တနိုင်ငံလုံးဟာ ဘိန်းစွဲပျက်စီးပီး အောက်ခြေပြည်သူတွေဟာ အလုပ်မလုပ်နိူင် ဘိန်းပဲရှုနေလို့ ဆင်းရဲစုတ်ချာနေတဲ့ အနေအထားဟာ တနေ့ထက်တနေ့ ပိုပိုဆိုးလာနေပါတယ်။ အမတ်ကြီး လင်ကြယ်ရွှီဟာ ကွမ်တုံးကွမ်ကျိုးကို ဆိပ်ကမ်းကနေ ဝင်လာနေတဲ့ ဘိန်းကုန်တွေ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ဘုရင်ကိုယ်တိုင် တာဝန်ပေးခံလိုက်ရသူ ဖြစ်တယ်။ ဖြောင့်မတ်ပြီး ပြည်သူအကျိုးလိုလားတဲ့ အမတ်ကြီးဟာ ဘိန်းနှိမ်နှင်းရေးဆောင်ရွက်ရာမှာ ဘယ်လိုအခက်ခဲတွေ ကြုံတွေ့ရပြီး ဘယ်သူတွေနဲ့ ရင်ဆိုင်ရမလဲ။ ကွမ်တုံးဒေသခံ ဘိန်းနှိမ်နှင်းဖို့ စိတ်ထက်သန်တဲ့ တိုက်ရည်ခိုက်ရည်ရှိတဲ့ ဟွာကျိလျန်ဟာ အမတ်ကြီးနဲ့ ဘယ်လိုပူးပေါင်းမိမလဲ။ သူတို့နှစ်ယောက် ပေါင်းပြီး အင်အားကြီးတဲ့ ဘိန်းကုန်သည်တွေရဲ့ နောက်ခံအင်အားကို ကျော်လွှားနိုင်မှာလား။ ကလေးသရုပ်ဆောင်ဘဝကတည်းက Jet Liနဲ့တွဲပြီး အက်ရှင်ကား သိုင်းကားတွေ ရိုက်လာတဲ့ မင်းသား (xie miao)Tse Miuရဲ့ ငယ်ငယ်ကအတိုင်း ပီပြင်သွက်လက်တဲ့ တိုက်ကွက်တွေနဲ့ ဖြစ်ရပ်မှန်နောက်ခံထားတဲ့ ကားလေးကို ရှူစားကြရမှာပါ။ ##zawgyi ချင်မင်းဆက်​ခေတ် ၁၈၃၉ခုနှစ်မှာအင်္ဂလိပ်လူမျိုး​တွေဟာ တရုတ်နိုင်ငံကို ဘိန်း​တွေတင်သွင်းပြီး ...
7.2
IMDB: 7.2/10 1425 votes
movie


App premium only

Release year

Genres

Release year