Alpha Premium

Débora Nascimento

Lady Voyeur (2023) 7.1
Lady Voyeur (2023) ##unicode ဒီတစ်ခါမှာတော့ brazil movies serieတစ်ခုဖြစ်တဲ့ Lady Voyeurဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Lady Voyeurဆိုတဲ့ခေါင်းစဉ်အတိုင်း သူများလိင်ကိစ္စကိုတိတ်တခိုးကြည့်ရတာ ပျော်မွေ့တဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ မီရန်ဒါဟာ မျိုးရိုးအမွေ စိတ်ကစဉ့်ကလျားရောဂါကိုဆက်ခံထားရသူတစ်ယောက်ဖြစ်ပြီး သူများလိင်ကိစ္စခိုးကြည့်ရတာကို ပျော်မွေ့သူပါ။သူ့အိမ်နီးချင်းတိုက်ခန်းက ကလီအိုဆိုသူ ပြည့်တန်ဆာတစ်ယောက်ရဲ့တိုက်ခန်းက လုံခြုံရေးစနစ်ကို hackပြီး ဖောက်သည်တစ်ယောက်ပြီးတစ်ယောက်နဲ့ အိပ်တာကိုအချိန်တိုင်းခိုးကြည့်နေတဲ့လူပေါ့။တစ်နေ့မှာ ကလီအိုမရှိစဉ် ကလီအို့တိုက်ခန်းကို ရောက်လာတုန်းဖာနာဒိုဆိုတဲ့လူတစ်ယောက်နဲ့ မီရန်ဒါဟာဆုံခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ မီရန်ဒါဟာ ဟီတိုဆိုတဲ့အိမ်ထောင်ရှိအမျိုးသားမီလီယမ်နာတစ်ယောက်ကိုပါသိကျွမ်းခွင့်ရခဲ့ပါတယ်။အဲ့အမျိုးသားနှစ်ယောက်ကို သိကျွမ်းပြီးသည့်နောက်မှာတော့ မီရန်ဒါရဲ့ဘဝဟာစတင်ပြောင်းလဲခဲ့ပါတယ်။ အတိတ်က ဟီတိုနဲ့ဖာနာဒိုရဲ့ သူငယ်ချင်းတစ်ယောက် သေဆုံးမှုကနေစတင်ပြီးတရားခံကိုရှာရင်းကနေ ဘယ်လိုတွေဆက်ဖြစ်သွားမှာလဲ။ ဘယ်သူတွေထပ်ပြီးသေအုံးမှာလဲ။ဘယ်လိုအဖြစ်မှန်တွေ ထပ်ပေါ်ပေါက်လာအုံးမှာလဲဆိုတာကိုတစ်ပိုင်းခြင်းစိတ်ဝင်တစားကြည့်ရမှာပါ။ Threesomeပုံစံမျိုးတွေ ဟိုလူ့ကိုချစ်သလိုလိုဒီလူ့ကိုချစ်သလိုလိုတွေ ပါပေမယ့် ဇာတ်အိမ်ကတော့ အတော်ခိုင်ပါတယ်။ နိုင်ငံခြားကားကလည်းဖြစ်series titleကလည်း Lay Voyeurဆိုတော့ သိတဲ့အတိုင်း Adult scenes တော်တော်များများကို သေချာရိုက်ပြထားတဲ့အတွက် 18+လို့ သတ်မှတ်ရမှာပါ။အဲ့အခန်းတွေ အတော်အများပါပေမဲ့ကချော်ကချွတ်ဇာတ်အသွားတော့ မဟုတ်ပါဘူး။အဲ့အခန်းတွေဖယ်ကြည့်လိုက်ရင်ဇာတ်ညွှန်းကအတော်ကောင်းပါတယ်။အဲ့အပြင်ဇာတ်ကောင်တွေကလည်းချောပြီး သရုပ်ဆောင်ချက်ကလည်းထိပ်တန်းပဲမို့ လက်မလွှတ်သင့်တဲ့ seriesတစ်ခုပါ။ ##zawgyi ဒီတစ္ခါမွာေတာ့ brazil movies serieတစ္ခုျဖစ္တဲ့ Lady Voyeurဆိုတဲ့ဇာတ္ကားေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ Lady Voyeurဆိုတဲ့ေခါင္းစဥ္အတိုင္း သူမ်ားလိင္ကိစၥကိုတိတ္တခိုးၾကည့္ရတာ ေပ်ာ္ေမြ႕တဲ့အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကို ပုံေဖာ္႐ိုက္ကူးထားတာပါ။ မီရန္ဒါဟာ မ်ိဳး႐ိုးအေမြ စိတ္ကစဥ့္ကလ်ားေရာဂါကိုဆက္ခံထားရသူတစ္ေယာက္ျဖစ္ၿပီး သူမ်ားလိင္ကိစၥခိုးၾကည့္ရတာကို ေပ်ာ္ေမြ႕သူပါ။သူ႔အိမ္နီးခ်င္းတိုက္ခန္းက ကလီအိုဆိုသူ ျပည့္တန္ဆာတစ္ေယာက္ရဲ႕တိုက္ခန္းက လုံၿခဳံေရးစနစ္ကို hackၿပီး ေဖာက္သည္တစ္ေယာက္ၿပီးတစ္ေယာက္နဲ႔ အိပ္တာကိုအခ်ိန္တိုင္းခိုးၾကည့္ေနတဲ့လူေပါ့။တစ္ေန႔မွာ ကလီအိုမရွိစဥ္ ကလီအို႔တိုက္ခန္းကို ေရာက္လာတုန္းဖာနာဒိုဆိုတဲ့လူတစ္ေယာက္နဲ႔ မီရန္ဒါဟာဆုံခဲ့ပါတယ္။တစ္ခ်ိန္တည္းမွာပဲ ...
7.1
TMDb: 7.1/10 59 votes
tv

Lady Voyeur (2023)

2023

Release year

Genres

Release year