Alpha Premium

Flávio Tolezani

DOM (2021) 7.5
DOM (2021) ##unicode အားလုံးပဲ ဒီတစ်ခေါက် စီးရီးကောင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ .. မူးယစ်ဆေးဝါးပညာပေးကားလေးဆိုရင်လည်းမမှားပါဘူး.... ဒီကားလေးက ပက်ထရိုဒွန်ဆိုတဲ့ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ထားကူးတာဖြစ်ပါတယ်... .အလယ်တန်းလောက်မှာ ကိုကင်းကို စမ်းသုံးကြည့်မိတဲ့ ဒွန်တစ်ယောက် သူ့ဘဝ အဲ့ဒီနေ့ကနေ စပြီး မူးယစ်ဆေးဝါးနွံထဲ နစ်ခဲ့ရတယ် ..သူ့သူငယ်ချင်းလီကိုနဲ့ မဖြစ်စလောက် အရွယ်လေးကတည်းကကိုကင်းတွေ သုံးလိုက် ဆင်ခြေဖုံးရပ်ကွက်တွေက ပါတီတွေသွားပြီး ပျော်မွေ့နေလိုက်နဲ့ အချိန်ကုန်နေခဲ့တယ်..နောက်တော့ ၁၀နှစ်သာသာလေး ရှိတဲ့ ဒွန်ဟာ ဆေးသုံးဖို့ အိမ်က ပစ္စည်းတွေ ခိုးတတ်လာတယ် ..တဖြည်းဖြည်း မိဘတွေသိသွားပြီး ပက်ထရိုကို ဆေးဖြတ်ဖို့ အစွမ်းကုန်ကြိုးစားကြတော့တယ်..ဒါပေမယ့်လည်း မူးယစ်နွံထဲ နစ်နေတဲ့ လူတစ်ယောက်ကိုဆွဲခေါ်ဖို့မလွဲကူခဲ့ဘူး..အကြိမ်ကြိမ်ကြိုးစားလိုက်..အကြိမ်ကြိမ်ကျရှုံးလိုက်ပဲ..သို့ပေမယ့် သူ့ရဲ့ မိဘတွေဟာ သူ အသက်ကြီးလာတဲ့ထိ ဆေးဖြတ်ဖို့ကို လက်မလျှော့ခဲ့ဘူး..အသက်ကြီးလာတော့ ရိုးရိုးဆေးသုံးတာကနေ အပေါင်းအသင်းတွေနဲ့ ရာဇဝတ်မှူတွေလုပ်တတ်လာတယ်..ဒီကားလေးကတော့ သူ့ရဲ့ မိဘတွေက သူ့ကို အစွမ်းကုန် ဆေးဖြတ်ဖို့ ကြိုးစားကြတဲ့ ကားမျိုးလေးပေါ့ ဟုတ်ကဲ့ အများကြီးပြောနေရင် ဇာတ်လမ်းပေါ့သွားမယ်ဗျာ ... ဒီကားလေးမှာမိဘတစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတရားတွေ...သူငယ်ချင်းတွေကြားက သစ္စာရှိမှုတွေ.. ဘဝမှာကောင်းတဲ့ သူငယ်ချင်းလည်း ရှိသလို ကိုယ့်ကို ဖျက်ဆီးမယ့် သူငယ်ချင်းတွေလည်း ရှိတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားတဲ့ ...
7.5
TMDb: 7.5/10 39 votes
tv

DOM (2021)

2021

Release year

Genres

Release year