Alpha Premium

Mir Sarwar

Avrodh – The Siege Within ##zawgyi ဒီတစ်ခေါက်မှာတော့ မကြာသေးမီကထွက်ရှိထားတဲ့ အိန္ဒိယစီးရီးဇာတ်လမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ... ဒီကားလေးမှာ အကြမ်းဖက်တွေရဲ့တိုက်ခိုက်မှုကို အိန္ဒိယက ပညာသားပါပါ ပြန်လည်တုံ့ပြန်ထားတာတွေကို ရင်သပ်ရှုမောစွာမြင်တွေ့ရမှာပါ... ဇာတ်လမ်းကတော့ ... ကက်ရှ်မီးယားမှာရှိတဲ့ ရွာတစ်ရွာမှာ အိန္ဒိယစစ်သားတွေ က အကြမ်းဖက်သမားတွေ နှိမ်နှင်းနေတာက အစပြုပါတယ်..အဲ့ဒီ နှိမ်နှင်းမှုထဲမှာ ကက်ရှ်မီးယားနယ်သားတွေရဲ့ အချစ်တော်လည်းဖြစ် အကြမ်းအဖက်အဖွဲ့အစည်းဝင်လည်းဖြစ်တဲ့ ဘီလ်လာဝယ်ဟာနှိမ်နှင်းခံလိုက်ရပါတယ်...အဲ့ဒီလို ဘီလ်လာဝယ် အသတ်ခံလိုက်ရတဲ့အတွက်ကြောင့် အကြမ်းဖက် ခေါင်းဆောင် အဗူဟာဗစ်ဇ် ဟာ အိန္ဒိယစစ်တပ်ကို လက်တုံ့ပြန်ပါတော့တယ်..နဂိုကတည်းက ကက်ရှ်မီးယားမြေမှာရှိတဲ့ အိန္ဒိယစစ်တပ်ကို မောင်းထုတ်ဖို့ အတွက် တာဆူနေတဲ့ အဗူဟာဗစ်ဇ်တို့ အကြမ်းဖက်အဖွဲ့ဟာ ယခုဘီလ်လာဝယ်ပါ အသတ်ခံရတယ်ဆိုတော့ ပိုပြီးတိုက်ခိုက်ပါတော့တယ်..ဒီလို နဲ့တစ်ရက်မှာ သူတို့ ဟာ အိန္ဒိယ စစ်တပ်စခန်းအထဲထိ လျှို့ဝှက်စွာဝင်ရောက်ဗုန်းခွဲလိုက်ပါတော့တယ်...အဲ့ဒီဗုန်းပေါက်ကွဲမှုကြောင့် ပြည်သူတွေဟာ အစိုးအရကို အမျိုးမျိုးအပြစ်တင် ဝေဖန်ကြတယ်..သတင်းဌာနတွေကလည်း အစိုးရကဘယ်လိုကြေညာချက်ထုတ်မလဲဆိုတာစောင့်နေကြရတယ်..နောက်ဆုံးမှာတော့ အစိုးရဟာ အကြမ်းဖက်တွေကို သေချာအစီအစဉ်ချပြီး တုံ့ပြန်ပါတော့တယ်...နောက်ပိုင်းမှာ သူတို့ဘယ်လိုနည်းနဲ့ တုံ့ပြန်မလဲ ...အကြမ်းဖက်အဖွဲ့တွေကရော ဘာတွေလုပ်ဆောင်သွားအုန်းမှာလဲ ဆိုတာ တွေးရင်းတွေးရင်း ဆွေးကြပါ? ဒီကားလေးက သေးတောင်ထပေါက်ဖို့ အချိန်ရမှာမဟုတ်ပါဘူး? ##unicode ဒီတစ်ခေါက်မှာတော့ ...

Avrodh – The Siege Within

2020
Special OPS 9
Special OPS
9
TMDb: 9/10 2 votes
tv

Special OPS

2020

Release year

Genres

Release year