Alpha Premium

Sri Ram Ram

Mugilan
Mugilan ##unicode မင်္ဂလာပါ ဒီတစ်ခေါက်ကားလေးကတော့.. အိန္ဒိယစီးရီးလေးတစ်ခုပါ.. မူဂီလန်ဆိုတဲ့ ဒီအိန္ဒိယစီးရီးလေးမှာ.. အဓိက ဇာတ်ကောင်ကလည်း မူဂီလန်ပါပဲ.. ဇာတ်လမ်းခေါင်းစဉ်ရိုးရှင်းသလောက်.. ဇာတ်အိမ်သွေးကြော ခိုင်မာရှုပ်ထွေးပြီး ရသမြောက်တဲ့ ကားလေးပါ... ဒီကားလေးထဲမှာ ပေးချင်တဲ့ messageတွေက သမုဒ္ဒရာရေကြီးသောက်မကုန်တဲ့ အတိုင်းပါပဲ..လူတစ်ယောက်ဟာ သူနေထိုင်နေတဲ့ သက်တမ်းတစ်လျှောက်မှာ ဘဝအခြေအနေအမျိုးမျိုးပြောင်းလဲနိုင်တဲ့ အချက်အပြင် မိန်းမတစ်ယောက်ရဲ့အစွမ်းအစဟာ ယောကျ်ားတစ်ယောက်ကိုအပြင် လောကဖြစ်အင်တွေကိုပါ ဘယ်လောက်တောင်ပြောင်းလဲစေနိုင်လဲဆိုတဲ့ အကြောင်းတရားတွေ ပါဝင်နေပါတယ်.. .ဇာတ်လမ်းလေးမှာ..မူဂီလန်ဆိုတာ ရိုးရိုးကုတ်ကုတ်နေတတ်တဲ့ မိဘမဲ့တစ်ယောက်ပေါ့..သူ့မှာ ဆာရာဗနမ်ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်..အဲ့သူငယ်ချင်းကပဲ သူ့ကို နေဖို့ထိုင်ဖို့ စားဖို့ သောက်ဖို့ ကူညီပေးခဲ့ပြီး သူအလုပ်လုပ်နေတဲ့ အရက်ဖြန့်လုပ်ငန်းက ဂိုဏ်စတား မူဒါလိုင်ရာဆီမှာ စာရင်းစစ်အလုပ်ပါ သွင်းပေးခဲ့ပါတယ်..အဲ့လိုနဲ့ မူဂီလန်တစ်ယောက် မူဒါလိုင်ရာရဲ့ သမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပြီးနောက်မှာ..မူဒါလိုင်ရာရဲ့သမီးက မူဂီလန်ကို သူ့အဖေကသမက်အဖြစ် လက်ခံစေဖို့ သူ့အဖေတို့လို ဂိုဏ်စတားဖြစ်လာအောင်စပြီး ပုံသွင်းတော့တယ်...အဲ့လိုအဲ့လိုနဲ့ မူဂီလန် ဂိုဏ်စတားဖြစ်လာပြီးနောက်ပိုင်းမှာတော့ ရိုးရိုးကုတ်ကုတ်နေတတ်တဲ့ မူဂီလန်တစ်ယောက် ဘယ်သူ့အပေါ်ကို ဘယ်လိုတွေ ကောက်ကျစ်လာမှာလဲ...သူဆိုးမိုက်လာပြီး ဖြစ်လာတဲ့ နောက်ပိုင်း အကျိုးဆက်တွေက အနာဂတ်မှာ ဘယ်လိုတွေ ထိခိုက်လာမှာလဲဆိုတာ ...

Mugilan

2020

Release year

Genres

Release year