Alpha Premium

A+E Studios

The Liberator 8.8
The Liberator ##unicode ဒီကားလေးကတော့ တမူထူးဆန်းတဲ့ စစ် animation ကားလေးဖြစ်ပါတယ် ကမ္ဘာစစ်ဖြစ်နေတုန်း အချိန်မှာတပ်ရင်း၁၅၇က ဥရောပကနေ လွှတ်မြောက်လာဖို့ရက်ပေါင်း၅၀၀တိုက်ပွဲဝင်ခဲ့ရတဲ့အကြောင်းကိုရိုက်ပြထားတဲ့ကားပါ။ Felix Sparksက အမိန့်နာမခံမှုတွေ အရာရှိကိုကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကြောင့် စစ်ထောင်ထဲအသွင်းခံထားရတဲ့ အမေရိကန်၊အိန္ဒိယ၊မက်ဆီကန်စစ်သားတွေပါဝင်တဲ့ တပ်ဖွဲ့တစ်ခုကိုဦးဆောင်ဖို့ဖြစ်လာပါတယ်။ မျှော်လင့်ချက်မရှိဘူးလို့သုံးသပ်ခံထားရတဲ့တပ်ဖွဲ့ကို Felixက စစ်ဆေးမှုတွေအောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။သူဦးဆောင်တဲ့ ဒီတပ်ဖွဲ့အတူ အီတလီမှာတိုက်ခိုက်နေရင်း ဖိလစ်က ဒဏ်ရာရပြီးတော့ မြောက်အာဖရိက ဆေးရုံကိုရွေ့ပြောင်းခံလိုက်ရတယ်။ဒဏ်ရာအခြေအနေကြောင့် တိုက်ပွဲဝင်ဖို့ မသင့်တော်လို့ အိမ်ပြန်ဖို့အမိန့်ကျလာခဲ့ပေမဲ့ Felixကသူ့တပ်သားတွေကို အီတလီမှာမထားနိုင်ခဲ့တဲ့အတွက်ကြောင့် အမိန့်ကိုဖီဆန်ကာ သူ့တပ်သားတွေရှိတဲ့အီတလီကိုပြန်လာခဲ့တယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ လက်အောက်ငယ်တပ်သားတွေကို ကာကွယ်ချင်တဲ့ Felix Sparksရဲ့စစ်သားဘဝကိုရိုက်ပြထားတဲ့ ကားကောင်းတစ်ကားဖြစ်လို့ ကြည့်ရှုကြပါအုံး။ ##zawgyi ဒီကားေလးကေတာ့ တမူထူးဆန္းတဲ့ စစ္ animation ကားေလးျဖစ္ပါတယ္ ကမာၻစစ္ျဖစ္ေနတုန္း အခ်ိန္မွာတပ္ရင္း၁၅၇က ဥေရာပကေန လႊတ္ေျမာက္လာဖို႔ရက္ေပါင္း၅၀၀တိုက္ပြဲဝင္ခဲ့ရတဲ့အေၾကာင္းကို႐ိုက္ျပထားတဲ့ကားပါ။ Felix Sparksက အမိန္႔နာမခံမႈေတြ အရာရွိကိုကိုယ္ထိလက္ေရာက္က်ဴးလြန္မႈေတြ​​​ေၾကာင့္ စစ္ေထာင္ထဲအသြင္းခံထားရတဲ့ အေမရိကန္၊အိႏၵိယ၊မက္ဆီကန္စစ္သားေတြပါဝင္တဲ့ တပ္ဖြဲ႕တစ္ခုကိုဦးေဆာင္ဖို႔ျဖစ္လာပါတယ္။ ေမွ်ာ္လင့္ခ်က္မရွိဘူးလို႔သုံးသပ္ခံထားရတဲ့တပ္ဖြဲ႕ကို Felixက စစ္ေဆးမႈေတြေအာင္ျမင္ေအာင္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။သူဦးေဆာင္တဲ့ ဒီတပ္ဖြဲ႕အတူ အီတလီမွာတိုက္ခိုက္ေနရင္း ဖိလစ္က ဒဏ္ရာရၿပီးေတာ့ ေျမာက္အာဖရိက ေဆး႐ုံကိုေ႐ြ႕ေျပာင္းခံလိုက္ရတယ္။ဒဏ္ရာအေျခအေနေၾကာင့္ တိုက္ပြဲဝင္ဖို႔ မသင့္ေတာ္လို႔ အိမ္ျပန္ဖို႔အမိန္႔က်လာခဲ့ေပမဲ့ Felixကသူ႔တပ္သားေတြကို ...
8.8
TMDb: 8.8/10 12 votes
tv

The Liberator

2020

Release year

Genres

Release year