Alpha Premium

Blown Deadline Productions

Generation Kill 8
Generation Kill Generation Kill ================== (7ပိုင္း)စ/ဆံုး ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေမှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ် နာမည်ရခဲ့တဲ့ အမေရိကန်နိုင်ငံဟာ အဲဒီကာလတွေနောက်ပိုင်းမှာ ကိုးရီးယားကျွန်းဆွယ်၊ အင်ဒိုချိုင်းနားဒေသက ဗီယက်နမ်နဲ့ အရှေ့အလယ်ပိုင်းက အီရတ်၊ အာဖဂန်နစ္စတန်တို့မှာ ဒီမိုကရေစီရဲ့ ကယ်တင်ရှင်ကြီးအဖြစ်နဲ့ ကမ္ဘာ့ဇာတ်ခုံမှာ ပါဝင်ကပြခဲ့ပါတယ်။ ဒီဇာတ်ထုပ်တွေမှာ မင်းသားကြီးအမေရိကန်ဟာ အောင်ဖျာလိပ်လို့ ပြန်ခဲ့ရပြီး ရည်မှန်းချက်တွေ အောင်မြင်သလို ဟန်ဆောင်ခဲ့ပေမယ့် တကယ့်တကယ်တမ်းမှာတော့ ပြန်ဖာထေးလို့မရတဲ့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်တွေရဲ့ ရဲရင့်မှုနဲ့ ကိုယ်ကျိုးစွန့်မှုတွေကို ပုံပြင်တစ်ပုဒ်လို နားထောင်ရင်း ကြီးပြင်းလာခဲ့ရတဲ့ နောက်မျိုးဆက်တွေဟာ အဘိုးတွေ အဖေတွေ ပုခုံးပြောင်းပေးခဲ့တဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ကြဖို့ တပ်မတော်ထဲကို ဝင်ရောက်လာခဲ့ကြတဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အကြောင်းရင်းခိုင်လုံမှုမရှိတဲ့ စစ်ပွဲတွေကို ဆင်နွှဲကြရပါတယ်။ ဒီစစ်ကြီးတွေထဲမှာ တိုက်ပွဲဝင်ခဲ့ကြရတဲ့ မျိုးဆက်သစ်စစ်သည်တွေဟာ သူတို့ရင်ဆိုင်လာရတဲ့ အနေအထား၊ သူတို့တိုက်နေရတဲ့စစ်ဟာ သူတို့အဘိုးတွေ၊ သူတို့အဖေတွေခေတ်တုန်းကလို မဟုတ်တော့တာကို သတိထားမိလာကြပါတယ်။ ...
8
TMDb: 8/10 222 votes
tv

Generation Kill

2008

Release year

Genres

Release year