Alpha Premium

Ane Skumsvoll

The Burning Sea (2022) 6.3
The Burning Sea (2022) (App member only) ##unicode ဒီတစ်ခါ ကြည့်ရှုရမဲ့ဇာတ်ကားကတော့ "The Burning Sea(2021)"လို့ခေါ်တဲ့ဇာတ်ကားလေးပါ။ ဒီကားလေးဟာတော့ အမျိုးသမီးလေးတစ်ယောက် သူရဲ့ချစ်သူကို စွန့်စွန့်စားစားကယ်ဆယ်ခဲ့ပုံ အကြောင်းနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်အကြောင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့..... ပင်လယ်ထဲရှိ ရေနံလုပ်ငန်းလုပ်ကိုင်ရာနေရာမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးဆက်များ ပေါ်ပေါက်လာပါတယ်။ ရေနံတူးစင်တစ်ခုဟာ ပြိုကျပျက်စီးခဲ့ပါတယ်။ဆိုဖီယာဆိုတဲ့အမျိုးသမီးလေးပါဝင်တဲ့ ရှာဖွေရေးအဖွဲ့ဟာ ပြိုကျမှုကြောင့်ပျောက်ဆုံးသွားသူများထဲမှ အသက်ရှင်ကျန်ရစ်သူများကိုရှာဖွေဖို့ကြိုးစားရင်း ပျက်စီးမှုရဲ့ရင်းမြစ်ကိုအကဲဖြတ်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒါဟာ ရုတ်တရက်ကျရောက်လာနိုင်တဲ့ဘေးဆိုးကြီးတစ်ခုရဲ့ အစဖြစ်နေကြောင်း သူတို့ သိရှိလိုက်ရပါတော့တယ်။အဲ့ဒီလိုနဲ့ ရေနံတူးစင်များမှ လူအများကို နေရာပြောင်းရွှေ့ကြဖို့လုပ်ကြပါတော့တယ်။ ထို နေရာမှာ လုပ်ကိုင်နေတဲ့ ဆိုဖီယာရဲ့ချစ်သူ စတီယမ်ဟာလည်း ပြောင်းရွှေ့ဖို့အတွက်ကြိုးစားနေရင်း ပင်လယ်ရေနက်ထဲမှာ ပိတ်မိသွားပါတော့တယ်။အဲ့တာကြောင့်ပဲ ဆိုဖီယာဟာ သူရဲ့ချစ်သူကိုကိုယ်တိုင်သွားရောက်ကယ်ဆယ်ဖို့ဖြစ်လာတဲ့အခါမှာတော့....... ဆိုဖီယာဟာ ဘယ်လိုနည်းနဲ့များ သက်စွန့်စံဖျားသွားရောက်ကယ်ဆယ်မလဲ၊ တစ်ဖက်မှာလဲ သုတေသီတွေဟာ ကျရောက်လာနိုင်တဲ့ဘေးဆိုးကြီးကို ကာကွယ်နိုင်ဖို့ဘယ်လိုကြိုးစားကြမလဲ၊ ဆိုဖီယာကရော စတီယမ်ကိုအောင်အောင်မြင်မြင်ကယ်ဆယ်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါနော်။ ##zawgyi ဒီတစ္ခါ ၾကည့္ရႈရမဲ့ဇာတ္ကားကေတာ့ "The Burning Sea(2021)"လို႔ေခၚတဲ့ဇာတ္ကားေလးပါ။ ဒီကားေလးဟာေတာ့ အမ်ိဳးသမီးေလးတစ္ေယာက္ သူရဲ႕ခ်စ္သူကို စြန္႔စြန္႔စားစားကယ္ဆယ္ခဲ့ပုံ အေၾကာင္းနဲ႔သဘာဝပတ္ဝန္းက်င္ဆိုင္ရာေဘးအႏၲရာယ္အေၾကာင္းကို စိတ္ဝင္စားဖြယ္႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။ ဇာတ္လမ္းထဲမွာေတာ့..... ပင္လယ္ထဲရွိ ေရနံလုပ္ငန္းလုပ္ကိုင္ရာေနရာမွာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာအက်ိဳးဆက္မ်ား ေပၚေပါက္လာပါတယ္။ ေရနံတူးစင္တစ္ခုဟာ ၿပိဳက်ပ်က္စီးခဲ့ပါတယ္။ဆိုဖီယာဆိုတဲ့အမ်ိဳးသမီးေလးပါဝင္တဲ့ ရွာေဖြေရးအဖြဲ႕ဟာ ၿပိဳက်မႈေၾကာင့္ေပ်ာက္ဆုံးသြားသူမ်ားထဲမွ အသက္ရွင္က်န္ရစ္သူမ်ားကိုရွာေဖြဖို႔ႀကိဳးစားရင္း ပ်က္စီးမႈရဲ႕ရင္းျမစ္ကိုအကဲျဖတ္ၾကည့္ခဲ့ပါတယ္။ဒါေပမဲ့ အဲ့ဒါဟာ ​႐ုတ္တရက္က်ေရာက္လာႏိုင္တဲ့ေဘးဆိုးႀကီးတစ္ခုရဲ႕ အစျဖစ္ေနေၾကာင္း သူတို႔ သိရွိလိုက္ရပါေတာ့တယ္။အဲ့ဒီလိုနဲ႔ ေရနံတူးစင္မ်ားမွ လူအမ်ားကို ...
6.3
IMDB: 6.3/10 715 votes
movie

The Burning Sea (2022)

2021

Release year

Genres

Release year