Alpha Premium

Anton Bystryakov

Row 19 (2022) 4.5
Row 19 (2022) ##unicode ဒီဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုဖြစ်ဖို့ကောင်းပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ horror ဇာတ်ကားကောင်းပါ လေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်တွေကြောင့် သည်းထိတ်ရင်ဖိုဖြစ်ရတဲ့အပြင် အဲဒီလိုလေယာဉ်ပျက်ကျတဲ့ နောက်ကွယ်မှာ သဘာဝလွန်ဖြစ်ရပ်တစ်ခုလိုလို ၊ သရဲဝိညာဉ်တစ်ခုခုရဲ့ အငြိုးတွေကြောင့် လေယာဉ်ပျက်ကျတာလားလို့ တွေးစေတဲ့အတွက် စိတ်လှုပ်ရှားဖို့ကောင်းကောင်းနဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းဖြစ်နေလို့ပါပဲ ကတ်တရီးနားဆိုတဲ့ အမျိုးသမီးဟာ သူငယ်ငယ်တုန်းက လေယာဉ်ပျက်ကျတဲ့အက်စီးဒင့်မှာ ပါခဲ့ပါတယ် လေယာဉ်ပေါ်က လူတိုင်းသေခဲ့ပြီး သူတစ်ယောက်တည်း အသက်ရှင်နေခဲ့တာပါ အဲဒီနောက် ကတ်တရီးနား အရွယ်ရောက်လာတဲ့အချိန်မှာတော့ စိတ်ဆရာဝန်တစ်ယောက်ဖြစ်လာပြီး သူ့ရဲ့စိတ်ဒဏ်ရာတွေကိုမေ့ပစ်ဖို့ကြိုးစားခဲ့ပါတယ် တစ်နေ့ သူ့သမီးလေးနဲ့အတူတူ လေယာဉ်ပြန်စီးတဲနေ့ ၊ အဲဒီလေယာဉ်ပေါ်မှာ ကတ်တရီးနားတစ်ယောက် အရင်ကအဖြစ်အပျက်တွေကိုရော ပြန်လည်မြင်ယောင်လာခဲ့ပြီး သူ လိုက်ပါခဲ့တဲ့ လေယာဉ်ကလည်းပျက်ကျတော့မလို ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ် ကတ်တရီးနားဟာ လေယာဉ်ပေါ်မှာ သူတစ်ယောက်တည်းအဘွားအိုကြီးတစ်ယောက်ကို မြင်တွေ့နေရပြီး ဒီတစ်ခေါက်မှာရော သူလိုက်ပါလာတဲ့ လေယာဉ်က ပျက်ကျဦးမှာလား ဘယ်လိုကံဆိုးမှုတွေကသူ့နောက်ကိုလိုက်နေတာလဲ အဲဒီအဘွားအိုကြီးကရောဘာလဲ ကတ်တရီးနားရဲ့စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်မှုတွေလားဆိုတာ ဒီဇာတ်ကားမှာ စောင့်မျှော်ကြည့်ရူပေးကြပါဦးနော် ##zawgyi ဒီဇာတ္ကားကေတာ့ သည္းထိတ္ရင္ဖိုျဖစ္ဖို႔ေကာင္းၿပီး စိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ horror ဇာတ္ကားေကာင္းပါ ေလယာဥ္ပ်က္က်တဲ့ျဖစ္ရပ္ေတြေၾကာင့္ သည္းထိတ္ရင္ဖိုျဖစ္ရတဲ့အျပင္ အဲဒီလိုေလယာဥ္ပ်က္က်တဲ့ ေနာက္ကြယ္မွာ သဘာဝလြန္ျဖစ္ရပ္တစ္ခုလိုလို ၊ သရဲဝိညာဥ္တစ္ခုခုရဲ႕ အၿငိဳးေတြေၾကာင့္ ေလယာဥ္ပ်က္က်တာလားလို႔ ေတြးေစတဲ့အတြက္ စိတ္လႈပ္ရွားဖို႔ေကာင္းေကာင္းနဲ႔ ၾကည့္ရမယ့္ ဇာတ္ကားေကာင္းျဖစ္ေနလို႔ပါပဲ ကတ္တရီးနားဆိုတဲ့ အမ်ိဳးသမီးဟာ သူငယ္ငယ္တုန္းက ေလယာဥ္ပ်က္က်တဲ့အက္စီးဒင့္မွာ ...
4.5
IMDB: 4.5/10 271 votes
movie

Row 19 (2022)

2021

Release year

Genres

Release year