Alpha Premium

Kainakary Thankaraj

Padavettu (2022) 9.0
Padavettu (2022) ##unicode ဒီတစ်ခါတော့ Padavettuဆိုတဲ့ အိန္ဒိယဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင် အိန္ဒိယလယ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်စားနေတဲ့ နိုင်ငံရေးပါတီနဲ့ လယ်သမားအချို့ကြားက ပြဿနာတွေ၊ကွယ်ဝှက်ထားတဲ့ အကြောင်းအရာတွေ အကြောင်းကို မီးမောင်းထိုးရိုက်ပြသွားတဲ့ ကားကောင်းတစ်ကားပါ။ အင်မတန်အသိပညာနည်းတဲ့အိန္ဒိယရွာလေးတစ်ရွာမှာကူယာလီခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီဟာ လယ်သမားလုပ်အားကို အမြတ်ထုတ်ပြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲ့ကလယ်သမားတွေကိုတော့ သူတို့ပါတီဟာလယ်သမားတွေရဲ့ချို့တဲ့တဲ့ဘဝကို မြှင့်တင်ပြီး အဆင်ပြေပြေနေရအောင် လုပ်ဆောင်ပေးနေတယ်လို့အယုံသွင်းထားတာပေါ့။ အဲ့ရွာမှာ လူတွေအရမ်းအထင်သေးတဲ့ နှိမ်ချဆက်ဆံတဲ့ကိုယ့်ဘဝကိုအားငယ်နေတဲ့ ရေဗီဆိုတဲ့ လူတစ်ယောက်လည်း နေပါတယ်။ ‌ရေဗီဟာ ငယ်စဉ်အလွန်တက်ကြွတဲ့ကလေးပါ။အားကစားပြိုင်ပွဲတစ်ခုမှာ အလွဲအမှားဖြစ်ခဲ့ပြီး သူဝါဿနာပါတဲ့ အပြေးအားကစားကို မလုပ်နိုင်တော့အောင် ဒဏ်ရာရသွားခဲ့ပါတယ်။အဲ့အချိန်ကစပြီး သူဟာစိတ်ဓာတ်တွေကျ ဘာမှမလုပ်ပဲ ကိုယ့်ကိုကိုယ်သိမ်ငယ်နေခဲ့ပါတယ်။ သူနဲ့ရော အဲ့ပါတီကဘယ်လိုဆက်စပ်သွားပါ့မလဲ။သူကရော ကူယာလီပါတီက လိမ်ညာနေတာကိုရိပ်မိပါ့မလား။ အဲ့လိုနဲ့နောက်ဆုံးမှာ ဘာတွေဖြစ်သွားမှာလဲ။ကူယာလီခေါင်းဆောင်တဲ့ပါတီကပဲ ရေဗီရောလယ်သမားတွေရောကို အယုံသွင်းပြီး ဆက်လိမ်ညာသွားမှာလား ဆိုတာကိုစိတ်ဝင်တစား ကြည့်ရှုရမှာပါ။ လယ်သမားတွေရဲ့ တကယ့်သနားစရာဘဝကို အသားပေးရိုက်ပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ##zawgyi ဒီတစ္ခါေတာ့ Padavettuဆိုတဲ့ အိႏၵိယဇာတ္ကားေလးတစ္ကားနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီဇာတ္ကားေလးဟာဆိုရင္ အိႏၵိယလယ္သမားေတြအေပၚ ေခါင္းပုံျဖတ္အျမတ္စားေနတဲ့ ႏိုင္ငံေရးပါတီနဲ႔ လယ္သမားအခ်ိဳ႕ၾကားက ျပႆနာေတြ၊ကြယ္ဝွက္ထားတဲ့ အေၾကာင္းအရာေတြ အေၾကာင္းကို မီးေမာင္းထိုး႐ိုက္ျပသြားတဲ့ ကားေကာင္းတစ္ကားပါ။ အင္မတန္အသိပညာနည္းတဲ့အိႏၵိယ႐ြာေလးတစ္႐ြာမွာကူယာလီေခါင္းေဆာင္တဲ့ ႏိုင္ငံေရးပါတီဟာ လယ္သမားလုပ္အားကို အျမတ္ထုတ္ၿပီးေခါင္းပုံျဖတ္ေနခဲ့ပါတယ္။အဲ့ကလယ္သမားေတြကိုေတာ့ သူတို႔ပါတီဟာလယ္သမားေတြရဲ႕ခ်ိဳ႕တဲ့တဲ့ဘဝကို ျမႇင့္တင္ၿပီး အဆင္ေျပေျပေနရေအာင္ လုပ္ေဆာင္ေပးေနတယ္လို႔အယုံသြင္းထားတာေပါ့။ အဲ့႐ြာမွာ လူေတြအရမ္းအထင္ေသးတဲ့ ႏွိမ္ခ်ဆက္ဆံတဲ့ကိုယ့္ဘဝကိုအားငယ္ေနတဲ့ ေရဗီဆိုတဲ့ လူတစ္ေယာက္လည္း ေနပါတယ္။ ‌ေရဗီဟာ ငယ္စဥ္အလြန္တက္ႂကြတဲ့ကေလးပါ။အားကစားၿပိဳင္ပြဲတစ္ခုမွာ အလြဲအမွားျဖစ္ခဲ့ၿပီး ...
9.0
IMDB: 9.0/10 1,853 votes
movie

Padavettu (2022)

2022

Release year

Genres

Release year