Alpha Premium

Miodrag Milovanov

Coriolanus (2011) 6.1
Coriolanus (2011) ##unicode Rating 6.1 ရထားတဲ့ဒီကားမှာ မင်းသားကြီး (Greenland 2020,fallen မင်းသား 300မင်းသား)ရယ်လို့လူသိများတဲ့ Gerard Butler နဲ့ Ralph Fiennes တို့ပါတဲ့ကားကောင်းလေးတစ်ကားပါ ဒီကားလေးကတော့ ရှိတ်စပီးယားရေးဖွဲ့ထားတဲ့ ရောမခေတ်ကစစ်သူကြီးတစ်ယောက်အကြောင်း ပြဇာတ်ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ပါးစပ်ပြောရာဇဝင်တွေအရတော့ ဒီပြဇာတ်ဇာတ်လမ်းဟာ တကယ့်လက်တွေ့ဘဝဇာတ်လမ်းကို အခြေခံရေးဖွဲ့ထားတယ်လို့ ပြောကြပါတယ်။ ဇာတ်လမ်းပုံစံကတော့ မားရှတ်စ်ဟာ ရဲစွမ်းသတ္တိပြည့်ဝပြီး ကြမ်းတမ်းခက်ထန်တဲ့ ဗိုလ်ချုပ်တစ်ယောက်ပါ။ ရောမကိုကျူးကျော်လာတဲ့ ဗော့စကီစ်တွေကို ရွတ်ရွတ်ချွံချွံတိုက်ခိုက်နိုင်ပြီး အောင်ပွဲနဲ့အတူ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။ အဲ့လိုနဲ့သူ့ကိုပြည်သူတွေက ချစ်ကြတော့ မားရှတ်စ်ရဲ့အမေက လွှတ်တော်ထဲမှာ ကောင်စစ်ဝန်နေရာကိုဝင်ပြိုင်ဖို့ပြောပါတယ်။ သူကပထမပိုင်းစိတ်မဝင်စားပေမဲ့ သူ့အမေစကားကိုနာခံရင်း ဝင်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့စစ်ပွဲစွမ်းဆောင်ချက်တွေကြောင့် လူထုထောက်ခံမှုရပြီး သူဟာ ကောင်စစ်ဝန်ရာထူးကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မာန်မာနကြီးတဲ့ပုံစံကို မကြိုက်နှစ်သက်တဲ့ လူထုခေါင်းဆောင်တွေလည်းရှိတဲ့အခါမှာတော့ ပြည်သူတွေကိုသွေးထိုးပြီး သူ့ကိုတိုက်ခိုက်ပါတော့တယ်။ သူဘယ်လိုတိုက်ခိုက်မှုတွေကို ခံရမှာလဲ၊ သူအသက်ပေးကာကွယ်ခဲ့တဲ့ ပြည်သူတွေကရော သူ့ဘက်ကရှိနေပေးမလား၊ တိုင်းပြည်နဲ့ကလဲ့စားချေဖို့မှာ သူဘာကိုရွေးချယ်မလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ##zawgyi Rating 6.1 ရထားတဲ့ဒီကားမှာ မင်းသားကြီး (Greenland 2020,fallen မင်းသား 300မင်းသား)ရယ်လို့လူသိများတဲ့ Gerard Butler နဲ့ Ralph Fiennes တို့ပါတဲ့ကားကောင်းလေးတစ်ကားပါ ဒီကားလေးကတော့ ...
6.1
IMDB: 6.1/10 30,930 votes
movie

Coriolanus (2011)

2011
Premium

Release year

Genres

Release year