##unicode
Rating 6.1 ရထားတဲ့ဒီကားမှာ မင်းသားကြီး (Greenland 2020,fallen မင်းသား 300မင်းသား)ရယ်လို့လူသိများတဲ့ Gerard Butler
နဲ့ Ralph Fiennes တို့ပါတဲ့ကားကောင်းလေးတစ်ကားပါ
ဒီကားလေးကတော့ ရှိတ်စပီးယားရေးဖွဲ့ထားတဲ့ ရောမခေတ်ကစစ်သူကြီးတစ်ယောက်အကြောင်း ပြဇာတ်ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
ပါးစပ်ပြောရာဇဝင်တွေအရတော့ ဒီပြဇာတ်ဇာတ်လမ်းဟာ တကယ့်လက်တွေ့ဘဝဇာတ်လမ်းကို
အခြေခံရေးဖွဲ့ထားတယ်လို့ ပြောကြပါတယ်။
ဇာတ်လမ်းပုံစံကတော့ မားရှတ်စ်ဟာ ရဲစွမ်းသတ္တိပြည့်ဝပြီး ကြမ်းတမ်းခက်ထန်တဲ့
ဗိုလ်ချုပ်တစ်ယောက်ပါ။ ရောမကိုကျူးကျော်လာတဲ့ ဗော့စကီစ်တွေကို ရွတ်ရွတ်ချွံချွံတိုက်ခိုက်နိုင်ပြီး
အောင်ပွဲနဲ့အတူ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။ အဲ့လိုနဲ့သူ့ကိုပြည်သူတွေက ချစ်ကြတော့ မားရှတ်စ်ရဲ့အမေက လွှတ်တော်ထဲမှာ
ကောင်စစ်ဝန်နေရာကိုဝင်ပြိုင်ဖို့ပြောပါတယ်။ သူကပထမပိုင်းစိတ်မဝင်စားပေမဲ့ သူ့အမေစကားကိုနာခံရင်း ဝင်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့စစ်ပွဲစွမ်းဆောင်ချက်တွေကြောင့် လူထုထောက်ခံမှုရပြီး သူဟာ ကောင်စစ်ဝန်ရာထူးကို ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့မာန်မာနကြီးတဲ့ပုံစံကို မကြိုက်နှစ်သက်တဲ့ လူထုခေါင်းဆောင်တွေလည်းရှိတဲ့အခါမှာတော့
ပြည်သူတွေကိုသွေးထိုးပြီး သူ့ကိုတိုက်ခိုက်ပါတော့တယ်။
သူဘယ်လိုတိုက်ခိုက်မှုတွေကို ခံရမှာလဲ၊ သူအသက်ပေးကာကွယ်ခဲ့တဲ့ ပြည်သူတွေကရော
သူ့ဘက်ကရှိနေပေးမလား၊ တိုင်းပြည်နဲ့ကလဲ့စားချေဖို့မှာ သူဘာကိုရွေးချယ်မလဲ ဆိုတာတွေကို
စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
##zawgyi
Rating 6.1 ရထားတဲ့ဒီကားမွာ မင္းသားႀကီး (Greenland 2020,fallen မင္းသား 300မင္းသား)ရယ္လို့လူသိမ်ားတဲ့ Gerard Butler
နဲ႔ Ralph Fiennes တို႕ပါတဲ့ကားေကာင္းေလးတစ္ကားပါ
ဒီကားေလးကေတာ့ ရွိတ္စပီးယားေရးဖြဲ႕ထားတဲ့ ေရာမေခတ္ကစစ္သူႀကီးတစ္ေယာက္အေၾကာင္း ျပဇာတ္ကိုျပန္လည္႐ိုက္ကူးထားတဲ့ဇာတ္ကားေလးျဖစ္ပါတယ္။
ပါးစပ္ေျပာရာဇဝင္ေတြအရေတာ့ ဒီျပဇာတ္ဇာတ္လမ္းဟာ တကယ့္လက္ေတြ႕ဘဝဇာတ္လမ္းကို
အေျခခံေရးဖြဲ႕ထားတယ္လို႔ ေျပာၾကပါတယ္။
ဇာတ္လမ္းပုံစံကေတာ့ မားရွတ္စ္ဟာ ရဲစြမ္းသတၱိျပည့္ဝၿပီး ၾကမ္းတမ္းခက္ထန္တဲ့
ဗိုလ္ခ်ဳပ္တစ္ေယာက္ပါ။ ေရာမကိုက်ဴးေက်ာ္လာတဲ့ ေဗာ့စကီစ္ေတြကို ႐ြတ္႐ြတ္ခြၽံခြၽံတိုက္ခိုက္ႏိုင္ၿပီး
ေအာင္ပြဲနဲ႔အတူ အိမ္ျပန္လာႏိုင္ခဲ့ပါတယ္။ အဲ့လိုနဲ႔သူ႔ကိုျပည္သူေတြက ခ်စ္ၾကေတာ့ မားရွတ္စ္ရဲ႕အေမက လႊတ္ေတာ္ထဲမွာ
ေကာင္စစ္ဝန္ေနရာကိုဝင္ၿပိဳင္ဖို႔ေျပာပါတယ္။ သူကပထမပိုင္းစိတ္မဝင္စားေပမဲ့ သူ႔အေမစကားကိုနာခံရင္း ဝင္ၿပိဳင္ခဲ့ပါတယ္။ သူ႔ရဲ႕စစ္ပြဲစြမ္းေဆာင္ခ်က္ေတြေၾကာင့္ လူထုေထာက္ခံမႈရၿပီး သူဟာ ေကာင္စစ္ဝန္ရာထူးကို ရယူႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ သူ႔ရဲ႕မာန္မာနႀကီးတဲ့ပုံစံကို မႀကိဳက္ႏွစ္သက္တဲ့ လူထုေခါင္းေဆာင္ေတြလည္းရွိတဲ့အခါမွာေတာ့
ျပည္သူေတြကိုေသြးထိုးၿပီး သူ႔ကိုတိုက္ခိုက္ပါေတာ့တယ္။
သူဘယ္လိုတိုက္ခိုက္မႈေတြကို ခံရမွာလဲ၊ သူအသက္ေပးကာကြယ္ခဲ့တဲ့ ျပည္သူေတြကေရာ
သူ႔ဘက္ကရွိေနေပးမလား၊ တိုင္းျပည္နဲ႔ကလဲ့စားေခ်ဖို႔မွာ သူဘာကိုေ႐ြးခ်ယ္မလဲ ဆိုတာေတြကို
စိတ္ဝင္စားဖြယ္ၾကည့္ရႈၾကရမယ့္ဇာတ္ကားေကာင္းေလးတစ္ကားျဖစ္ပါတယ္။
Review – Yue Liang
File Size – 1.4GB,2.4GB
Format…mp4
Quality : 720p Blu-ray,1080p Blu-ray
Genre :Drama, Thriller, War
Subtitle : Myanmar Subtitle (Soft sub)
Translated by Yue Liang
Encoded by Arrow
Upload on Youtube
Leave a Reply